ကုဏ္ဍဓာန

ဝီကီပီးဒီးယား မှ

အရှင်ကုဏ္ဍဓာနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်ကုဏ္ဍဓာနထေရ် သည် မြတ်စွာဘုရားရှင် နိရောဓသမာပတ်မှ ထတော်မချိန်တွင် ငှက်ပျောခိုင်ကို လှူဒါန်းဆပ်ကပ်ခဲ့သည်။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထို့နောက် ပဒုမုတ္တရမြတ်စွာဘုရားသည် “ တစ်ဆယ့်တစ်ကြိမ် သိကြားမင်း ဖြစ်မည်။ သုံးဆယ့်လေးကြိမ် စကြဝတေးမင်း ဖြစ်မည်” ဟု မိန့်တော်မူ၏။ ထို့ပြင် ဂေါတမမြတ်စွာဘုရား ထက်ထက်တွင် “ကုဏ္ဍဓာန” ဟူသော အမည်ဖြင့် တပည့်သာဝက ဖြစ်မည်ဟု မိန့်တော်မူ၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ကုဏ္ဍဓာနထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ကုဏ္ဍဓာနဝဂ်