ကိုယ်မချိ အမိသော်လည်း သားတော်ခဲ

ဝီကီပီးဒီးယား မှ

ကိုယ်မချိ အမိသော်လည်း သားတော်ခဲ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။ မြန်မာဆိုရိုးစကား တစ်ခုလည်း ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မိခင်သည် အတိဒုက္ခရောက်နေချိန်တွင် မိမိသားသမီးကိုပင် သားသမီးဟူ၍ မယူဆနိုင်သကဲ့သို့ မိမိ အတိဒုက္ခရောက်နေချိန်တွင် မည်သူ့ကိုမျှ မငဲ့မထောက်နိုင်ဖြစ်သည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

ကမ္ဘာမီးလောင် သားကောင်ချနင်း နှင့်အတူတူဖြစ်သည်။

ဆိုရိုးအဖြစ်အသုံးရှိကြောင်းဖော်ပြချက်[ပြင်ဆင်ရန်]

  • ကိုယ်မချိ၊ အမိသော်လည်း သားတော်ခဲ ဆိုရိုးစကားလည်းရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သတ္တဝါတို့သည် အစာငတ်မွတ်ခေါင်းပါးသောအခါ ကိုယ်မချိ အမိသော်လည်း သားတော်ခဲဆိုသော စကားကဲ့သို့ မည်သူ့ကိုမျှ ညှာတာခြင်း မပြုနိုင်အောင် ရှိသဖြင့်..." [၁၂၈၃] ပညာအလင်း၊ ၄၊ ၁။ ၅။
  • "ငါ့သမီးတော့ ဒီရန်သူရဲ့လက်အောက်မှာ အခိုင်းအစေ ခံရရှာတော့မယ်။ အဖေ အသည်းနာလှတယ် သမီးရယ်။ အဖေလည်း ကိုယ်မချိ အမိသော်လည်း သား တော်ခဲဆိုသလိုမို့သာ ခွင့်လွှတ်ရမှာပဲ။" [၁၃၁၂] ပဒေသာ၊ ၁၊ ၅။ ၉၇။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၉