ကော့ဆက်လူမျိုး

ဝီကီပီးဒီးယား မှ

ကော့ဆက်လူမျိုး၊ကော့ဆက်တို၏သည် ရုရှားနိုင်ငံ တိုင်း ရင်းသားတစ်မျိုးဖြစ်၍ ရုရှားဇာဘုရင်များရှိစဉ်က အလွန် ရဲရင့်သော မြင်းစီးစစ်သားများအဖြစ် ထင်ရှားခဲ့သည်။ ကော့ဆက် ဟူသော စကားမှာ တူရကီဘာသာမှဆင်း သက်လာ၍ လွတ်လပ်စွာ လှည့်လည်သူ သို့မဟုတ် စွန့်စားသွားလာသူ ဟု အဓိပ္ပာယ်ရသည်၊ သူတို၏ ဘိုးဘေးတို့မှာ ၁၆ ရာစုနှစ်အတွင်းက ဥရောပတိုက်အရှေ့တောင်ပိုင်းရှိ စတက်လွင်ပြင်များတွင် နေထိုင်ကြသည့် ရုရှားပိုးတာတာ လူမျိုးများတွင် ပါဝင်ကြ၏၊ သူတို၏သည် ကော့ဆက်ဟူ သောအမည်နှင့် လိုက်လျောညီစွာ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်နေထိုင်ကြ၏၊ အနီးအပါးနိုင်ငံများကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်ကြသည်၊ ယင်းတို၏အခြေမတည်နေထိုင်ခဲ့ကြရာမှ နောက်ဆုံးရုရှားနိုင်ငံ အတွင်းသို၏ သိမ်းသွင်းခြင်း ခံရသောအခါ။ ဇာဘုရင်၏ စစ်တပ်တွင်ဝင်ရောက်အမှုထမ်းကြသည်၊ သူတို့သည် စစ်မှု ထမ်းသော လူမျိုးစုတစ်စုအနေဖြင့် အခွန်တော် လွတ်ငြိမ်း ချမ်းသာခွင့်။ မိမိတို့ လူမျိုးချင်း အုပ်ချုပ်ခွင့်စသော အခွင့် အရေးများကို ရကြသည်၊ မျိုးရိုးအလိုက် မြင်းစီးကျင်လည်၍ မြင်းပေါ်မှပင် ဓားခုတ်။ သေနတ်ပစ် ကျွမ်းကျင်ကြသည်၊ ကော့ဆက်မြင်းတပ်များသည် တိုက်ခိုက်ရေး ကျွမ်းကျင် သလောက်ရက်စက်ကြမ်းကြုတ်ကြသည်၊ဇာဘုရင်များ လက်ထက်က ဆူပူသောင်းကျန်းသူများကို နှိမ်နင်းရာ၌ ကော့ဆက် စစ်သားများကို အသုံးပြုလေ့ရှိသည်၊ လူအုပ် ထဲသို့ မြင်းကိုဒလကြမ်းစီးလျက် ဓားလွတ်များဖြင့် ရက်စက် စွာခုတ်သတ်ခြင်း။ သေနတ်များ ပစ်ဖောက်ကာ နှိမ်နင်းခြင်း ပြုလေ့ရှိသောကြောင့် ကော့ဆက် မြင်းသည်တော်များ လာ ပြီဆိုရုံမျှဖြင့် လူများဝေးရာသို့ ရှောင်ပြေးလေ့ရှိကြသည်၊ ရုရှားတော်လှန်ရေးအတွင်းက ကော့ဆက်တို့သည် နှစ်ဖက် လုံးမှပါဝင်တိုက်ခိုက်ခဲ့ ကြသည်၊ ဗော်လ်ရှီဗစ်တို့ အောင်မြင် သောအခါ သူတို့၏အထူး အခွင့်အရေးများ ဆုံးရသော်လည်း ဆိုဗီယက်အစိုးရက သူတို့ အဖွဲ့အစည်းကို ပြန်လည် ထူထောင် ပေးခဲ့သည်၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တို့ နှင့်တိုက်ခိုက်ရာတွင် ကော့ဆက်တို့သည် ရွပ်ရွပ်ချွံချွံ ဝင် ရောက် အမှုထမ်းခဲ့ကြသည်၊ ယခုအခါ ဆိုဗီယက်ပြည်ထောင်စုသမ္မနိုင်ငံ အတွင်းတွင် ကော့ဆက် များနေထိုင်သောသီးခြားပြည်နယ်ရှိသည်၊ ထိုပြည်နယ် ကား ကာဇက်စတန်ဖြစ်၍ ကော့ဆက်တို့၏မြေဟု အဓိပ္ပာယ်ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁)၊ စာမျက်နှာ (၂၄၁)