ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား

ဝီကီပီးဒီးယား မှ

ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ ကံနည်းသူ စုဆောင်း၊ ကံကောင်းသူ ခံစား ဟုလည်း ရှိသည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

ကုသိုလ်ကံ မရှိသူသည် ဥစ္စာပစ္စည်းများကို ရှာဖွေစုဆောင်းထားပါသော်လည်း မခံစားရဘဲ ရှိတတ်သည်။ ကုသိုလ်ကံရှိသူမှာမူ ထိုသူ ရှာဖွေစုဆောင်းခဲ့သော စည်းစိမ်ဥစ္စာများကို အဆင်သင့် ခံစားရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။