ကူးစက်ရောဂါကုဆေးရုံ

ဝီကီပီးဒီးယား မှ
Infectious Disease Hospital (IDH)
Ministry of Health, Sri Lanka
Map
ကူးစက်ရောဂါကုဆေးရုံ သည် Colombo District တွင် တည်ရှိသည်
ကူးစက်ရောဂါကုဆေးရုံ
Sri Lanka Colombo District
ပထဝီဝင်ဆိုင်ရာ
တည်နေရာMandavila Rd, Kotikawatta, Angoda, Sri Lanka
ကိုဩဒိနိတ်6°55′21″N 79°55′05″E / 6.92250°N 79.91806°E / 6.92250; 79.91806ကိုဩဒိနိတ်: 6°55′21″N 79°55′05″E / 6.92250°N 79.91806°E / 6.92250; 79.91806
အဖွဲ့အစည်း
ဂရုစိုက်မှုစနစ်Public
ငွေကြေးအထောက်အပံ့အစိုးရဆေးရုံ
ဆေးရုံအမျိုးအစားInfectious Disease
ဝန်ဆောင်မှုများ
အရေးပေါ်ကုသရေးဌာနYes
ကုတင်အရေအတွက်300 (estimate)
လင့်များ
ဝက်ဘ်ဆိုဒ်health.gov.lk

ကူးစက်ရောဂါကုဆေးရုံ (အန်ဂိုဒါအဖျားရောဂါကုဆေးရုံ) သည် သီရိလင်္ကာနိုင်ငံ၊ အန်ဂိုဒါမြို့တွင် တည်ရှိသည့် အစိုးရဆေးရုံတစ်ခု ဖြစ်သည်။ “IDH ဆေးရုံ” ဟု လူသိများကြသည်။ ထို့အပြင် ၎င်းကို ယခုအခါ၌ အမျိုးသားကူးစက်ရောဂါအဖွဲ့ဟု သိကြသည်။ ၂၀၁၇ ခုနှစ်တွင် ဆေးရုံ၌ ခုတင် ၂၂၀ ရှိသည်။ ဤခုတင်အရေအတွက်သည် လက်ခံကုသပေးနေသည့် လူနာအရေအတွက်ထက် တခါတရံ နည်းနေတတ်သည်။ ဤဆေးရုံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်ရောဂါကို အဓိကထားကာ ကုသပေးနေသည်။

ဤဆေးရုံတွင် HIV နှင့် အခြားသောကူးစက်ရောဂါများကို အဆင့်မြင့်မားစွာ ကုသထိန်းချုပ်ပေးလျက်ရှသည်။ ၂၀၁၀ ခုနှစ်တွင် သွေးလွန်တုပ်ကွေးအထူးကုသမှုဌာနတစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းဌာနသည် ကိုလံဘိုခရိုင်ရှိ သွေးလွန်တုပ်ကွေးရောဂါထိန်းချုပ်မှု၌ အကောင်းဆုံးအဖွဲ့ဖြစ်လာခဲ့သည်။[၁] ၎င်းသည် သွေးလွန်တုပ်ကွေးဆိုင်ရာ ကုသစောင့်ရှောက်မှုအပေါ် အဓိကထားသော်လည်း ဇန်နဝါရီလ ၂၇ ရက်ပြီးနောက်ပိုင်းတွင် ကိုဗစ် ၁၉ ရောဂါကုသမှုပေါ်၌ပါ အဓိကထားကုသပေးခဲ့သည်။ သီရိလင်္ကာ၌ ပထမဆုံးတွေ့ရှိခဲ့သည် ကိုဗစ်ရောဂါအတည်ပြုလူနာသည် အသက် ၄၄ နှစ်အရွယ် တရုတ်လူမျိုးအမျိုးသမီးဖြစ်ကာ သူမသည် ဟူပေစီရင်စု၊ တရုတ်နိုင်ငံမှ လာရောက်ခဲ့သူ ဖြစ်သည်။[၂][၃] ၂၀၂၀ ခုနှစ် ကိုဗစ်ကူးစက်ရောဂါကာလစီမံကိန်းတွင် ပြင်ဆင်ထားသည့် အိပ်ခန်းများနေရာ ၁၆ ခုကို တိုးချဲ့ခဲ့သည်။ ၎င်းနေရာတွင် ခုတင် ၃၂ လုံးနှင့် လုံလောက်သည့်နားနေခန်းများလည်း ပါဝင်သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. The rise of Dengue continues။ MTV News။ May 4, 2017 တွင် ပြန်စစ်ပြီး။
  2. One Chinese woman tested positive။ LAKE HOUSE။ January 27, 2020 တွင် ပြန်စစ်ပြီး။
  3. IDH transfers another COVID-19 patient to ICU။ Ada Derana။ March 26, 2020 တွင် ပြန်စစ်ပြီး။
  4. New nurses’ quarters for IDH hospital constructed with support of SLPA opened။ Wijeya Newspapers Ltd။ May 11, 2020 တွင် ပြန်စစ်ပြီး။