ကိုလီခွေး
ကိုလီခွေး များသည် တိရစ္ဆာန် အုပ်ထိန်းရေးခွေးအမျိုးအစားဖြစ်ပြီး မူလဒေသမှာ စကော့တလန်နှင့် မြောက်ပိုင်း အင်္ဂလန်မှ ဆင်းသက်လာခြင်းဖြစ်သည်။ အရွယ်အစားမှာ အလယ်အလတ်ရှိပြီး ပေါ့ပါးသွက်လက်သော ခွေးဖြစ်သည်။ အများစုမှာ လည်ဆံနားတွင် အဖြူရောင်အမွေး ရှိလေသည်။ ကိုလီခွေးတို့သည် အင်မတန် တက်ကြွ၊ ဖျတ်လတ်ကြပြီး သိုး၊ ဆိတ် စသော တိရစ္ဆာန်များကို ကျောင်းရာ၌ ခိုင်မာသော ပင်ကိုဗီဇအသိ ရှိကြသည်။ ယင်းတို့သည် ကမ္ဘာ့အနှံ့၌ ပျံ့နှံ့စွာ နေထိုင်ကြသည်။ အချို့သော ကိုလီခွေးတို့ကို လုပ်ငန်းသုံးခွေးအဖြစ်လည်းကောင်း၊ သိုး ဆိတ် ထိန်းကျောင်းရေးခွေးအဖြစ် လည်းကောင်း၊ ခွေးအားကစားအဖြစ်လည်းကောင်း၊ အချို့ကမူ အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူကြသည်။ မျိုးနွယ်စုတူ ဘော်ဒါ ကိုလီများနှင့် ကိုလီခွေးတို့သည် အင်မတန် အမောခံနိုင်ရည်ရှိကြသည်။ မရပ်မနားဘဲ တစ်နေကုန် ပြေးလွှားနိုင်သည်ဟု ဆိုသည်။[၁] ကိုလီခွေးတို့သည် Stanley Coren ၏ ခွေးအသိဉာဏ်ဟူသော စစ်တမ်းအရ အဆင့် ၁၆ တွင် တည်ရှိသည်။ ဘော်ဒါ ကိုလီမှာမူ အဆင့် ၁ နေရာတွင် ရပ်တည်လျက်ရှိသည်။ ကိုလီခွေးတို့သည် တိရစ္ဆာန် ထိန်းကျောင်းရေးပြိုင်ပွဲများတွင် ပါဝင်ဆင်နွဲနိုင်သည်ဟု ဆိုသည်။[၂]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Border Collie။ http://dogtime.com။+ 16 March 2012 တွင် ပြန်စစ်ပြီး။ “Remember, he was bred to run and work all day herding sheep”
- ↑ (2010) Stockdog Savvy. Alpine Publications. ISBN 978-1-57779-106-5။
![]() | ဤ ခွေးနှင့်သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |