ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့

ဝီကီပီးဒီးယား မှ

ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကံကောင်းသော ကျားသည် သွားရင်းလာရင်း မမျှော်လင့်ဘဲ သမင်နှင့် ပက်ပင်းတိုး၍ သမင်သားစားရသကဲ့သို့ ကံကောင်းသူသည် မမျှော်လင့်ဘဲ အခွင့်ကောင်းနှင့် ကြုံတွေ့ရသည်ကို ဆိုလိုသည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ကံကောင်းတဲ့ကျား သားကောင်နှင့် ရင်ဆိုင်တွေ့

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • ကံကောင်းတဲ့ကျား သားကောင်နှင့် ရင်ဆိုင်တွေ့ ဆိုသလို ငါကိုယ်တော်မင်းသား စဉ်းစားတိုင်း ဝမ်းမြောက်တော်မူလှချည်ရဲ့။ [၁၂၉၇] ဒဂုန်၊ ၁၆၊ ၁၈၁။ ၂၁၆။
  • ကံကောင်းတဲ့ကျား လမ်းသွားရင်း သမင်နဲ့တွေ့ဆိုသလို မုဆိုးဖိုညွန့်တင်မှာ ထားရီအနီးမှ မခွာချင်သည်နှင့် အဆင်သင့်ပင်... [၁၂၉၉] ဒဂုန်၊ ၂၀၇။ ၂၁၈။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