ကိုယ်ကောင်း ခေါင်းဘယ်မရွေ့

ဝီကီပီးဒီးယား မှ

ကိုယ်ကောင်း ခေါင်းဘယ်မရွေ့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကိုယ်ခန္ဓာကောင်းနေလျှင် ဦးခေါင်းသည် အခြေအနေမပျက် ရပ်တည်နိုင်သကဲ့သို့ အခြေခံစေတနာမှန်ကန်လျှင် အခြေအနေမပျက် ရပ်တည်နိုင်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အချို့ကလည်း အမနာပစကား တရားမဲ့သည်ဟု ဆိုသူဆို၊ ကြည်ညိုသူ သူတော်ကောင်းတို့ကလည်း ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှ မရွေ့ဘူး ဟု ထူးလို့သာ ကြည်ညိုလျက်ရှိကြကြောင်း။" [၁၂၇၅] စံပယ်။ ၂၃၀။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၈