ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများ

ဝီကီပီးဒီးယား မှ


ကုန်းဘောင်ခေတ် နန်းတွင်းတွင် အသုံးပြုသော ကာမစပ်ယှက်နည်းများကို ပုရပိုဒ်ဖြင့် မှတ်တမ်း တင်ထားခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် မှတ်တမ်းတင်ထားခဲ့သည်ဟု ယူဆရသည်။ ထိုပုရပိုဒ် မူရင်းကို ရန်ကုန်တက္ကသိုလ် (ပင်မ) စာကြည့်တိုက်တွင် ယနေ့ထက်တိုင် သိမ်းဆည်းထားသည်။ စုစုပေါင်း နည်းစနစ် (၂၆)မျိုး ပါဝင်ပြီး ပုံများနှင့် တကွ မှတ်တမ်းတင် ဖော်ပြထားသည်။ ထိုပုရပိုဒ်တွင် သုံးနှုန်းထားသော အချို့ အခေါ်အဝေါ်များမှာ ယနေ့တိုင် အရပ်သုံးစကားတွင် ခေါ်ဝေါ်သုံးစွဲနေကြဆဲပင် ဖြစ်သည်။ အများစုမှာ ယနေ့ထက်တိုင် အသုံးပြုနေကြသော နည်းစနစ်များ ဖြစ်သော်လည်း အမျိုးသမီးက အပေါ်မှနေပြီး ဆက်ဆံသည့် နည်းစနစ် မပါဝင်သည်မှာ ထိုမှတ်တမ်း၏ ထူးခြားချက် တစ်ရပ်ဖြစ်သည်။ ထိုပုရပိုဒ်တွင် ပါဝင်သော နည်းစနစ်များထဲမှ အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

လှေကြီးထိုး[ပြင်ဆင်ရန်]

မိန်းမမှ လှဲအိပ်နေစဉ် ယောက်ျားက အပေါ်မှထပ်၍ ဆက်ဆံသော သမာရိုးကျ နည်းစနစ် ဖြစ်သည်။ အရပ်သုံးစကားတွင် လှေကြီးထိုး (ရိုးရိုး) ဟု ခေါ်ဝေါ်သုံးစွဲကြသည်။

ပန်းစုတ်[ပြင်ဆင်ရန်]

မိန်းမမှ ပါးစပ်ကို အသုံးပြု၍ ဆက်ဆံသည့် နည်းစနစ် ဖြစ်သည်။

စံရွှင်[ပြင်ဆင်ရန်]

မိန်းမနှစ်ယောက် ဘေးချင်းယှဉ်အိပ်နေသည်ကို ယောက်ျားမှ တစ်လှည့်စီ ဆက်ဆံသော နည်းစနစ် ဖြစ်သည်။

တစ်တီတူးထောင်[ပြင်ဆင်ရန်]

မိန်းမ၏ ခြေထောက်နှစ်ချောင်းကို အပေါ်တည့်တည့်သို့ ၉၀ ဒီဂရီ ထောင်မတ်၍ ဆက်ဆံသော နည်းစနစ် ဖြစ်သည်။

ပုဇွန်တုတ်ကွေး[ပြင်ဆင်ရန်]

မိန်းမ၏ ခြေထောက်နှစ်ချောင်းကို ကွေးထားပြီး လှဲအိပ်နေစဉ် ယောက်ျားက အပေါ်မှ ထပ်၍ ဆက်ဆံသော နည်းစနစ် ဖြစ်သည်။

မုဆိုးတိုက်(ကုန်းတိုက်)[ပြင်ဆင်ရန်]

မိန်းမမှ လေးဘက်ထောက်၍ ယောက်ျားက နောက်မှနေ၍ ဆက်ဆံသော နည်းစနစ် ဖြစ်သည်။

တစ်ပေါင်ကျော်[ပြင်ဆင်ရန်]

မိန်းမမှ လှဲအိပ်နေစဉ် ယောက်ျားက နောက်မှ လှဲအိပ်၍ ပေါင်တစ်ဖက်ကို ကျော်ခွ၍ ဆက်ဆံသောနည်း ဖြစ်သည်။

ဗဟိုရ်စည်ကြီးရွှမ်း[ပြင်ဆင်ရန်]

မိန်းမမှ ဒူးကွေးထားပြီး ခြေနှစ်ဖက်ကို မြှောက်၍ လက်ဖြင့် ပိုက်ထားသည်။ ပိုက်ထားသော လက်နှစ်ဖက်ကို ပုဝါစဖြင့် ချည်၍ ဗဟိုစည်တီးသော ပုံသဏ္ဌန် တစ်ချက်ချင်း ဆက်ဆံသော နည်းစနစ် ဖြစ်သည် ။