ကော်နျူကိုပီးယား

ဝီကီပီးဒီးယား မှ
Allegorical depiction of the Roman goddess Abundantia with a cornucopia, by Rubens (ca. 1630)

ဦးချိုကြီးတစ်ခုအတွင်း သစ်သီးဝလံအပြည့်နှင့်ပုံဖော်ထားသော ကော်နျူကိုပီးယား (cornucopia) အမှတ်အသားကို လာဘ်ကောင်းစေသော အမှတ်အသားအဖြစ်သုံးစွဲသည်။ ၎င်းသင်္ကေတကို "Horn of Plenty" ဟူ၍လည်းခေါ်သည်။ ကော်နျူကိုပီးယားကို ချမမ်းသာခြင်း၊ ပြည့်စုံခြင်း၊ လိုတရခြင်းတို့အားဖြစ်ပေါ်စေသော အဆောင်အဖြစ်သုံးစွဲ၏။ ဒဏ္ဍာရီတွင် ဇုနတ်မင်းကြီးအား နို့ချိုတိုက်ကျွေးသော အမ်မာလ်သီးရား(Amalthea) ဦးချိုဟူ၍ဆို၏။[၁]

ဇုနတ်မင်းကြီးအား နို့ချိုတိုက်ကျွေးသော အမ်မာလ်သီးရား (Amalthea) ဦးချိုဟူ၍ ဆို၏။ ဇုနတ်မင်းကြီးကို ခရီတန်(Cretan) အမည်ရှိသော လိုဏ်ဂူကြီးအတွင်း လျှို့ဝှက်စွာ မွေးဖွားကြီးပြင်းစေသည်။ နို့ထိန်းအဖြစ် အမ်မာလ်သီးရား ဆိတ်မကြီးကိုထားရှိသည်။ နတ်သုဒ္ဓါအလား အစွမ်းထက်လှသည့် ဆိတ်နို့ရည်ကို သောက်သုံးရသော ဇုနတ်မင်းကြီးသည် လျင်မြန်စွာထွားကြိုင်းကြီးပြင်းလေသာ် ဆိတ်နို့ရည်နှင့်မလောက်ငျ။ အမြဲတစေ ဆာလောင်မွတ်သိပ်၏။ ထိုသောအခါ ဆိတ်မကြီးသည် သူမ၏ ဦးချိုတစ်ချောင်းကို ကျောက်နံရံနှင့်တိုက်ချိုးပြီး ဇုနတ်မင်းကိုပေး၏။ ၎င်းဦးချိုသည် အစားအသောက်များနှင့် ထာဝရပြည့်နေ၏။ ထိုဆိတ်ဦးချိုပုံကို "ကော်နျူကိုပီးယား" အဆောင်အဖြစ် သတ်မှတ်သည်။

သင်္ကေတကို ပိုင်ဆိုင်ဆောင်ယူသူသည် လိုရာဆန္ဒပြည့်စုံမည်ဟူ၍ အဆိုရှိသည်။ လက်တွေ့အကျိုးထူးများလျင်မြန်စွာ ရရှိစေမည်။ လွန်စွာစန်းပွင်းမည်။ ဇုနတ်မင်းကြီးအလား ချစ်သူများမည်။ အလုပ်စီးပွားရှာဖွေသူတို့အတွက် လျင်မြန်စွာစီးပွားတိုးတက်၍ ရရှိသောဓနလက်ဝယ်မြဲမည်။ လိုလားအပ်၊ တောင့်တအပ်သောအရာများ ပြည့်စုံမည်။

In mythology[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. စံ-ဇာဏီဘို ၂၀၁၈ ခုနှစ် ၁၂ရာသီဟောကိန်း ပြိဿရာသီ