ကောရိန္တုဩဝါဒစာဒုတိယစောင်

ဝီကီပီးဒီးယား မှ

၁။ စံတော်မီ ဝိသေသလက္ခဏာ

အကယ်၍ ပထမအကြိမ် ဩဝါဒစာစောင်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ပြီ ဆိုလျှင်ဒုတိယဩဝါဒစာစောင်သည် ပထမဩဝါဒစာ၏ စာကြွင်းမျှသာ ဖြစ်သည်။ သို့သော် အရေးကြီးသောအချက်များ ရှိတေသည်။ သရော်စကားများ ပါရှိသောကြောင့် အဓိပ္ပာယ် ဖွင့်ဆိုရန် ခက်ခဲသည်။ အင်္ဂလိပ်ကျမ်းမူ KJV  နှင့်NKJV ကျမ်းမူများ တွင် လက်ရေးစာစောင်းဖြင့် ရေးသောစကား လုံးများသည် စိတ်လှုပ်ရှားစရာကောင်းသော ရသစာပေ အရေးအသားဖြစ်သည်။

ဤကျမ်းစာသည် ခက်ခဲနက်နဲသည်။ ကျမ်းပိုဒ်၏ အနက်အဓိပ္ပာယ်များသည် နားလည်ရန်ခက်ခဲသည်။ ထို့သို့ ဖြစ်ရခြင်းသည် အကြောင်း အမျိုးမျိုး ရှိသည်။(၁)သရော်စာဖြင့် ရေးထားသဖြင့် အချို့နေရာတွင် သရော်ခြင်းလား၊ အတည်ပြောခြင်းလား ဝေခွဲ ရခက်သည်။(၂) အချို့

နားလည်နိုင်ရန် ပေါလု၏ ခရီးစဉ်၊ အပေါင်းအသင်း၊ နောက်ခံ သမိုင်းနှင့် ရေးသားသည့် နေရာများ သိရှိမှသာလျှင် ဆက်စပ်တွေး ယူနိုင်သည်။ (၃)ဤစာသည် ပုဂ္ဂိုလ်ရေးဆန်ပြီး နှလုံးသည် ပွက်ကြားမှ ထွက်လာသော စကားများဖြစ်သည်။ ထို့ကြောင့် လွယ်လင့် တကူ နားလည်ရန်မလွယ်။

သို့သော် စိတ်ပျက်အားငယ်ဖွယ် မဟုတ်။ အဘယ်ကြောင့် ဆိုသော် သမ္မာကျမ်းတရား၏ အခြေခံသဘောထား ကိုမထိခိုက်စေပါ။

နောက်ဆုံးပြောရလျှင် ဤစာစောင်သည် နှစ်လိုဖွယ်ကောင်းသော ကျမ်းစာဖြစ်သည်။ လေ့လာပြီးပါက လေ့လာရကျိုးနပ်ကြောင်း လက်မထောင် နိုင်ပါမည်။

၂။ ကျမ်းရေးသူ

         ပေါလု၏ လက်ရာမဟုတ်ကြောင်း ငြင်းဝံ့သူ တစ်ယောက်မှ မရှိပါ။ သို့သော်လည်း အယူအဆ များကိုမူ ညစ်ညမ်းသည်ဟု ဟိုစပ်စပ် သည်စပ်စပ် ပြောသူမရှား။ မည်သို့ ပင်ဖြစ်စေ ကျမ်းတဆူဖြစ်လာခဲ့ပြီ။

ပြင်ပလက္ခဏာအားဖြင့် ပေါလု လက်ရာ ဖြစ်ကြောင်း ပထမဩဝါဒစာစောင်ထက် ခိုင်မာထင်ရှားသည်။ အံ့ဩစရာကောင်းသည်မှာClement of Rome ကအသိမှတ်မပြုခြင်းဖြစ်သည်။ Polycarp, Irenaeus, Clement of Alexandria,Tertullian နှင့် Cyprianတို့က အသိမှတ်ပြုကြသည် Marcionကလည်း ပေါလု၏ တတိယမြောက် လက်ရာ အဖြစ် ထောက်ခံထားသည်။ Muratorian Canon ကအေဒီ ၁၇၅ ခုနှစ်တွင် ရေးသားခြင်းဖြစ်သည်ဟု ဆိုသည်။

