ကုလားပိတောက်

ဝီကီပီးဒီးယား မှ
Dalbergia sissoo
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးဇာတ်: Dalbergieae
မျိုးစု: Dalbergia
မျိုးစိတ်:
D. sissoo
ဒွိနာမ
Dalbergia sissoo
Synonyms[၂]
  • Amerimnon sissoo (Roxb.) Kuntze

ကုလားပိတောက် ပင်မှာ ပေ ၆၀ ခန့်မြင့်ပြီး လုံးပတ်မှာ ၆ ပေမှ ၁၂ ပေခန့် ရှိသည်။ အကိုင်းများသည် အောက်သို့ ကိုင်းညွှတ်၍ တွဲလွဲ ကျဆင်းနေတတ်သည်။ အမွှေးနုကလေးများ ရှိသည်။ အခေါက်မှာ ၁ လက်မခန့် ထူ၍ အနည်းငယ် အဝါရောင်သန်းပြီး ပြာနှမ်းနှမ်း ရှိသည်။ အရွက်မှာ ဝိုင်းပြီး ချွန်ကာ ဇီးရွက်ခန့်မျှ ရှိသည်။ အရွက်နုသည် အလွန်စိမ်းပြီး အရွက်ရင့်မှာ အနည်းငယ် နီရောင်သမ်း၍ ပြာနှမ်းနှမ်း ရှိသည်။ အပွင့်များမှာ သေး၍ ဖြူနုရောင် ရှိသည်။ အဆုပ်လိုက် ပွင့်သည်။ အသီးမှာ အလွန်ပြား၍ မာသည်။ လက်လေးလက်ဆ ရှိ၍ ခိုင်မာသည်။ ကုလားပိတောက် ၃ မျိုးရှိပြီး အနက်မျိုး၊ အဝါမျိုး နှင့် အဖြူမျိုးတို့ ဖြစ်သည်။ အသားနှင့် အစေ့မှ အဆီကို ထုတ်ယူရသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. "Dalbergia sissoo" (2020). IUCN Red List of Threatened Species 2020. IUCN. 
  2. The Plant List: A Working List of All Plant Species၊ 16 December 2019 တွင် မူရင်း အား မော်ကွန်းတင်ပြီး12 December 2015 တွင် ပြန်စစ်ပြီး
  3. အရှင်နာဂသေနာဘိဝံသ (ဓမ္မာစရိယ) ၊ (မြန်မာသက္ကရာဇ် ၁၃၁၈)၊ " အရှင်နာဂသိန် ပုံပြဆေးအဘိဓာန် " ၊ မင်္ဂလာ ပုံနှိပ်တိုက်