ကောလင်း ဟွမ်
| ကောလင်း ဟွမ် | |
|---|---|
| မွေးဖွား | Huang Zheng ၁ ဇန်နဝါရီ၊ ၁၉၈၀[၁] ဟန်ကျိုးမြို့၊ ကျဲ့ကျန်းပြည်နယ်၊ တရုတ်နိုင်ငံ |
| ပညာရေး | Zhejiang University University of Wisconsin (MS) |
| အလုပ်အကိုင် | Businessman, investor, philanthropist, software engineer |
| ကျော်ကြားမှုအရင်းခံ | Pinduoduo တည်ထောင်သူ |
| ဘွဲ့ | Pinduoduo ၏ ဥက္ကဋ္ဌ |
ကောလင်းဟွမ် သို့ ဟွမ်ကျန်း (တရုတ်: 黄峥; ပင်ယင်: Huáng Zhēng; ၁ ဇန်နဝါရီ ၁၉၈၀ မွေးဖွား) သည် တရုတ် ဘီလျံနာ စီးပွားရေး သမားတစ်ဦး ဖြစ်သည်။ သူသည် အီးကောမန့်စ် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကေးမန်းကျွန်း တွင် မှတ်ပုံတင်ထားသော ပင်ဒိုဒို၏ အမှုဆောင်အရာရှိချုပ် နှင့် တည်ထောင်သူလည်း ဖြစ်သည်။[၂] ဟွမ်သည် အခြားသော ကေးမန်းကျွန်း မှတ်ပုံတင် ကုမ္ပဏီ ဖြစ်ပြီး ပင်ဒိုဒိုတွင် ၇.၇% မျှစီ ရှယ်ယာပိုင်ဆိုင်သော ကုမ္ပဏီ ၃ခု ၏ ပိုင်ရှင်လည်း ဖြစ်သည်။ .[၃][၄]
ပညာရေး
[ပြင်ဆင်ရန်]ဟွမ်သည် အမေရိကန်ပြည်ထောင်စု ဝင်ကွန်ဆင်တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဆိုင်ရာ မဟာဘွဲ့ ရရှိခဲ့သည်။[၅]
အလုပ်အကိုင်
[ပြင်ဆင်ရန်]ဟွမ်သည် ဂူဂဲလ် ကုမ္ပဏီတွင် အလုပ်သင်အဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် အင်ဂျင်နီယာ အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။[၆] သူသည် မိုက်ခရိုဆော့ဖ်တွင်လည်း အလုပ်သင် အဖြစ် ဝင်ရောက်ခဲ့ဖူးသည်။[၅]
သူသည် အများသုံး အီလက်ထရွန်းနစ် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော အိုကူ (Ouku) ကို စတင်ခဲ့ပြီး ၂၀၁၀ တွင် ၂.၂ သန်းဖြင့် ရောင်းချခဲ့သည်။[၄]
၂၀၁၈ ဇူလိုင်လ NASDAQ တွင် ပင်ဒိုဒို၏ ကနဦး အများပိုင် ရှယ်ယာရောင်းချခြင်း အပြီးနောက် ဟွမ်၏ ၄၇% မျှသော ရှယ်ယာမှာ ၁၄ ဘီလီယံမျှ တန်ကြေးရှိသဖြင့် သူ့အား တရုတ်နိုင်ငံတွင် ၁၃ ယောက်မြောက် အချမ်းသာဆုံးလူ ဖြစ်လာစေခဲ့သည်။ [၇][၅]
၂၀၂၀ ခုနှစ် ဇူလိုင် ၂ ရက်တွင် ကောလင်းဟွမ်သည် ပင်ဒိုဒိုရှိ သူ၏ ရှယ်ယာကို ၄၃.၃% မှ ၂၉.၄% သို့ လျှော့ချခဲ့သည်။[၈] သူသည် အမှုဆောင်အရာရှိချုပ် အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိနေသည်။[၉]
ပင်ဒိုဒို
[ပြင်ဆင်ရန်]ရှန်ဟိုင်း အခြေစိုက် ကုမ္ပဏီ ဖြစ်သော ပင်ဒိုဒို (ပီဒီဒီ ဟုလည်း ခေါ်ကြသည်။) အား ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် လည်ပတ်ငွေ တရုတ်ယွမ်ငွေ ၁.၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၈၀ သန်း) မျှ ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ၎င်း၏ လည်ပတ်ငွေမှာ အမေရိကန် ဒေါ်လာ ၄.၃၃ ဘီလီယံ မျှ ရှီသည်။ ၂၀၁၈ ခုနှစ် ဇွန်လတွင် အမေရိကန်ပြည်ထောင်စု၏ ကနဦး အများပိုင် ရှယ်ယာ ရောင်းချခြင်း စတင်ပြီးနောက် အများပြည်သူတို့ ရှယ်ယာကို လွတ်လပ်စွာ ရောင်းဝယ်ကြသော ကုမ္ပဏီ ဖြစ်လာခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Colin Huang - Biography။ 27 August 2021 တွင် ပြန်စစ်ပြီး။
- ↑ PDD Stock - Pinduoduo Inc. SEC Filings။ 23 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2021 တွင် ပြန်စစ်ပြီး။
- ↑ Pinduoduo Inc. Acquisition Statement SC 13D။ 25 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2021 တွင် ပြန်စစ်ပြီး။
- 1 2 "Colin Huang, Shanghai’s secretive internet king"၊ The Financial Times။
- 1 2 3 A Former Google Employee Just Became One of China's Richest People။ 1 August 2018 တွင် ပြန်စစ်ပြီး။
- ↑ How the pandemic boosted the net worth of China’s fastest-rising billionaire (in en)။ 2020-06-24 တွင် ပြန်စစ်ပြီး။
- ↑ Fang၊ Alex။ IPO Of Chinese E-Commerce Firm Pinduoduo Mints New Young Billionaire။ 30 July 2018 တွင် ပြန်စစ်ပြီး။
- ↑ Feng, Venus (2 July 2020)။ His Wealth Surged By 25 Billion Then Jack Ma's Rival Quit။ July 17, 2020 တွင် ပြန်စစ်ပြီး။
- ↑ Subscribe to read | Financial Times။ 2020-10-08 တွင် ပြန်စစ်ပြီး။