ကူတွတ်မင်နာ အဆောက်အဦးအစုအဝေး

ဝီကီပီးဒီးယား မှ
ကူတွတ်မင်နာ နှင့် ၎င်း၏ အထိမ်းအမှတ်အဆောက်အဦးများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အိန္ဒိယ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iv
ကိုးကား ၂၃၃
ဒေသ** အာရှ နှင့် ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၉၃  (၁၇ ကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
အာနန် တားလ် အနားရှိ အစ္စလာမ်ခေတ် မတိုင်မီ အပျက်အစီးများကို တူးဖော်ခြင်း

ကူတွတ် အဆောက်အဦး အစုအဝေးသည် အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ မယ်ရော်လီတွင် ရှိသော ဒေလီစူလတန်တို့၏ အထိမ်းအမှတ် အဆောက်အဦးများနှင့် အခြား အဆောက်အဦးများ ဖြစ်သည်။ [၁] ကူတွတ်မင်နာ (အောင်ပွဲမျှော်စင်) ဆိုသော အဆောက်အဦး၏ အမည်မှာ ဘာသာရေးပုဂ္ဂိုလ်ဖြစ်သော ကွတ်ဘာဒင် ဘာတီယာ ကာကီ ကို အစွဲပြု၍ မမ်လွတ်မင်းဆက်၏ ပထမစူလတန်ဖြစ်လာမည့် ကွတ်အူဒင် အိုင်ဘတ်ခ်မှ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ အဆောက်အဦး ဆောက်လုပ်ခြင်းအား ၎င်း၏ အရိုက်အရာကို ဆက်ခံသူ အီလ်တွတ်မစ်ရှ် (သို့မဟုတ် အော်လ်တာမက်ရှ်) က ဆက်လက် လုပ်ဆောင်ခဲ့ပြီး နောက်ဆုံး ပြီးစီးခဲ့သည်မှာ အေဒီ ၁၃၆၈ တွတ်ဂူလတ်ခ်မင်းဆက်မှ ဒေလီစူလတန် ဖီရော့ဇ် ရှား တွတ်ဂူလတ်ခ် လက်ထက်တွင် ဖြစ်သည်။ ကူဘတ်-အာလ်-အစ္စလာမ် (အစ္စလာမ်၏ ထိပ်အမိုးခုံး) ဗလီမှာ နောက်ပိုင်းတွင် ကူဝတ်-အာလ်-အစ္စလာမ် အဖြစ် ပြောင်းလဲပျက်စီးသွားပြီး [၂] ကူတွတ်မင်နာ၏ ဘေးတွင် ဆက်လက်တည်ရှိသည်။ [၃][၄][၅][၆][၆]

နောက်ပိုင်း အုပ်စိုးသူများ ဖြစ်ကြသော တွတ်ဂူလတ်ခ်၊ အလာအူဒင် ခါလ်ဂျီနှင့် ဗြိတိသျှတို့သည် အဆောက်အဦး အစုအဝေးအတွင်း နောက်ထပ် အဆောက်အဦးများ ထပ်မံတည်ဆောက်ကြသည်။[၇] ကူတွတ်မင်နာ နှင့် ကူဝတ်-အာလ်-အစ္စလာမ် ဗလီတို့ အပြင် အဆောက်အဦးအစုအဝေး အတွင်းရှိသော အခြားအဆောက်အဦးများမှာ အလိုင်း ဒါဝါဇာ တံခါးပေါက်၊ အလိုင်းမီနာ၊ သံဒေါက်တိုင်၊ အချို့သော အစောပိုင်း ဂျိမ်းဘုရားကျောင်းတို့၏ အပျက်အစီးများ နှင့် အီလ်တူမစ်ရှ်၊ အလာအူဒင် ခါလ်ဂျီ နှင့် အီမန် ဇာမင်တို့၏ ဂူသင်္ချိုင်းများ တို့ ဖြစ်ကြသည်။[၄]

ယနေ့တွင် ၎င်းနှင့် ဆက်နေသော နေရာများရှိ ဘာဘန်၏ ဂူသင်္ချိုင်း အပါအဝင် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦးများကို အိန္ဒိယ ရှေးဟောင်းသုတေသန ကွင်းဆင်းတိုင်းတာရေး ဌာနမှ မယ်ရော်လီ ရှေးဟောင်းသုတေသနဥယျာဉ်အဖြစ် သတ်မှတ်တည်ဆောက်ထားပြီး အိန္ဒိယအမျိုးသား အနုပညာနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ ထိုဥယျာဉ်အတွင်း အထိမ်းအမှတ် အဆောက်အဦး ၄၀ ခန့်ကို ပြန်လည်မွမ်းမံထားသည်။[၈] ထို့ပြင် ထိုနေရာသည် နှစ်စဉ် နိုဝင်ဘာလ မှ ဒီဇင်ဘာလအတွင်း ကျင်းပသော ကူတွတ်ပွဲတော် ကျင်းပရာ နေရာဖြစ်ပြီး အနုပညာရှင်များ၊ ဂီတပညာရှင်များနှင့် အကပညာရှင်များက ၃ ရက်ကျော် ဖျော်ဖြေတင်ဆက်လေ့ ရှိကြသည်။ ကူတွတ်မင်နာ အဆောက်အဦးအစုအဝေးသည် ၂၀၀၆ ခုနှစ်တွင် လာရောက်လည်ပတ်သူ ၃.၉ သန်း ရှိသဖြင့် အိန္ဒိယ၏ တစ်နှစ်လုံး လည်ပတ်သူအများဆုံး နေရာဖြစ်ကာ တာ့ဂျ်မဟာရ် ၏ ရှေ့တွင် ရှိသည်။[၉]


ကိုးကား[ပြင်ဆင်ရန်]

  1. Chandra၊ Satish (2003)။ History of architecture and ancient building materials in India။ Tech Books International။ p. 107။ ISBN 8188305030.
  2. Patel, A (2004). "Toward Alternative Receptions of Ghurid Architecture in North India (Late Twelfth-Early Thirteenth Century CE)". Archives of Asian Art 54. 
  3. Javeed၊ Tabassum (2008)။ World Heritage Monuments and Related Edifices in India။ Algora Publishing။ ISBN 0-87586-482-126 May 2009 တွင် ပြန်စစ်ပြီး
  4. ၄.၀ ၄.၁ Qutub Minar; Qutub Minar Government of India website.
  5. World Heritage Monuments and Related Edifices in IndiaPage.14,263။ Google Books။ 26 May 2009 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ Epigraphia Indo Moslemica, 1911–12, p. 13.
  7. Page, J. A. (1926) "An Historical Memoir on the Qutb, Delhi" Memoirs of the Archaeological Society of India 22: OCLC 5433409; republished (1970) Lakshmi Book Store, New Delhi, OCLC 202340
  8. Discover new treasures around Qutab။ The Hindu (28 March 2006)။ 10 August 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2009 တွင် ပြန်စစ်ပြီး။.
  9. Another wonder revealed: Qutub Minar draws most tourists, Taj a distant second။ Indian Express (25 July 2007)။ 13 August 2009 တွင် ပြန်စစ်ပြီး။