ကောင်းမွန်သော အုပ်ချုပ်ရေး

ဝီကီပီးဒီးယား မှ

ကောင်းမွန်သော အုပ်ချုပ်ရေး ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စာပေများတွင် အသုံးပြုသော မရေရာသည့် အသုံးအနှုန်း တစ်ခု ဖြစ်ပြီး အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ အနေနှင့် အများပြည်သူဆိုင်ရာ အရေးများကို မည်သို့ ဆောင်ရွက်ရမည်၊ အများပြည်သူဆိုင်ရာ အရင်းအမြစ်များကို မည်သို့ စီမံခန့်ခွဲရမည်ကို ဖော်ပြခြင်းပင်ဖြစ်သည်။ အုပ်ချုပ်ရေး ဆိုသည်မှာ ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်မည် သို့မဟုတ် အကောင်အထည် မဖော် စသည့် လုပ်ငန်းစဉ်တစ်ခု လည်း ဖြစ်သည်။ .[၁] အုပ်ချုပ်ရေး ဆိုသော အသုံးအနှုန်းကို အသင်းအဖွဲ့များဆိုင်ရာ ၊ အပြည်ပြည်ဆိုင်ရာ၊ နိုင်ငံ ဆိုင်ရာ နှင့် ဒေသတွင်း အုပ်ချုပ်ရေး တို့အတွက် သို့မဟုတ် လူ့အဖွဲ့အစည်း၏ အခြားအစိတ်အပိုင်းများနှင့် ဆက်ဆံမှုပြုရန် အတွက် အသုံးပြုလေ့ ရှိကြသည်။

ကောင်းမွန်သော အုပ်ချုပ်ရေး ဟူသော အယူအဆသည် ထိရောက်မှုမရှိသော စီးပွားရေး သို့မဟုတ် နိုင်ငံရေး အဖွဲ့အစည်းကို လက်တွေ့ကျသော စီးပွားရေး သို့မဟုတ် နိုင်ငံရေး အဖွဲ့အစည်းနှင့် နှိုင်းယှဉ်ရာတွင် စံတစ်ခု အဖြစ် အမြဲလိုလို အသုံးပြုလေ့ ရှိကြသည်။ ထိုအယူအဆမှ အစိုးရ သို့မဟုတ် အုပ်ချုပ်ရေး အဖွဲ့အစည်းမှ လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှ အသင်းအဖွဲ့ အချို့၏ ဆန္ဒမဟုတ်ဘဲ အများ၏ ဆန္ဒကို ထပ်တူကျနိုင်ရန် အတွက် တာဝန်ဝတ္တရားများ ပေါ်တွင် မူတည် ဖော်ပြထားလေ့ ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. What is Good Governance. UNESCAP, 2009. Accessed July 10, 2009.