မာတိကာသို့ ခုန်သွားရန်

ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး

ဝီကီပီးဒီးယား မှ

ကိုယ်ဝန်ရှိလာပါလျှင် မိခင်ဘေး အန္ကရာယ် ကင်းရန် မွေးလာသော ကလေး လည်း ကျန်းမာဖို့ ကိုယ်ဝန်ဆောင်နေတုန်းမှာ၊ မွေးဖွားနေတုန်းမှာ၊ မီးတွင်းမှာ အရေးတကြီးလုပ်စရာများရှိသည်။ ကိုယ်ဝန်အပ်ခြင်း ( ဗိုက်အပ်ခြင်း ) သည် ထိုအရေးတကြီးလုပ်စရာများထဲက တစ်ခုဖြစ်သည်။

ကိုယ်ဝန်ရှိပါ က ဆရာဝန် ဖြင့် စောစောပြရန်[ပြင်ဆင်ရန်]

ကိုယ်ဝန်ရှိနေတယ်လို့သိသိခြင်း အစောဆုံးစောင့်ရှောက်မှုကိုခံယူသင့်သည်။

ဆရာဝန်၏ရက်ချိန်းများမှန်⁠မှန်သွားရန်[ပြင်ဆင်ရန်]

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်သည် ကိုယ်ဝန် စောင့်ရှောက်မှု ကို အနည်းဆုံး (၄) ကြိမ်ရသင့်သည်။

  • ပထမအကြိမ် - ကိုယ်ဝန် (၄) လမတိုင်မှီ
  • ဒုတိယအကြိမ် - (၆-၇) လကိုယ်ဝန်
  • တတိယအကြိမ် - (၈) လကိုယ်ဝန်
  • စတုတ္ထအကြိမ် - (၉) လကိုယ်ဝန်

အကယ်၍ လိုအပ်သည်များရှိလာလျှင်မူ ကိုယ်ဝန် စောင့်ရှောက်ပေးသူရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရပါမယ်။

ကိုယ်ဝန် စောင့်ရှောက်မှု ကို ဘယ်သူ့ဆီကယူသင့်သလဲ[ပြင်ဆင်ရန်]

လုံခြုံစိတ်ချရသော မိခင်ဘဝရရှိစေရေးအတွက် စနစ်တကျ စောင့်ရှောက်မှု ပေးနိုင်သော ဆရာဝန်၊ သူနာပြု နှင့် သားဖွားဆရာမများနှင့် ကိုယ်ဝန်ကိုအပ်ပြီး စောင့်ရှောက်မှု ခံယူသင့်သည်။

ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှာ ဘာများလုပ်ပေးနေပါသလဲ[ပြင်ဆင်ရန်]

မိခင်၏ရောဂါရာဇဝင်၊ မွေးဖွားမှုနှင့်ဆိုင်သောရာဇဝင်ယူပြီး ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသည်။ ဒီမှတ်တမ်းက ကိုယ်ဝန်ဆောင်နေစဉ်ကာလတလျှောက်လုံး နဲ့ မီးဖွားသောအချိန်မှာလိုအပ်သော စောင့်ရှောက်မှုများအတွက် အထောက်အကူပြုနိုင်သည်။

  • အထွေထွေစမ်းသပ်စစ်ဆေးခြင်း နှင့် ဗိုက်စမ်းသပ်ခြင်းများပြုလုပ်ပေးခြင်း
  • ဆီးချိုကိုယ်ဝန်ဆိတ်တက်နိုင်သောအခြေအနေများ ရှိ၊ မရှိ သိရှိနိုင် ရန် ဆီးစစ်ရပါမည်။ သို့မှ လိုအပ်သလို ဆက်လက်စစ်ဆေးခြင်း ကုသခြင်းများပြုလုပ် နိုင်မည်ဖြစ်သည်။
  • ကာလသားရောဂါစစ်ဆေးခြင်း

ကာလသားရောဂါ ရှိ မရှိ စစ်ဆေးရန် အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော်၊ ရောဂါရှိခဲ့ပါက မိခင်မှတဆင့် ဗိုက်ထဲမှကလေးအား ကူးစက်နိုင်ပါသောကြောင့် မိမိခင်ပွန်းနှင့်အတူတူ ဆေးကုသမှူ စောစောခံယူထားပါက ကလေးကိုရောဂါမကူးအောင် ကြိုတင်ကာကွယ်ရာရောက်သည်။

  • HIV ပိုးစစ်ဆေးခြင်း

ဆွေးနွေးတိုင်ပင်ပြီး HIV ပိုး ရှိ၊ မရှိ စစ်ဆေးခံယူနိုင်သည်။ ပိုးရှိခဲ့ပါက မိခင်မှတဆင့်ကလေးကို မကူးအောင် ကြို တင်ကာကွယ်နိုင်သောနည်းလမ်းများရှိသည်။