အတွင်းသရုပ်မှာ ပေါလု၏ အပြင်အဆင်အဖွဲ့အနွဲများ သာဖြစ်သည်။ ပထမဩဝါဒစ၊ ဂလာတိ၊ ရောမနှင့်တမန်တော် ဝတ္တုများ ကလည်း ပေါလုလက်ရာ အဖြစ် အတည်ပြု ထောက်ခံထားသည်။ ပထမဩဝါဒ စာစောင်နှင့် စာရေးသူအတူတူ ဖြစ်ကြောင်း အားလုံ:က အသိမှတ်ပြုကြသည်။

၃။ အချိန်ကာလ

ပထမဩဝါဒစာစောင် ရေးသားပြီးနောက် တနှစ်အကြာတွင် ရေးသားခြင်းဖြစ်သည်။ မာကေဒေါန်ပြည် (အချို့ကျမ်းပိုဒ်များမှာ ဖိလ္လိပ္ပုမှာ ရေးသည် ဟု ယူဆကြသည်။ အေဒီ ၅၇ ဟု ဆိုသူများ လည်းရှိသည်။Harnack ကမူ ၅၃ ဟုဆိုသည်။

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

         ဤဒုတိယဩဝါ ဒစာစောင် နှစ်လိုဖွယ်ကောင်းရ သည့်အကြောင်းရင်း တခုမှာ ပုဂ္ဂိုလ်ရေး ဟန်စာရေးခြင်း ဖြစ်သည်။ အခြားစာများထက် ပေါလု၏ စိတ်သဘောရင်း ကို ပိုမို နားလည်သိကျွမ်းခွင့်ရသည်။ သခင်ဘုရား၏အမှုတော်ကို အံ့ဖွယ်ကောင်းအောင် ဆက်ကပ်ပုံကို တွေ့မြင်ရသည်။ ဘဝ၏ အမြင့်ဆုံ: ဂုဏ်သိက္ခာကို မြည်းစမ်းခွင့် ရကြသည်။ အသံမထွက် နိုင်အောင် ပေါလု၏ ခံစားချက်ကို ဖတ်ရူရသည်။ သူကိုမကောင်းမြင် အပြစ်တင်တတ်သောသူများအား အဖြေစကားပုံ သည် တဖက်သားအား နှောင်းတမြေ့မြေ့ ခံစားစေသည်။ ခပ်ရှင်းရှင်း ပြောရလျှင် သူ့ဝိညဉ် ဆက်ကပ်ပုံကို ကျမ်းပိုဒ်တိုင်း၌ လှစ်ဟထားသည်။

ကောရိန္သုသို့ ပထမဦးဆုံ: ခရီးကို တမန်တော် ဝတ္တု(အခန်း၁၈) တွင် မှတ်တမ်းထိုးထားသည်။ ကောရိန္သုတွင် ပေါလု သည် အာကုလာ၊ ပြစ်ကိလ တို့နှင့် အတူ ရွက်ဖျင်တဲ ချုပ်လျက် တဖက်တွင် တရားစရပ်များ၌ နှုတ်ကပတ်တော် လိုက်လံဟောကြားသည်။ သိလနှင့် တိမောသေက ပေါလု အားကူညီ ပံ့ပိုးရန် မာကေဒေါနိ သို့ လိုက်လာ ကြသည်။ တနှစ်ခွဲ ထက်မနည်း အတူတကွ အမှုတော် ထမ်းရွက်ကြသည်(တ ၁၈:၁၁)

ယုဒလူမျိုးအများစုက ပေါလု၏ တရားဒေသနာ အား ခါးခါးသီးသီး ငြင်းပယ်ကြသောအခါ တပါးအမျိုးသားများထံသို့ ခြေဦးလှည့်သည်။ ယုဒများနည်းတူ တပါးအမျိုးသားများကလည်း ကယ်တင်ခြင်းရရှိကြ သည်။ ယုဒခေါင်းဆောင်များက ပေါလုကို ဘုရင်ခံဂလီအို ထံသို့ ခေါ်ဆောင်သွားကြသည်။ သို့သော် ပြစ်မှု မသင့်သဖြင့် မကြာမီ ပြန်လွှတ်ပေးသည်။

