ကေသရီယစေတီတော်
ကေသရီယစေတီတော် | |
---|---|
Kesariya Stupa | |
အချက်အလက်များ | |
တည်နေရာ | အိန္ဒိယ |
ကိုဩဒိနိတ် | 26°20′03″N 84°51′17″E / 26.334140°N 84.854762°Eကိုဩဒိနိတ်: 26°20′03″N 84°51′17″E / 26.334140°N 84.854762°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
ပြည်နယ် | Bihar |
နိုင်ငံ | အိန္ဒိယနိုင်ငံ |
အမြင့် | 104ft |
ကေသရီယစေတီတော် သည် အိန္ဒိယနိုင်ငံတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်သည် ဗီဟာပြည်၊ ချမ်ပရန် (အရှေ့) ခရိုင်၊ ပတ်နာ (Patna) မှ ၁၁၀ ကီလိုမီတာ (၆၈ မိုင်) အကွာရှိ ကေသရီယမြို့ (Kesariya) တွင် တည်ရှိသည်။ စေတီတော် BCE ၃ ရာစုတွင် ပထမဆုံး တည်ဆောက်ခဲ့သည်။ စေတီတော်၏ အဝန်းသည် ပေ ၄၀၀ နီးပါး (၁၂၀ မီတာ) နှင့် အမြင့်သည် ၁၀၄ ပေခန့် (၃၂ မီတာ) ရှိသည်။[၁]
သမိုင်း
[ပြင်ဆင်ရန်]စေတီတော်အား စူးစမ်းရှာဖွေမှုများကို ၁၉ ရာစုအစောပိုင်းတွင် စတင်ခဲ့သည်။ ၎င်းမတိုင်မီ ၁၈၁၄ ခုနှစ်တွင် Colonel Mackenzie က ခေါင်းဆောင်၍ ရှာဖွေမှုများ ပြုလုပ်ခြင်း၊ ၁၈၆၁ - ၆၂ ခုနှစ်များတွင် ဗိုလ်ချုပ် General Cunningham ၏ တူးဖော်လေ့လာမှုများလည်း ရှိခဲ့သည်။ တူးဖော်မှုကို ၁၉၉၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသနလေ့လာရေး (ASI) က ပြုလုပ်ခဲ့ပြီး KK Muhammed က ဦးဆောင်ကာစီမံခန့်ခွဲမှုများ ပြုလုပ်ခဲ့သည်။ မူလစေတီတော်သည် အသောကမင်း (250 BCEခန့်) က ဖြစ်သည်။ ၎င်းနေရာတွင် အသောကမင်း စိုက်ထူခဲ့သည့် ကျောက်စာတိုင်တစ်ခု၏ အကြွင်းအကျန်များ ရှာဖွေတွေ့ရှိခဲ့သည်။[၁] [၂]