ကုသိုလ်ကမ္မပထ တရား ဆယ်ပါး
ကုသိုလ်ကမ္မပထ တရား ဆယ်ပါး
၁။ ဒါန - သဒ္ဒါကြည်ဖြူပေးလှူရခြင်း။ (နှမြောတွန့်တိုမှုမရှိခြင်း)
၂။ သီလ - ကာယ၊ ဝစီ ထိုနှစ်လီသော ဒုစရိုက်ကို မလိုက် ပယ်ကြဥ်ရခြင်း။ (စောင့်ထိမ်းနိုင်မှု)
၃။ ဘာဝနာ - သမထ၊ ဝိပဿနာ ထိုနှစ်ဖြာကို လေ့လာ ပွားများရခြင်း။ (သတိရှိမှုနှင့်ပွားများနိုင်မှု)
၄။ အပစာယန - ရတနာသုံးပါး နှင့် ဆရာသမား မိဘ စသောသူများကို ရိုသေရခြင်း။ (အတ္တထောင်လွှားမှုကင်းခြင်း)
၅။ ဝေယျာဝစ္စ - ကုသိုလ်ဖြစ်ဖွယ် ဝတ်ကြီးဝတ်ငယ်ကို သယ်ပိုးဆောင်ရွက်ရခြင်း။ (မာနကင်းသော လုပ်ငန်းဆောင်တာ)
၆။ ပတ္တိ ဒါန - မိမိပြုထားသော ကောင်းမှုအစုစုကို အမျှပေးဝေ မျှဝေခံစားစေခြင်း။ (ဝန်တိုကင်းသော ပေးကမ်းစွန့်ကြဲမှု)
၇။ ပတ္တနုမောဒန - သူတပါးပြုသော မြတ်ကောင်းမှုကို သာဓုခေါ် ကောင်းချီးပေး ဝမ်းမြောက်ရခြင်း။ (မနာလိုရှင်းသောဝမ်းမြောက်မှု)
၈။ ဓမ္မသာဝန - ဘုရားစကား မြတ်တရားကို နာကြားဆည်းပူးအပ်ခြင်း။ (တရားဓမ္မ ပညာလေ့လာဆည်းပူးလိုစိတ်)
၉။ ဓမ္မဒေသနာ - ဘုရားစကား မြတ်တရားကို ဟောကြား ပွားများအပ်ခြင်း။ (တရားဓမ္မ ပညာပျံ့ပွားစေလိုစိတ်)
၁၀။ ဒိဋ္ဌိဇုကမ္မ - နိဗ္ဗာန်ရောက်ကြောင်း ကောင်းသော အယူကို ဖြောင့်မတ်စွာယူခြင်း။ (ရိုးရှင်းသောခံယူချက်)