ကုမ္ဘဏ်နတ်

ဝီကီပီးဒီးယား မှ

ကုမ္ဘဏ်နတ် တို့သည် ဝိရူဠှက နတ်မင်းကြီး၏ လက်အောက်ခံ နတ်များ ဖြစ်၏။[၁]

ပုံပန်းသဏ္ဌာန်[ပြင်ဆင်ရန်]

ကုမ္ဘဏ်နတ်တို့သည် ဝမ်းဗိုက်ကြီးမား၏။ မျက်စိသည် နီမြန်းပြူးကျယ်၏။ ဝှေးစေ့သည် အိုးစရည်းကြီးတမျှ ကြီးမား၏။ (ကုမ္ဘ = အိုးစရည်းလောက်ကြီးသော၊ အဏ္ဍ = ဝှေးစေ့ရှိသူ။)[၁]

ဥစ္စာစောင့်[ပြင်ဆင်ရန်]

ပစ္စည်းများ၊ ရတနာများ၊ ရေကန်များ စသည်တို့ကို နတ်များသည် စောင့်ရှောက်၏။ ထိုနတ်များသည် နေရာသို့ ရောက်လာသူတို့အား ဖမ်းစားတတ်၏။ ထိုနတ်တို့ကို ရက္ခိုသ်ဟု ခေါ်၏။ ရက္ခိုသ်တို့သည် ကုမ္ဘဏ်နတ်တွင် ပါဝင်၏။ ယခုအခါတွင်မူ ဥစ္စာစောင့် ဟု ခေါ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဓမ္မာစရိယဦးအေးနိုင် (ဘီအေ) (ဩဂုတ်လ ၂၀၁၀)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။ အခန်း - ၄၀၄၊ တိုက် - ၆၊ ညောင်တန်းအိမ်ရာ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: အလင်းသစ်စာပေ။ pp. ၁၂၃၊ ၁၂၄။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)