ကုန်းပြိုင်လောင်းပြိုင်ပွဲ

ဝီကီပီးဒီးယား မှ

ရခိုင်ကုန်းပြိုင်လောင်းပွဲ[ပြင်ဆင်ရန်]

  • (ရခိုင်အရေးအသားများဖြစ်၍ မြန်မာလို စီလျော်အောင် ပြင်ပေးစေခြင်သည်။)
ရခိုင်ကုန်းပြိုင်လောင်းပွဲ

ပြိုင်လောင်းဟုပြောလျှင် အကျွန်ုပ်ရို့ရခိုင်သားများ ရီကိုပြီးမြင်ကတ်လိမ့်မည်။ အခု အကျွန်ရွီးမည့်ပြိုင်လောင်းအကြောင်းသည် ရီတွင်ပြိုင်ခြင်းမဟုတ်၊ ကုန်ထက်တွင် ထူးထူးဆန်းဆန်း ပြိုင်ခြင်းဖြစ်သည်။ အကျွန်ဘဝတသက်တွင် တခါရာ မြင်ဖူးပါသည်။ အကျွန်အသက် (၁၂) အရွယ်ခန့်တွင်ဖြစ်သည်။ ပေါက်တောတွင် လိုင်ရိုးတော်ဓာတ်စေတီပွဲ ကျင့်ပသည်။ ထိုဘုရားပွဲကို နှစ်စဉ်နှစ်တိုင်းကျင့်ပ၍ စည်လည်းကကောင်းစည်ပါသည်။

လူပေါင်းထောင်သောင်းများစွာ ပါဝင်ဆင်နွဲကတ်ပါသည်။ ထိုပွဲတွင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖုံဖုံ၊ အက၊ အားကစပ်၊ ခရမ်းသီးဇာတ် ယင်းပိုင်အစုံပါသည်။ အကျွန် ယင်းပြိုင်လောင်းအကြာင်း အသက် (၁၂) အရွယ်ခန့်ဖြစ်၍ လုံးစိပတ်စိမမှတ်မိပါ။ ယေကေလည်း မှတ်မိသလောက်တင်ပြလားပါမည်။

ယင်းကုန်းပြိုင်လောင်းကို ပုံဖော်ရာတွင် ပုတ်၊ ဖျာ (ဝါ) ရိုင်လိပ်များကို လောင်းပုံပိုင် ဓားနှင့်ပိုင်းဖြတ်ပုံဖော်ရသည်။ အားကောင်းမောင်းသန်၊ ဖျတ်လတ်သော လောင်းလှော်သားများက ဘေးတဖတ်တချက်တွင် ထိုလောင်းပုံဖော်ထားသော ပုတ်၊ ဖျာ (ဝါ) ရိုင်လိပ်များကို ဝါး (သို့မဟုတ်) သစ်သားဒဂုံများနှင့် ပူးချိုင်ရသည်။ ဒဂုံကွင်များမှာ တခုနှင့်တခု အကွာအဝီး (၁) ပေ (၇) လက်မလောက် အကွာဟိသည်။ လောင်းလှော်သားများသည် ဒဂုံကွင်းများအလယ်တွင် ရပ်လျှက်အနီထားဖြင့် ကုန်းပြိုင်လောင်းအား ခိုင်မာသောကြိုးများဖြင့် ပက်ခုံးထက်တွင် ထမ်းတင်ထားရသည်။

လောင်းတလောင်းတွင်ဦးရေ (၁၅) ယောက်မှ (၁၇) ယောက်ထိပါဝင်သည်။ အဝီးကကြည့်မည်ဆိုပါ အလွန်လှပခန့်ငြားသော ကုန်းပြိုင်လောင်းကြီးကိုမြင်နိုင်သည်။ ပြိုင်လောင်း၏ပြင်ဘက်နံများကိုလည်း ပန်းချီအလှများဖြင့် ပုံဖော်ထားသည်။ လောင်းလှောင်းသားများအနီထားမှာ ရီပြိုင်လောင်းပိုင် အတူတူဖြစ်သည်။

လောင်းလှော်သားများသည် သူရို့၏လှော်တက်များကို အားမာန်အပြည့်ဖြင့် ကိုင်ထားကတ်ရသည်။ ပြိူင်ပွဲဝင်အသင်းများသည် တာမထွက်မှီ တစင်းနှင့်တစင်းပြိုင်တူရပ်လျှက် ဒိုင်လူကြီးအချက်ပီး ပုလီသံကို စောင့်နီကတ်ရသည်။ ရီပြိုင်လောင်းနှင့် စည်ကမ်းချက်များအတူတူဖြစ်သည်။ ပုလီအချက်ပီးသံကြားလျှင်ကြားချင်း ပန်းတိုင်သို့ အယင်ဆုံးရောက်ရန် လှော်တက်များကိုလှော်၍ ပြိုင်တူပြီးကတ်ရသည်။ အေကုန်းပြိုင်လောင်းပွဲကြည့်ရသည်မှာ ရယ်ဖို့ပျော်ဖို့ကောင်းရေပိုင် အားပါဖို့လည်း ကကောင်းကောင်းပါသည်။ ကုန်းပြိုင်လောင်းသည် ရီပြိုင်လောင်းထက် အဆတရာခက်ခဲသိမ်မွိမည်ဟု အကျွန်ထင်သည်။ ကုန်းပြိုင်လောင်းတွင် အတိုင်ဖောက် ကကောင်းညီရန်လို်ပြီး လောင်းလှော်သားအချင်းချင်း အဟုန်အတူတူပြီးရန် ကကောင်းအရေးကြီးသည်။ မဟုတ်ပါက တစင်းလုံး ဂြမ်းဂြမ်းပြို လဲကျမည်ဖြစ်သည်။

ပန်းတိုင်သို့ စပြီးရာတွင် လှော်တက်များကိုလည်း တပါတည်းလှော်ရသဖြင့် Balanced ဖြစ်ဖို့ ကကောင်းခက်ခဲသောအလုပ်ဖြစ်သည်။ အကျွန့်ရှိတွင်ပင် တချို့သောလောင်းများ ဂြမ်းဂြမ်းပြို လဲကျကတ်ပါသည်။ အကျွန်သည် အချေဘာသာဘာဝအလျှောက် အူပိန်အောင်ရယ်မိပါသည်။ အသင်း တသင်းနှင့်တသင်းလည်း မနာနာအောင် သံကျပ်ထိုးပါသည်။ ရခိုင်ရိုးရာ ကုန်ပြိုင်းလောင်းပြိုင်ပွဲမျိုးသည် ကမ္ဘာ့မည်သည့်နီရာတွင်လည်း ရှာတွိနိုင်မည်မဟုတ်ပါ။ ရခိုင်ပြည်တွင်လည်း ပျောက်ကွယ်လားယာဟုထင်ပါသည်။

ယင်းပိုင်ချစ်ဖို့ကောင်းသော၊ သိမ်မွိနက်နဲသော ရခိုင်ရိုးရာယဉ်ကျေးမှုအမွီနှစ်များအား ထိမ်းသိမ်းဖော်ထုတ်ကတ်ပါရန် ရခိုင်တမျိုးသားလုံး ကြိုးပမ်းကတ်စီချင်ပါသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အေးမောင်( ရင်အုံတော်ဓာတ်)