မာတိကာသို့ ခုန်သွားရန်

ကေတီ ပယ်ရီ

ဝီကီပီးဒီးယား မှ
ကေတီပယ်ရီ
အမည်ရင်း ကက်သရင်း အဲလိဇဘတ် ဟတ်ဆန်
အမည်ကွဲ ကေတီပယ်ရီ , ကက်သရင်း ပယ်ရီ
မွေးသက္ကရာဇ် ၂၅ အောက်တိုဘာ ၁၉၈၄
အမေရိကန်
မွေးရပ်ဇာတိ ဆန်တာဘာဘရာ, ကယ်လီဖိုးနီးယား အမေရိကန်ပြည်ထောင်စု
ကြင်ဖော် ရပ်ဆဲလ် ဘရန်း( ၂၀၁၀ - ၂၀၁၂)
တွဲဖက် အော်လန်ဒိုဘလွန်း (၂၀၁၆-၂၀၂၅)
သားသမီး ၁ ဦး
ဝက်ဘ်ဆိုက် http://www.katyperry.com/

ကေတီပယ်ရီ ဟုအများက သိကြသည့် ကက်သရင်း အဲလိဇဘက် ဟတ်ဆန် (အင်္ဂလိပ်: Katheryn Elizabeth Hudson) သည် ကျော်ကြားသည့် အမေရိကန် အဆိုတော်၊ တေးရေး၊ ရုပ်သံတင်ဆက်သူ နှင့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ကမ္ဘာတစ်ဝန်း စံချိန်တင်ရောင်းအား ၁၄၃ သန်းကျော်ရှိပြီး သမိုင်းတစ်လျှောက်ရောင်း အားအကောင်းဆုံး ဂီတအနုပညာရှင်များထဲမှတစ်ဦးဖြစ်သည်။ သူမ၏ထူးခြားသည့် စတိုင်နှင့် pop ဂီတအပေါ်လွှမ်းမိုးနိုင်မှုများကြောင့် Vogue နှင့် Rolling Stones မဂ္ဂဇင်းမှ Queen of Camp ဟုရည်ညွှန်းခေါ်ဆိုခဲ့ပြီး ၂၁ ရာစု၏ ၂၅ ယောက်မြောက် ကြီးကျယ်အခမ်းအနားဆုံး ပေါ့ကြယ်ပွင့် နှင့် ၅ ယောက်မြောက် ထိပ်တန်း အမျိုးသမီးအဆိုတော်အဖြစ် Billboard မဂ္ဂဇင်းမှ သတ်မှတ်ခဲ့သည်။

အမေရိကန်နိုင်ငံ အတွင်း ရောင်းအား ၁၀ သန်းကျော် သီချင်း ၆ ပုဒ်၊ စတိုဒီယိုအယ်လ်ဘမ် ၁ ချပ်ရောင်းချနိုင်သည့်အတွက် Recording Industry Association of America (RIAA) မှ ပေးအပ်သော စိန်အသိအမှတ်ပြုလက်မှတ် (diamond certificate) ၇ ခုရရှိထားသည်။ Billboard မှချီးမြှင့်သည် Billboard Sportlight Awards ၁ ဆု ၊ Guinness World Record ၅ ခု ၊ MTV Video Music Awards မှ ချီးမြှင့်သည့် Michael Jackson Video Vanguard Award ၁ ဆု ၊ UNICEF မှ ဂုဏ်ပြုသည့် Audrey Hepburn Humanitarian Award စသည့် ဂုဏ်ပြုဆုများအပါအဝင် တစ်ခြားသော ဆုများစွာတို့ကို ရရှိထားသည်။ ပယ်ရီသည် Grammy စံကာတင်စာရင်းဝင် ၁၃ ဆု နှင့် Emmys စံကာတင်စာရင်းဝင် ၁ ဆု ရရှိထားပြီး စတိုဒီယိုအယ်လ်ဘမ် ၁ ချပ်တည်းမှ နံပါတ် ၁ နေရာ ၅ ပုဒ်ဆက်တိုက်ရယူနိုင်ခဲ့သော ပထမဦးဆုံး အမျိုးသမီးအဆိုတော် ဖြစ်သည်။ ပယ်ရီသည် အသားတင် ချမ်းသာကြွယ်ဝမှုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် အချမ်းသာဆုံး အမျိုးသမီးအနုပညာရှင်များထဲမှ တစ်ဦးလည်း ဖြစ်သည်။

ထွက်ရှိသည့် တေးအယ်လ်ဘမ်များ

[ပြင်ဆင်ရန်]
  1. Katy Hudson (2001)
  2. One of the Boys (2008)
  3. Teenage Dream (2010)
  4. Prism (2013)
  5. Witness (2017)
  6. Smile (2020)
  7. 143 (2024)

သရုပ်ဆောင်သည့် ဇာတ်ကားများ

[ပြင်ဆင်ရန်]
  • The Smurfs (2011)
  • Katy Perry: Part of Me (2012)
  • The Smurfs 2 (2013)
  • The Smurfs 3 (2015)

သရုပ်ဆောင်သည့် TVစီးရီးများ

[ပြင်ဆင်ရန်]
  • Wildfire (2008)
  • The Young and the Restless (2008)
  • The X Factor (2010)
  • The Simpsons (2010)
  • Sesame Street (2010)
  • Saturday Night Live (2010 - 2013)
  • Extreme Makeover: Home Edition (2010)
  • American Idol (2010)
  • How I Met Your Mother (2011)
  • 50 Greatest Wedding Shockers (2011)
  • Raising Hope (2012)


ကိုးကား

[ပြင်ဆင်ရန်]