ကိုလေးလွင်
ပုံပန်းသွင်ပြင်
ကိုလေးလွင် (၁၉၄၁-၁၉၈၉) သည် မြန်မာလူမျိုး တေးရေးဆရာတစ်ဦး ဖြစ်သည်။ မြန်မာသံစဉ်များထဲမှ သန်းထွန်းလေး၏ 'မွေးဌာနီ'၊ 'မမေ့သောအညာ'၊ 'မမပုသိမ်သူ'စသည့် သီချင်းများ ပလေးဘွိုင်းသန်းနိုင်၊ ပုလဲ၊ မြန်မာပြည်သိန်းတန်၊ မြသီတာ၊ အယ်လ်ခွန်းရီ၊ တက္ကသိုလ်အေးမောင်၊ စိန်လွင်လေး၊ ခင်မောင်ထူး၊ မေခလာ၊ မိုင် စသည့် ခေတ်ပေါ် တေးသံရှင်များအား မြန်မာသံစဉ် ကျောရိုးမပျက်၊ စတီရီယိုတေးသီချင်းများကိုလည်း ရေးစပ်ခဲ့သူ ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် ၁၉၄၁ ခု၊ ဧပြီလ ၂၄ ရက်၌ ဦး အေးချို၊ ဒေါ် သန်းညွန့်တို့က မွေးသည်။ ငယ်မည်မှာ ကျော်ရှိန် ဖြစ်သည်။
၁၉၅၅ ခုတွင် ဂီတနယ်သို့ ဝင်ကာ ဂီတမှူးအဖြစ်လုပ်ကိုင်ရင်း သီချင်းများရေးခဲ့သည်။ [၁]
၁၉၈၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကွယ်လွန်သည်။
ကျော်ကြားသော တေးများ
[ပြင်ဆင်ရန်]- မင်္ဂလာသတင်း
- ကံကော်မြို့တော်
- လှိုင်းပုတ်သံကြောင့် ဗျိုင်း လန့်ပျံသည်
- ကြာလေလေ ခိုင်မြဲလေလေ
- ကြာလေလေ ဝေးမှာ စိုးတယ်
- မမေ့သော အညာ
- ကျနော့်မမ ပုသိမ်သူ
- ခွင့်မပန်ဘဲ သွားပါနဲ့ကွယ်
- သံလွင်ကတော့ စီးမြဲပင်
- ချစ်သူတို့ လျှောက်သောလမ်းကလေး
- ဘယ်သွားနေသလဲ မရွှေဖဲ
- သမင်လိုက်
- တလောကလုံးကို အိပ်ခိုင်းထားချင်တယ်
- ချစ်ခရီးဧရာ
- ကိုကို ယောက်ျားမဟုတ်ဖူး
- မဟာရန်သူ အချစ်တော်ကြီး
- ဒီလိုဒီလိုပါကွယ်
- ယောက်ျားမျက်ရည်
- မိုက်တယ်ဆိုတာ လွယ်ပါတယ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ "တေးချစ်သူများမှ တေးချစ်သူများသို့"။ သပြေ တေးမဂ္ဂဇင်း။ ၁၉၇၅၊ စက်တင်ဘာ။ စာ ၃၈။