ကံမရှိ ဉာဏ်ရှိတိုင်းမွဲ
ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။ မြန်မာဆိုရိုးစကား တစ်ခုလည်း ဖြစ်သည်။[၁]
ဆိုလိုရင်း[ပြင်ဆင်ရန်]
အဆင်မပြေနေသူအဖို့ ကြံစည်လုပ်ဆောင်တိုင်း မအောင်မမြင် ဆုံးရှုံးမှုနှင့်သာ တွေ့ကြုံရသည်။
အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]
- ကံမရှိ ဉာဏ်ချိတိုင်းမွဲ
နမူနာအသုံး[ပြင်ဆင်ရန်]
- ကံသာဖမိ၊ ကံမရှိက၊ ဉာဏ်ချိတိုင်းမွဲ၊ ကြံတိုင်းလွဲ၏။ [၁၂၆၆] မဃ* ၂၅၁။
- ဉာဏ်နှင့်ဝီရိယ ကောင်းစေကာမူ ကံမပါက ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဟူသကဲ့သို့ ကြံသမျှ အရာမထင်ဖြစ်တတ်ကြောင်းကို လူတိုင်းပင် သတိမူအပ်ပေသည်။ [၁၃၈၁]စာဗိမာန်၊ ၅၊ ၁။ ၄၇။