ကိုလံဘိုမီးပြတိုက်

ဝီကီပီးဒီးယား မှ

Colombo Lighthouse
Galbokka Point
Colombo Lighthouse
Map
တည်နေရာGalbokka Point
Colombo
Sri Lanka
OS grid[၁]
ကိုဩဒိနိတ်6°56′11″N 79°50′27″E / 6.936298°N 79.840766°E / 6.936298; 79.840766ကိုဩဒိနိတ်: 6°56′11″N 79°50′27″E / 6.936298°N 79.840766°E / 6.936298; 79.840766
တည်ဆောက်ခဲ့1820s (first)
ပထမဆုံးမီးထွန်း1952 (current)
ဆောက်လုပ်ရေးstone tower
မီးပြတိုက်ပုံစံcylindrical tower with balcony and lantern on a 1-storey building
အမှတ်အသားunpainted tower, the seaward side is painted in a black and white checkered pattern
မီးပြတိုက်အမြင့်၁၅ မီတာ (၄၉ ပေ)
ဆုံချက်အမြင့်၂၆ မီတာ (၈၅ ပေ)
ပါဝါရင်းမြစ်mains electricity Edit this on Wikidata
အလင်းရင်းမြစ်mains power
အကွာအဝေး၁၅ ရေမိုင် (၂၈ ကီလိုမီတာ; ၁၇ မိုင်)
ဝိသေသလက္ခဏာFl (3) W 10s.
Admiralty numberF0804
NGA number27332
ARLHS numberSLI-005
အော်ပရေတာSri Lanka Ports Authority[၁]

ကိုလံဘိုမီးပြတိုက် သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် တည်ရှိသည့် မီးပြတိုက်တစ်ခု ဖြစ်သည်။ သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်က ထိန်းချုပ်လုပ်ဆောင်လျက်ရှိသည်။ ကိုလံဘိုဆိပ်ကမ်း၏ တောင်ဘက် ဂယ်ဘော့ကာပွိုင့်တွင် တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကိုလံဘိုဆိပ်ကမ်းတိုးချဲ့ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ကိုလံဘိုမီးပြတိုက်အဟောင်းကို ပိတ်ခဲ့ပြီးနောက် ၁၉၅၂ တွင် လက်ရှိ ၂၉ မီတာ (၉၅ ပေ) မြင့်သည့် မီးပြတိုက်ကို တည်ဆောက်ခဲ့သည်။ ၎င်းမီးပြတိုက်ကို သီရိလင်္ကာ၏ ပထမဆုံးသောဝန်ကြီးချုပ်ဖြစ်သည့် Rt Hon D.S. Senanayake က ဖွင့်လှစ်ခဲ့သည်။ ကွန်ကရစ်အောက်ခံဖြင့် တည်ဆောက်ထားသည့် ဤမီးပြတိုက်သည် ၁၂ မီတာ (၃၉ ပေ) မြင့်သည်။ ၎င်း၏ အောက်ခြေတွင် ခြင်္သေ့ရုပ်တု လေးခု တည်ရှိသည်။

အိန္ဒိယသမုဒ္ဒရာကို မြင်ကွင်းကျယ်ပုံစံဖြင့် မြင်ရသဖြင့် ဤပြတိုက်သည် မြို့၏ အထင်ကရနေရာတစ်ခု ဖြစ်လာခဲ့သည်။ သီရိလင်္ကာပြည်တွင်းစစ် ပြင်းထန်လာသည့်အခါတွင် ဤမီးပြတိုက်သို့ အများပြည်သူများ လာရောက်လည်ပတ်ခြင်းကို ကန့်သတ်ခဲ့သည်။ ထိုသို့ ပိတ်ပင်ရခြင်းမှာ ဤမီးပြတိုက်တည်ရှိရာနေရာသသည် လုံခြုံရေးမြင့်မားသည့် ဇုန်အတွင်းတည်ရှိနေသည်။ ကိုလံဘိုဆိပ်ကမ်းနှင့် နီးကပ်စွာတည်ရှိနေပြီး ရေတပ်ဌာနချုပ်နှင့်လည်း လမ်းတစ်ဖက်တစ်ချက်တွင် တည်ရှိသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]