အမှုကြားနာစစ်ဆေး၍ လွတ်မြောက်ပြီးသောအခါ ပေါလုသည် ကောရိန္သုတွင် ရက်လရှည်ကြာနေသေးသည်။ ထို့နောက် ကင်ခြေ၊ဧဖက်၊ကဲသရိ နှင့် အန္တိအုတ် များသို့ ခရီးရှည်ဆက်ခဲ့သည်။

တတိယခရီးစဉ်တွင် ဧဖက်၌ (၂) နှစ်ကြာ နေထိုင်သည်။ ထိုကာလတွင် ကောရိန္သုယုံကြည်သူများ ပေါလုထံသို့ အလည်လည၍ အကြံဉာဏ်များ တောင်းခံကြသည်။ ထိုအကြံပေးချက်များကို ပထမစာစောင်တွင် တွေ့ရသည်။

ထိုရေးလိုက်သောစာအပေါ် ကောရိန္သုယုံကြည်သူများက မည်သို့ ခံစားကြမည်ကို အလွန်သိချင်သည်။ တွေးပူသည်။ ထို့ကြောင့် တိတုကို တွေ့လိုတွေ့ငြားတရောမြို့သို့ သွားသည်။ မာကေဒေါနိကို ဖြတ်သွားသည်။ တိတုထံ မင်္ဂလာသတင်းနှင့် အမင်္ဂလာ သတင်းမြောက်မြားစွာ ရောက်လာသည်။ ပေါလုရေးလိုက်သော သန့်ရှင်းသူများထံ အလှူငွေပေးပို့ကြရန် မှာကြားသော်လည်း မပေးလှူကြသည့် သတင်းဆိုးဖြစ်သည်။ ထို့အပြင်ကောရိန္သုတွင် မှားသောဆရာများ ထကြွသောင်းကျန်းနေကြောင်း၊ပေါလု၏ တရားဒေသနာ သည် ခရစ်တော်၏ အမှုမဟုတ်ဟု သွားပုပ်လေလွင့် ပြောဆိုတိုက်ခိုက် နေကြသည့် အကြောင်းဖြစ်သည်။

ထိုအကြောင်းများကြောင့် မာကေဒေါနိမှ ဒုတိယဩဝါဒစာစောင် ထပ်မံရေးသားခြင်းဖြစ်သည်။

ပထမဩဝါဒစာကို သွန်သင်ဟန်ဖြင့် ရေးသားသည်။ ဒုတိယစောင်တွင်မူ အမှုတော်ဆောင်အသွင် ဖြင့် ဩဝါဒပေးသည်။ အသေအချာ ဂရုစိုက် ဖတ်ရူနားထောင်လျှင် ကျမ်းပိုဒ်တိုင်တွင် ပေါလု၏ ရင်ခုန်သံကိုကြားသိနိုင်သည်။ ဘုရား၏ လူများအတွက် ပေါလု၏ မေတ္တာ၊စေတနာနှင့် သံယောဇဉ် တွေ့ရသည်။

သို့နှင့် ပေါလု၏ သက်ပြင်းချသံ၊ပြောင်မြောက်သော စကားလုံ:များ ကို လေ့လာကြပါစို့။ ဘုရားသခင်၏ ဝိညဉ်တော်၌ ဆုတောင်းခြင်းဖြင့် ခံယူကြည့် ကြပါစို့။

                            ပါဝင်သည့် အချက်များ

၁။ ပေါလု၏အမှုတော်လုပ်ငန်း(အခန်း၁–၇)

(က)နှုတ်ခွန်းဆက်သခြင်း(၁:၁-၂)

(ခ)အမှုတော်၌ ဆင်းရဲဒုက္ခရောက်စဉ် ချမ်းသာရာ ရရှိခြင်း(၁:၃-၁၁)

(ဂ)ပေါလုစီမံချက် ပြောင်းလဲခြင်း(၁:၁၂-၂:၁၇)

(ဃ) ပေါလုအား အမှုတော်အတွက်ခန့်အပ်ရခြင်း(၃:၁-၅)

(င)   ပဋိညဉ်ဟောင်းနှင့် ပဋိညာဉ်သစ်တို့၏ ဝိရော ဓိ(၃:၆-၁၈)

