ကော်နက်တင်း ရော့ဒ်

ဝီကီပီးဒီးယား မှ
သမာရိုးကျ မော်တော်ကား အင်ဂျင် တစ်ခုမှာ ပစ်စတင်(ထိပ်) နှင့် ကော်နက်တင်း ရော့ဒ်

ရှေ့တိုးနောက်ငင် ရွေ့လျားသော ပစ်စတင် အင်ဂျင် များတွင် ကော်နက်တင်း ရော့ဒ်ဆိုသည်မှာ ပစ်စတင် ကို ကရိုင်းရှပ် ဖြင့် ဆက်သွယ်ပေးသော စက်ပစ္စည်းပင် ဖြစ်သည်။ ကရိုင်းရှပ် နှင့် တွဲဆက်လိုက်သည့် အခါတွင် ၎င်းတို့သည် မျဉ်းဖြောင့်အတိုင်း သွားသော ရွေ့လျားမှုမှ လည်ပတ်သော ရွေ့လျားမှု အဖြစ် ပြောင်းလဲပေးသည့် ရိုးရှင်းသော လုပ်ဆောင်ချက်တစ်ခု ဖြစ်လာစေသည်။

ကော်နက်တင်း ရော့ဒ်များသည် လည်ပတ်သော ရွေ့ရှားမှုကို မျဉ်းဖြောင့် ရွေ့လျားမှု အဖြစ်လည်း ပြောင်းလဲပေးနိုင်သည်။ သမိုင်းကြောင်း အားဖြင့် ဆိုလျှင် ကော်နက်တင်း ရော့ဒ်များကို ထိုသို့သော လုပ်ငန်းဆောင်တာ အတွက် ပထမဆုံး အသုံးပြုခဲ့ကြသည်။

ကော်နက်တင်း ရော့ဒ်သည် ခိုင်မြဲအောင် ပြုလုပ်ထားသော ကိရိယာ ဖြစ်သဖြင့် ၎င်းသည် ကရိုင်းရှပ်အား တစ်ပတ်လည် စေရာတွင် စက်ဝိုင်းခြမ်း တစ်ခုစာ အကွာအဝေး အတွင်းတွင် တွန်းခြင်း သို့မဟုတ် ဆွဲခြင်းကို ပြုလုပ်သည်။ ထို့အတွက် ပထမ စက်ဝိုင်းခြမ်း တစ်ခုစာတွင် ပစ်စတင်သည် ကရိုင်းရှပ်အား တွန်းပြီး နောက်ထပ် စက်ဝိုင်းခြမ်း တစ်ခုစာတွင် ကရိုင်းရှပ်အား ဆွဲသည်။ ၂ချက်ခုတ် အင်ဂျင် အချို့တွင်မူ ကော်နက်တင်း ရော့ဒ် သည် တွန်းခြင်းကိုသာ ပြုလုပ်ရန် လိုအပ်သည်။