ကောက်သော် မစားလောက်၊ ဖြောင့်သော် စားမနိုင်

ဝီကီပီးဒီးယား မှ

ကောက်သော် မစားလောက်၊ ဖြောင့်သော် စားမနိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

တံငါသည်သည် ကောက်သော ငါးမျှားချိတ်ဖြင့် တစ်နေကုန် ငါးမျှားသည့်တိုင်အောင် လှေတစ်စင်းစာ ငါးမရနိုင်၊ မုဆိုးသည် ဖြောင့်သော မြားမြင့် သားကောင်ကို ပစ်ခတ်လျှင် တစ်နေ့တည်း လှေတစ်စင်းစာမက ရနိုင်သကဲ့သို့ ကောက်ကျစ်သော နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော် ဝဝလင်လင် မစားရ၊ ဖြောင့်မှန်သော နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပါက စားမကုန်နိုင်အောင် ကြွယ်ဝမည်ဟု ဆိုလိုသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အရှင်မင်းကြီး၊ မုဆိုးသည် မြားဖြောင့်နှင့် တစ်နေ့လယ်၍ ရှာသော် လှေလောင်းတစ်စင်းပြည့်၏။ တံငါသည် ငါးမျှားကောက်နှင့် တစ်နေ့လယ်၍ ရှာသော် လှေလောင်းတစ်စဉ်းမပြည့်နိုင်။ ထို့ကြောင့် ကောက်သော် မစားလောက်၊ ဖြောင့်သော် မစားနိုင် ဟု ပညာရှိတို့ ဆိုကြကုန်၏" [၁၁၄၃] ဏီပုံ။ ၆၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၅