ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး

ဝီကီပီးဒီးယား မှ

ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကုသိုလ်ကံဇာတာညံ့နေသည့်အခါဖြစ်ပါက သံတိုင်ကို တိုင်ထူ၍ အိမ်ဆောက်စေကာမူ သံတိုင်ကျိုးသည့်အဖြစ် ကြုံရသကဲ့သို့ မူလအခြေခံ ညံ့ဖျင်းလျှင် လုပ်သမျှ အရာမထင် ဖြစ်တတ်သည်ကို ဆိုလိုသည်။

နမူနာအသုံး[ပြင်ဆင်ရန်]

  • အသက်ကို ပန်းတစ်ပွင့် အနှုန်းထား၍ ကြိုးစားဆောင်ရွက်နေကြသည်အတွင်း ကံမခိုင် သံတိုင်အိမ်ဆောက်တော့ ကံမှောက်လျှင်ကျိုးဟူ၍ ရှေးပညာရှိတို့ ဆိုခဲ့သည်နှင့်အညီ... [၁၂၉၁] ကဝိမှန်၊ ၃၊ ၉။ ၅၄။
  • ကံမခိုင်တော့ သံတိုင် အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး ဆိုတာမျိုးလို အဘိုးအိုဇရာဒုဗ္ဗလ အရွယ်မှာ မဟာဒုက်မကအောင် မွဲလို့ ခွက်လက်စွဲကာ တောင်းရမ်းစားသောက်ရတယ်တဲ့။ [၁၂၉၈-ခန့်] အနဂ္ဃ၊ ပ။ ၃၄။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