မာတိကာသို့ ခုန်သွားရန်

ကိုယ်ကသွေး ဘေးကိုပြု၊ တောကဆေး ဘေးကိုကု

ဝီကီပီးဒီးယား မှ

ကိုးကားချက်များ

[ပြင်ဆင်ရန်]

ကိုယ်ကသွေး ဘေးကိုပြု၊ တောကဆေး ဘေးကိုကု သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ကိုယ်ကသွေး ဘေးကိုပြု၊ တောကဆေး ဘေးကိုကု ဆိုသည်မှာ ကိုယ်တွင်းမှ သွေးသည် ဖောက်ပြန်ကာ ကိုယ့်ကိုယ်ကိုပင် ပြန်လည်၍ ဘေးဖြစ်စေတတ်သည်။ ပြင်ပဖြစ်သော တောအရပ်မှ ဆေးဖက်ဝင် အရွက်၊ အမြစ်စသည်တို့ကမူ ကိုယ်၌ ဖြစ်သော ရောဂါကို ကုစားနိုင်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် ကုသနည်းတို့ကို နှိုင်းယှဉ်ဖော်ပြသည်။

  • ကိုယ်ကသွေး ဘေးကိုပြု ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ သွေးသည် မညီမျှခြင်း၊ ဖောက်ပြန်ခြင်းများ ဖြစ်ပေါ်ပါက ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်သည်ဟု ဆိုလိုသည်။ ရှေးခေတ် မြန်မာ့ဆေးပညာအယူအဆအရ သွေးသည် ခန္ဓာကိုယ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သွေး၏ မညီမျှမှုသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု ယုံကြည်ကြသည်။
  • တောကဆေး ဘေးကိုကု ဆိုသည်မှာ တောတောင်များတွင် ပေါက်ရောက်သော ဆေးဖက်ဝင် အပင်များမှ ရရှိသော အမြစ်၊ အခေါက်၊ အရွက်များသည် ခန္ဓာကိုယ်တွင် ဖြစ်ပေါ်သော ရောဂါများကို ကုသနိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။ ရှေးခေတ် မြန်မာ့ဆေးပညာတွင် သဘာဝအပင်များမှ ရရှိသော ဆေးဝါးများကို အဓိက အသုံးပြုခဲ့ကြသည်။

ဆိုလိုရင်းမှာ ရောဂါသည် ခန္ဓာကိုယ်အတွင်းမှပင် စတင်ဖြစ်ပွားနိုင်သော်လည်း သဘာဝတရားမှ ရရှိသော ဆေးဝါးများဖြင့် ကုသနိုင်ကြောင်း ဖော်ပြခြင်းဖြစ်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • တောထဲက ဆေးလည်း သေဘေးကို တားပေသည်။ ကိုယ်ထဲကသွေးလည်း သေဘေးကို ပွားစေသည်။ []
  • မကောင်းလျှင်မူ၊ ကိုယ်တွင်ဖြစ်ပွား၊သွေးနှင့်သားလည်း၊ ကြီးမားစင်စစ်၊ ရန်သူဖြစ်၏၊ အမြစ်အဥ၊ ဆေးအစုကား၊ တစ်ခုသော်မျှ၊ ကိုယ်ကမပါ၊ တောကလာလျက်၊ ချမ်းသာဆောင်တတ်၊ ကျိုးရှိမြတ်၏။ []
  • ကိုယ်ကသွေး ဘေးကိုပြု၊ တောကဆေး ဘေးကိုကုဟု ဆိုရိုးစကား ရှိခဲ့ပါသည်။…သွေးဖောက်ပြန်သောကြောင့် ဘေးရောဂါ ကပ်ရောက်ရပါသည်။ ကပ်ရောက်လာသော ထိုဘေးရောဂါကို တောမှ ထွက်သော အမြစ်၊ အရွက်၊ အခေါက်၊ ဓာတ်သတ္တု စသည်တို့ဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၂၅-ခန့်] ပုည။ ၅၆။
  3. [၁၂၆၆] မဃ ၂၂၀။
  4. [၁၃၄၅] မြန်ဆေးပင်။ ၁။