ကုဉ္ဇရော ဒန္တေသု ဟညတေ
ပုံပန်းသွင်ပြင်
ကုဉ္ဇရော ဒန္တေသု ဟညတေ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁] (နာဂေါ ဒန္တေသု ဟညတေ ဟူ၍လည်း အဆိုရှိသည်။) ပါဠိဘာသာမှ ဆင်းသက်လာသော စကားရပ်ဖြစ်သည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ကုဉ္ဇရော ဒန္တေသု ဟညတေ ဆိုသည်မှာ ဆင်သည် သူ့မှာ ရှိသော အစွယ်ကြောင့် အသတ်ခံရသည်ဟု အဓိပ္ပာယ်ရသည်။ (ကုဉ္ဇရော - ဆင်ကို၊ ဒန္တေသု - အစွယ်တို့ကြောင့်၊ ဟညတေ - သတ်အပ်၏။) ဆင်၏ အစွယ်သည် တန်ဖိုးကြီးသောကြောင့် လူတို့သည် ဆင်ကို သတ်ဖြတ်၍ အစွယ်ကို ရယူကြသည်။ ဤဆိုရိုးစကားသည် မိမိတွင် ရှိသော ထူးခြားသော အရည်အချင်း သို့မဟုတ် ပစ္စည်းဥစ္စာသည်ပင် မိမိအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးစကားတစ်ခုဖြစ်သည်။ နာဂေါ ဒန္တေသု ဟညတေ ဟူ၍လည်း အဆိုရှိရာ နာဂေါ မှာ ဆင်ကိုပင် ရည်ညွှန်းပါသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၀၀၅-ခန့်] သဒ္ဒါကြီး။ ၅၅၃။ ကိုးကား အမှား - Invalid parameter "'thadargyi553" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၃၁၇] ပုံပြဆေး၊ ဆ၊ ပ။ ၁၀၇။ ကိုးကား အမှား - Invalid parameter "'ponepyasaysapa107" in
<ref>tag. The supported parameters are: dir, follow, group, name.