ကော့မြစ်

ဝီကီပီးဒီးယား မှ
ကော့မြစ်
Kok River, Mae Ai District, Chiang Mai Province
Map of the Thai highlands
ဒေသခေါ်အမည်น้ำแม่กก
CountryBurma, Thailand
StateShan State, Chiang Mai Province, Chiang Rai Province
DistrictMae Ai, Mueang Chiang Rai, Mae Chan, Wiang Chai, Chiang Saen
CityChiang Rai city
အချက်အလက်များ
မြစ်ဖျားခံရာDaen Lao Range, Shan State, Burma
စီးဝင်ရာနေရာMekong River
Sop Kok, Wiang Chai, Chiang Rai Province
၃၅၈ m (၁,၁၇၅ ft)
20°14′39″N 100°8′19″E / 20.24417°N 100.13861°E / 20.24417; 100.13861ကိုဩဒိနိတ်: 20°14′39″N 100°8′19″E / 20.24417°N 100.13861°E / 20.24417; 100.13861
အလျား၂၈၅ km (၁၇၇ mi)
စီးဆင်းမှု
  • တည်နေရာ:
    Chiang Rai city
  • အနည်းဆုံး နှုန်း:
    ၅ m3/s (၁၈၀ cu ft/s)
  • ပျမ်းမျှ နှုန်း:
    ၁၂၀ m3/s (၄,၂၀၀ cu ft/s)
  • အများဆုံး နှုန်း:
    ၈၄၈ m3/s (၂၉,၉၀၀ cu ft/s)
စီးဆင်းမှု
(တည်နေရာ ၂)
  • တည်နေရာ:
    Sob Kok
  • ပျမ်းမျှ နှုန်း:
    ၁၇၀ m3/s (၆,၀၀၀ cu ft/s)
မြစ်ဝှမ်း အချက်အလက်များ
မြစ်ဝှမ်းအရွယ်၁၀,၈၇၅ km2 (၄,၁၉၉ sq mi)
မြစ်လက်တက်များ

ကော့မြစ် သည် အရှေ့တောင်အာရှတွင် ဖြစ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်း ဖြစ်သည်။

မြစ်လမ်းကြောင်း[ပြင်ဆင်ရန်]

မြစ်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ Daen Lao တောင်တန်းများမှ စတင်ဖြစ်တည်လာသည်။ ၎င်းသည် အရှေ့ဘက် မြန်မာ - ထိုင်းနယ်စပ် သို့ ဆက်လက်စီးဆင်းကာ ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် Tha Ton ကို ဖြတ်သန်းစီးဆင်းသွားသည်။ ၎င်းသည် ချင်းမိုင်စီရင်စု၊ Mae Ai ခရိုင်သို့ စီးဆင်းသည်။ ထိုင်းနိုင်ငံရှိ ဤမြစ်၏ အစိတ်အပိုင်းအများစုသည် Chiang Rai စီရင်စုတွင် ဖြစ်ကာ ထိုနေရာတွင် Mueang Chiang Rai ခရိုင်ကို ဖြတ်သန်းပြီးနောက်တွင် အရှေ့မြောက်ဘက်သို့ ကွေ့သွားကာMae Chan, Wiang Chai နှင့် Chiang Saen ခရိုင်များကို ဖြတ်သန်းစီးဆင်းသည်။

ဤမြစ်သည် ကျယ်၍ တိမ်ပြီး မြစ်ရေစီးဆင်းမှုသည် နှေးသည်။ Tha Ton နှင့် Chiang Rai မြို့အကြားရှိ ခရီးတစ်ဝက်ခန့်ဖြစ်သည့် ၆၀၀ မီတာ (၂၀၀၀ ပေ) သည် ကြည်လင်သည့်အနည်းငယ် စီးဆင်းသည်။

Chiang Rai ၏ မြစ်အောက်ပိုင်းရှိ ကီလိုမီတာများစွာတို့သသည် Wiang Chai အနီး တူးမြောင်းတမံသို့ မရောက်ရှိခင်နေရာသည် ကန်တစ်ခု ဖြစ်လျက်ရှိသည်။

ကော့မြစ်သည် Mekong မြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်သည်။ ၎င်းသည် လာအိုနယ်စပ်နှင့် မျက်နှာချင်းဆိုင် Chiang Saen ခရိုင်ရှိ Sop Kok ၏ မြစ်ဝတွင် တည်ရှိသည်။[၁]

Chiang Rai မြို့အနီးတွင် Phahonyothin လမ်းမသည် မြစ်ကို ဖြတ်သန်းသွားသည်။ Chiang Rai မြို့အနီးတွင် ကော့မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် တံတား ငါးစင်း ရှိသည်။

မြစ်လက်တက်များ[ပြင်ဆင်ရန်]

ကော့မြစ်၏ အဓိက မြစ်လက်တက်များမှာ ဖန့်မြစ်နှင့် လာအိုမြစ်တို့ ဖြစ်ကြသည်။[၂]

ဆည်များ[ပြင်ဆင်ရန်]

Chiang Rai ၏ အရှေ့ဘက်ရှိ လယ်စိုက်ခင်းများကို ရေထောက်ပံ့ပေးရန် ဂိတ် ၁၁ ခု ပါရှိသည့် ဆည်အသေး တစ်ခု တည်ရှိသည်။ ဤဆည်သည် Hwy 1 တံတား၏ အရှေ့ဘက် ၁၁ ကီလိုမီတာ (၇ မိုင်) အကွာတွင် တည်ရှိသည်။ ၎င်းသည် မြစ်ထဲမှ ရေကို ကန်ထဲသို့ ပြောင်းလဲထားသည်။ မိုင်များစွာ ရှည်လျားသည့် ဤဆည်အတွင်းတွင် တစ်နှစ်၏ ရှစ်လကြာ ရေများကို သိုလှောင်သည်။ ထို့အပြင် မြန်မာဘက်ခြမ်းတွင်လည်း ဆည်တစ်ခု ဆောက်လုပ်ရန် စီစဉ်ထားသည်။ ထိုနေရာသည် နယ်စပ်မှ ရေဆန်ဘက် ၃၂ ကီလိုမီတာ (၂၀ မိုင်) အကွာတွင် တည်ရှိသည်။

တော့ဂီယာ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Tue Kell Nielsen, Kok River Basin, North Thailand။ 14 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2021 တွင် ပြန်စစ်ပြီး။
  2. Kok River Basin Archived 2016-01-13 at the Wayback Machine.