ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား
ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ ကံနည်းသူ စုဆောင်း၊ ကံကောင်းသူ ခံစား ဟုလည်း ရှိသည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား ဆိုသည်မှာ ကုသိုလ်ကံ မရှိသူသည် ပစ္စည်းဥစ္စာကို ကြိုးစားပမ်းစား ရှာဖွေ စုဆောင်း၍ ရနိုင်သော်လည်း ထိုဥစ္စာကို မိမိကိုယ်တိုင် မခံစားနိုင်ဘဲ အခြားသူများက ခံစားသွားရတတ်သည်ဟု ဆိုလိုသည်။ တစ်ဖက်တွင် ကုသိုလ်ကံ ကြီးမားသူမှာမူ မိမိကိုယ်တိုင် အပင်ပန်းခံ ရှာဖွေစုဆောင်းစရာ မလိုဘဲ အခြားသူများ စုဆောင်းထားခဲ့သော စည်းစိမ်ဥစ္စာကို အလွယ်တကူ၊ အဆင်သင့် ခံစားရတတ်သည်။
ဤဆိုရိုးစကားသည် ကံ၏ အရေးပါမှုကို ဖော်ညွှန်းပြီး လူတစ်ဦး၏ စည်းစိမ်ဥစ္စာနှင့် ဘဝအခြေအနေသည် ကံနှင့်လည်း သက်ဆိုင်ကြောင်းကို ထင်ဟပ်စေသည်။ အချို့သူများသည် မည်မျှပင် ကြိုးစားပမ်းစား လုပ်ကိုင်ရှာဖွေပါစေ ချမ်းသာကြွယ်ဝမှု မရရှိနိုင်ဘဲ အခြားသူများမှာမူ အလွယ်တကူ ချမ်းသာကြွယ်ဝသွားသည်ကို တွေ့ရတတ်သည်။ ဤအခြေအနေကို ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား ဟူသော ဆိုရိုးစကားဖြင့် ရှင်းပြလေ့ရှိသည်။
ကံနည်းသူ စုဆောင်း၊ ကံကောင်းသူ ခံစား ဟူ၍လည်း အဆိုရှိရာ အဓိပ္ပာယ်မှာ အတူတူပင် ဖြစ်သည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၂၇၉] ပညာအလင်း၊ ၁၊ ၁။ ၉၂။ ကိုးကား အမှား - Invalid parameter "'panyaalinn1-1-92" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၂၈၉] ခင်လေးတို၊ ၄။ ၁၀၈။ ကိုးကား အမှား - Invalid parameter "'khinlaytoe4-108" in
<ref>tag. The supported parameters are: dir, follow, group, name.