ကိုလံဘိုဒတ်ချ်ပြတိုက်

ဝီကီပီးဒီးယား မှ
Colombo Dutch Museum
တည်ထောင်ခြင်း1982
တည်နေရာ95 Prince Street, Colombo, Sri Lanka
အမျိုးအစားHistory
ဝက်ဘ်ဆိုဒ်Department of National Museums website

ကိုလံဘိုဒတ်ချ်ပြတိုက် သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် ဒတ်ချ်ကိုလိုနီခေတ်ကာလသမိုင်းကြောင်းများကို ပြသထားသည့် ပြတိုက်တစ်ခု ဖြစ်သည်။

အဆောက်အဦ[ပြင်ဆင်ရန်]

ပြတိုက်သည် သီရိလင်္ကာနိုင်ငံ , Pettah (Colombo 11), မင်းသားလမ်းတွင် တည်ရှိသည်။ နှစ်ထပ်အဆောက်အဦ ဖြစ်သည်။ ကိုလံဘိုမြို့ကို ဒတ်တို့သိမ်းပိုက်ပိုင်ဆိုင်ခဲ့စဉ်အချိန် (၁၆၅၆ - ၁၇၉၆) တွင် ဤအဆောက်ဦကို တည်ဆောက်ခဲ့သည်။ ဒတ်ချ်သီရိလင်္ကာအစိုးရ Thomas van Rhee (1634 - 1701) က သူ၏ သက်တမ်းကာလတွင် ၁၆၉၂ မှ ၁၆၉၇ ကာလအထိ နေထိုင်ခဲ့သည်။ [၁]ဤအဆောက်အဦကို နှစ်ပေါင်းများစွာ ကာလကပင် အမျိုးမျိုးအသုံးပြုခဲ့ကြသည်။ ဆရာများလေ့ကျင့်ရေးကောလိပ်နှင့် ရဟန်းများညွှန်ကြားရေးအင်စတီကျုအဖြစ်လည်းကောင်း ၁၆၉၆ မှ ၁၇၉၆ ကာလအတွင်းက အသုံးပြုခဲ့ကြသည်။ ထို့အပြင် ကိုလိုနီအရာရှိ August Carl Fredrick Von Ranzow (1759 – 1844) နေထိုင်ခဲ့သည်။ [၂]ထို့အပြင် ဒတ်အရှေ့အိန္ဒီကုမ္ပဏီ၏ ငွေကြေးထောက်ပံမှုနှင့် ဘုန်းကြီးများ၏ ကြီးကြပ်မှုအောက်တွင် မိဘမဲ့ကလေးဂေဟာအဖြစ် လုပ်ဆောင်ခဲ့သည်။ ၁၈၀၀ ပြည့် ဒုတိယနှစ်ဝက်တွင် ၎င်းကို စစ်တန်းလျားအဖြစ်၊ ၁၉၀၀ ပြည့်နှစ်တွင် ရဲများလေ့ကျင့်ရေးကျောင်းအဖြစ် ဗြိတိသျှတို့သည့် အသုံးပြုခဲ့ကြသည်။ ၁၉၃၂ ခုနှစ်တွင် ၎င်းကို ပတ်တက်စာတိုက်ရုံး (pettah) အဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၇၁ ခုနှစ်နောက်ပိုင်းတွင် ကြီးမားစွာမိုးရွာသွန်းမှုကြောင့် အပြင်ဘက်နံရံများသည် ပြိုကျကုန်ပြီး အဆောက်အဦကို ပစ်ထားခဲ့သည်။ Royal Asiatic Society နှင့် the Dutch Burgher Union တို့က အဆောက်အဦကို ဖျက်ဆီးပစ်မည့် အစီအစဉ်ကို ဆန့်ကျင်ခဲ့ကြသည်။ ၁၉၇၃ တွင် သီရိလင်္ကာခရီးသွားဘုတ်အဖွဲ့၊ ရှေးဟောင်းသုတေသနဌာန၊ သီရိလင်္ကာရှိ နယ်သာလန်ကျောင်းသားဟောင်းများ၊ အမျိုးသားစာပေတိုက် စသည့်ကိုယ်စားလှယ်များဖြင့် ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့က အဆောက်အဦကို ပြန်လည်ပြင်ဆင်ရန်နှင့် ဒတ်ချ်ကိုလိုနီခေတ်ကာလအကြောင်း ပြသသည့် ပြတိုက်အဖြစ် ထူထောင်ခဲ့သည်။[၂]

ပြုပြင်မွမ်းမံမှုများကို ၁၉၇၇ ခုနှစ်တွင် စတင်ခဲ့သည်။ နယ်သာလန်အစိုးရမှ ငွေကြေးကူညီပေးပြီး ၁၉၈၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အများပြည်သူသို့ ဖွင့်လှစ်ပေးခဲ့သည်။ အဆောက်အဦတွင် တမူထူးခြားသည့် ဒတ်ကိုလိုနီခေတ်အိမ်များ၏ ဗိသုကာလက်ရာများကို မြင်တွေ့နိုင်သည်။ ၁၉၉၉ ခုနှစ်တွင် သီရိလင်္ကာအစိုးရက အဆောက်အဦအား ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းအဆောက်အဦအဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်သည်ကို ဇွန်လ ၁၈ ရက်နေ့ အစိုးရဂေဇက်အမှတ် ၁၈၈၅ တွင် ကြေညာခဲ့သည်။[၃]

ပြတိုက်တွင် ပြသထားသည့် ဒတ်ကိုလိုနီခေတ် အသုံးအဆောက်ပစ္စည်းများတွင် ပရိဘောဂများ၊ ကြွေထည်မြေထည်များ၊ ငွေကြေးစေ့များ၊ စစ်လက်နက်များ၊ နယ်သာလန်တို့၏ ဘဝနှင့်ယဉ်ကျေးမှုဆိုင်ရာများ စသည်တို့ကို ပြသထားသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Shums၊ Shezna။ "A visit to the Dutch Museum"၊ 24 August 2003။ 26 July 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 16 May 2018။ 
  2. ၂.၀ ၂.၁ ၂.၂ Cader၊ Shabna။ "Heritage Homes - Dutch Museum"၊ 8 July 2012။ 7 June 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2016။ 
  3. "Gazette" (18 June 1999). The Gazette of the Democratic Socialist Republic of Sri Lanka 1085.