  • သွေးအားနည်းရောဂါ ရှိ၊ မရှိ စစ်ဆေးကုသဖို့လည်းလိုအပ်သည်။
  • သံဓာတ်ပါသောအားဆေးများ တိုက်ကျွေးသင့်သည်။
  • မေးခိုင်ကာကွယ်ဆေး (၂) ကြိမ်ထိုးရပါမည်။ သို့မှသာ မိခင်ရောကလေးပါ မေးခိုင်ရောဂါ မှကာကွယ်ပြီးသားဖြစ်မည်။
  • မွေးဖွားသောအခါမှာ မိခင်ရောကလေးပါ ကျန်းမာဖို့အတွက် ကိုယ်ဝန်ဆောင်နဲ့ပတ်သက်သော ကျန်းမာရေး ဗဟုသုတများ ကြိုတင်ပြင်ဆင်စရာများကို ပညာရှင်များနှင့် ဆွေးနွေးသင့်သည်။

ဆောင်စရာ၊ ရှောင်စရာများ[ပြင်ဆင်ရန်]

  • တစ်ကိုယ် ရေသန့်ရှင်းရေး ကိုဂရုစိုက်ရမည်။
  • အာဟာရ ဖြစ်စေမည့် အစားအစာများစားသုံးပေးရမည်။
  • လုံလောက်အောင် အိပ်စက်အနားယူရမည်။
  • မျှတသော ကိုယ်လက်လှုပ်ရှားမှု လုပ်ရမည်။
  • မွေးဖွားရန်အတွက် ကြိုတင်ပြင်ဆင်ထားရမည်။
  • ပင်ပန်းသော အလုပ်များရှောင်ရမည်။
  • ဆေးလိပ်၊ အရက် ရှောင်ရမည်။
  • ဆရာဝန်၊ ဆရာမ ညွှန်ကြားချက်မရှိဘဲ ဆေးမသောက်သင့်ပါ။

ခင်ပွန်း နှင့် မိသားစုက ဘယ်လိုကူညီပေးနိုင်သလဲ[ပြင်ဆင်ရန်]

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူ ရန်သွားသောအခါ အတူလိုက်ပါပေး နိုင်ပြီး၊ အိမ်တာဝန်အပါအဝင် လိုအပ်သည်များကို ကူညီပေးရပါမည်။ မွေးဖွား ရန် နှင့် အခြေအနေများအတွက် အတူတူပြင်ဆင်ကြရပါမည်။ ဥပမာ အားဖြင့် ငွေကြို စုထားခြင်း၊ အရေးပေါ်ဗိုက်နာပါက ဆေးရုံချက်ချင်းသွားနိုင်ရန် လိုအပ်သည့် ပစ္စည်းများ၊ သွားလာရေး စသည်တို့ကို ကြိုတင်ပြင်ဆင်ထားရှိခြင်း တို့ဖြစ်သည်။

ရပ်ရွာဝန်းကျင်၏အခန်းကဏ္ဍ[ပြင်ဆင်ရန်]

မိခင်နှင့် မွေးလာမည့်ကလေး၏ကျန်းမာရေးမှာ ရပ်ရွာ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးသောကြောင့်

  • ဆေးရုံ ဆေးခန်းသွားလာရေး ချောမွေ့လွယ်ကူစေရန် ကူညီပေးခြင်း။
  • ငွေကြေးအကူအညီ ထောက်ပံ့နိုင်ခြင်း။
  • အရေးပေါ်သွေးလိုအပ်ပါက ရပ်ရွာထဲမှသွေးအလှူ ရှင်များမှ လှူ ပေးနိုင်ခြင်း။
  • အန္တရာယ်ဖြစ်စေနိုင်သော အယူလွဲများ၊ အပြုအမူမှားများကို ဝိုင်းဝန်းဖယ်ရှားပေးခြင်း ဖြင့်ကူညီနိုင်သည်။

ကိုယ်ဝန်ဆောင်ချိန်မှာ အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက နည်းစပ်ရာဆေးရုံ ဆေးခန်းကို အမြန် သွားရန်လိုသည်။[ပြင်ဆင်ရန်]

  • သွေးဆင်းလျှင်
  • ရေဆင်းလျှင်
  • မခံမရပ်နိုင်အောင် ဗိုက်ဆက်တိုက်နာလျှင်
  • ဝမ်းဗိုက်၊ လက် နှင့် မျက်နှာများ ဖောရောင်နေလျှင်
  • ခေါင်းအလွန်ကိုက်လျှင်
  • မျက်စိပြာ၊ အလွန်အော့အန်နေလျှင်
  • ဖျားလျှင်
  • ကလေးအလှုပ်နည်းလျှင်

[၁]

ကိုးကား[ပြင်ဆင်ရန်]