(စ)ဧဝံဂေလိတရား ဟောကြား ရန် တာဝန်ရှိခြင်း(၄:၁-၆)

(ဆ)ရွံစေးမြေအိုးနှင့် ကောင်းကင်ဆိုင်ရာအကြောင်းကံ(၄:၇-၁၈)

(ဇ)ခရစ်တော်၏ တရားပလ္လင်အလင်း၌ အသက်ရှင်ခြင်း(၅:၁-၁၀)

(ဈ) အမှုတော်မြတ်၌ ပေါလု၏ အမူအကျင့်(၆:၃-၁၀)

(ည) အမှုတော်မြတ်၌ ပေါလု၏ စိတ်စေတနာ(၅:၁၁-၆:၂)

(ဋ) ပေါလုအတွက် အခွင့်အရေး (၆:၁၁-၁၃)

(ဌ) မယုံကြည်သူများအတွက် ပေါလု(၆:၁၄-၇:၁)

(ဍ) ကောရိန္သုမင်္ဂလာ သတင်းကြောင့်ပေါလု၏ ပီတိ(၇:၂-၁၆)

၂။ ယေရုရှလင် သန့်ရှင်းသူများသို့ အလှူငွေ (အခန်း၈–၉)

(က)ပေးကမ်းလှူဒါန်းခြင်း၏ မင်္ဂလာတရား(၈:၁-၉)

(ခ)အလှူငွေ အတွက် အကြံကောင်း ဉာဏ်ကောင်း(၈:၁၀-၁၁)

(ဂ)ပေးကမ်းလှူဒါန်းခြင်း မင်္ဂလာ တရား(၃)ခု (၈:၁၆-၂၄)

(ဃ)လှူဒါန်းပေးကမ်းကြစဉ် မိတ်ကောင်းဆွေမွန်သုံးဖော်(၈:၁၆-၂၄)

(င) ကောရိန္သုသားများအတွက် ပေါလု၏ ဝါကြွားချက်(၉:၁-၅)

(စ)ပေးကမ်းလှူးဒါန်းခြင်း၏ ဝိညဉ်လက်ဆောင်မွန်(၉:၆-၁၅)

၃။ တမန်တော် စစ်မှန်ကြောင်း ပေါလု၏ ထုချေချက်(အခန်း၁၀–၁၃)

(က) စွပ်စွဲသူများသို့ ပြန်ကြားချက်(၁၀:၁-၁၂)

(ခ)ပေါလု၏ နိယာမ၊ခရစ်တော် အတွက် အောင်မြေချဲ့ခြင်း(၁:၁၂-၂:၁၇)

(ဂ)ပေါလု၏ အန္တိမရည်မှန်းချက်။ ဘုရားသခင်အား ချီးမွမ်းခြင်း(၁၀:၁၇-၁၈)

(ဃ) တမန်တော် စစ်မှန်ကြောင်း အခိုင်မာဆိုခြင်း(၁၁:၁-၁၅)

(င) ခရစ်တော်၏ တမန်တော်ဘဝဖြင့် ခံစားရသော ဆင်းရဲဒုက္ခများ(၁၁:၁၆-၃၃)

(စ) တမန်တော်ဟုတ်မှန်ကြောင်းလက္ခဏာ(၂၁၂:၁၄-၁၃:၁)

(ဆ)တမန်တော်စစ်မှန်ကြောင်း ဗျာဒိတ်တော် ပေးခြင်း(၁၂:၁-၁၀)

(ဇ)ကောရိန္သုခရီးစဉ် ဆိုင်းငံ့ခြင်း(၁၂:၁၁-၁၃)

(ဈ) ကောရိန္သု သားများကိုယ်တိုင် ကပေါလုအားထောက်ခံခြင်း(၁၃:၂-၆)

(ည)ကောရိန္သု သားများသို့ ပေါလုဆန္ဒမွန်(၁၃:၇-၁၀)

(ဋ) သုံးပါးတဆူ၌ ပေါလု၏ ကောင်းကြီးမင်္ဂလာပေးခြင်း(၁၃:၁၁-၁၄)

TAGS: ကောရိ န္တု ဩဝါဒစာဒုတိယစောင်

ကိုးကား[ပြင်ဆင်ရန်]