ကုလားကင်ပွန်း

ဝီကီပီးဒီးယား မှ

Sapindus trifoliatus
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
Division:
Tracheophyta
မျိုးပေါင်း:
Magnoliopsida
မျိုးစဉ်:
Sapindales
မျိုးရင်း:
Sapindaceae
မျိုးစု:
မျိုးစိတ်:
Sapindus trifoliatus
Synonyms

Sapindus mollis Bl.
Sapindus laurifolius Vahl
Sapindus acutus Roxb. ex Wight & Arn.
Sapindus abstergens Roxb. ex Wight & Arn.

ကုလားကင်ပွန်း သည် အပင်ကြီးမျိုး ဖြစ်ပြီး ပေ၂၀ မှ ၃၀ အထိ မြင့်သည်။ အညာဒေသတွင် အများဆုံး ပေါက်ရောက်သည့် ၎င်း၏ အရွက်သည် ရွက်ဆိုင် ထွက်သည်။ အပွင့်သည် ဖြူပြီး အဆုပ်လိုက် ပွင့်သည်။ တန်ဆောင်မုန်းမှ တန်ခူးအထိ ၆ လ တစ်ကြိမ် အသီးသီးကာ အပွင့်ပွင့်လျှင် ပိတောက်ကဲ့သို့ အဆုပ်လိုက်၊ အခိုင်လိုက် ပွင့်ပြီး၊ အသီးသီးလျှင် အဆုပ်လိုက်၊ အခိုင်လိုက် သီးသည်။ သီတင်းကျွတ် တန်ဆောင်မုန်း၌ ပွင့်ပြီး ပြာသို တပို့တွဲ၌ အသီးရင့်သည်။ အသီးတစ်ခု၌ ၃ မြှောင့် ရှိသည်။ ကင်ပွန်းဟု အမည်တပ်ထားသော်လည်း မြန်မာကင်ပွန်းနှင့် အသီး၊ အပွင့် ၊ အရွက် သဏ္ဌန် မတူပေ။ မြန်မာကင်ပွန်းသီးများကဲ့သို့ အမြှုပ် အချွဲထွက်ခြင်း၊ သန့်ရှင်းစေခြင်းတို့တွင် တူ၍ ကင်ပွန်းဟု အမည်တပ်ထားခြင်း ဖြစ်သည်။

အင်္ဂလိပ်အမည်မှာ threeleaf soapberry ဖြစ်ပြီး လက်တင်အမည်မှာ Sapindus trifoliatus ဖြစ်သည်။[၁]

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

  • ကုလားကင်ပွန်းသီးကို ထုထောင်း၊ အစေ့ထုတ်၊ ရေအနည်းငယ် ထည့်ပြုတ်၊ အအေးခံပြီးနောက် လက်ဖြင့် ခြေ၊ ရေလိုသလောက် ထည့်၍ မွှေပေးလျှင် အမြှုပ်များ ထွက်လာသည်။ ၎င်းအရည်ကို အဝတ်အထည်၊ စောင်၊ ခြင်ထောင် လျှော်ရာ၌ သုံးပါက ဖြူဖွေးသန့်စင်စေပြီး မွှေးပျံ့လာသည့်အပြင် လက်ပူခြင်း၊ လက် ပေါက်ပြဲခြင်း မရှိချေ။
  • ၎င်းအရည်ကို တရော်နှင့် ရော၊ ခေါင်းလျှော်ပါက ချေးများထွက်ကာ ဆံကေသာ နူးညံ့စေသည်။
  • အိုးခွက်ပန်းကန် ဆေးကြောရာ၌ ကုလားကင်ပွန်းပြုတ်ရည်နှင့် ဆေးကြောပါက သန့်စင်စေသည်။
  • ရွှေကို ကုလားကင်ပွန်းသီးနှင့် တစ်ည စိမ်ထားပါက အရောင်တင်သကဲ့သို့ပင် ဝင်းလာစေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်နာဂသေနာဘိဝံသ (ဓမ္မာစရိယ) ၊ (မြန်မာသက္ကရာဇ် ၁၃၁၈)၊ " အရှင်နာဂသိန် ပုံပြဆေးအဘိဓာန် " ၊ မင်္ဂလာ ပုံနှိပ်တိုက်
  2. စီစီသန်း(ဆုရှင်မိုး) (ဇူလိုင် ၂၀၀၀)။ ထူးခြားသစ်ပင်အသုံးဝင်။ နက္ခတ္တရောင်ခြည်။ p. ၁၅၀။