ကိုယ်ထင် ခုတင်ရွှေနန်း

ဝီကီပီးဒီးယား မှ

ကိုယ်ထင် ခုတင်ရွှေနန်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မြတ်နိုးလျှင် မိမိ အသုံးပြုသော ခုတင်ကိုပင် ရွှေနန်းတော်ဟု ထင်မှတ်သကဲ့သို့ မိမိ မြတ်နိုးသောအရာ ဖြစ်လျှင် တန်ဖိုးမရှိစေကာမူ အလွန်တန်ဖိုးရှိသောအရာဟု စိတ်တွင် ထင်မှတ်သည်။

ဆိုရိုးအဖြစ်အသုံးရှိကြောင်းဖော်ပြချက်[ပြင်ဆင်ရန်]

  • မချစ်မလှ၊ ချစ်လျှင်လှ - ဆိုရိုးလည်းရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကိုယ်ထင် ခုတင်ရွှေနန်း ဆိုသလို ဘဘ်သူပင်ရယ်ရယ် ကိုယ်ရတဲ့စည်းစိမ်နှင့် တင်းတိမ်လျှင် ပြီးရောပေါ့။" [၁၂၈၆] သောတ၊ ပ။ ၂၁၇။
  • "သူ့အပြောတော့ သိပ်ချောသတဲ့၊ ကျွန်တော်တို့မျက်စိထဲမှာတော့ တော်ရုံပါပဲ။ ကိုယ်ထင်ရင် ခုတင်ရွှေနန်းမို့ မကဲ့ရဲ့သာပြီ။" [၁၂၉၅] သူရိယ၊ ၁၇၊ ၁၁။ ၅၀။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၉