ကံယုံ၍ ဆူးပုံမနင်းရာ
ပုံပန်းသွင်ပြင်
(ကံယုံ မီးပုံမဆင်းရာ မှ ပြန်ညွှန်းထားသည်)
ကံယုံ၍ ဆူးပုံမနင်းရာ ဟူသည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]ဆူးပုံကို နင်းလျှင် ဆူးစူးမည်သာဖြစ်၍ မိမိကံကောင်းလှသည်ဟု ကံကိုယုံပြီး ဆူးပုံကို မနင်းသင့်သကဲ့သို့ ဒုက္ခဖြစ်စေနိုင်သော ကိစ္စမှန်သမျှ ကံကို ယုံပြီး ဇွတ်မပြုလုပ်သင့်ဟု ဆိုလိုသည်။
အခြားအသုံးအနှုန်း
[ပြင်ဆင်ရန်]- ကံယုံ ဆူးချုံမတိုးနှင့်- ဟူ၍လည်း အသုံးရှိသည်။
ဆိုလိုရင်းတူညီသောအခြားစကားပုံ
[ပြင်ဆင်ရန်]- ကံယုံ မီးပုံမဆင်းရာ နှင့် အတူတူ။
နမူနာအသုံး
[ပြင်ဆင်ရန်]- ကမ္မံ သတ္တေ ဝိဘဇ္ဈတိတဲ့။ ကံသာလျှင် အဖ၊ ကံသာလျှင် အမိ။ သို့သော်လည်း ကံကို ယုံ၍ ဆူးပုံ မနင်း ထိုက်ဘူးပေါ့။ [၁၃၂၅] ယဉ်ကျေးမှု၊ ၄၊ ၁။ ၈၄။