ကိုယ့်အထုပ် ကိုယ်ဖြေပြ

ဝီကီပီးဒီးယား မှ

ကိုယ့်အထုပ် ကိုယ်ဖြေပြ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မိမိ၏အစုတ်ထုပ်ကို လူပုံအလယ်တွင် ဖြေပြသကဲ့သို့ မိမိနှင့် ပတ်သက်သော အပြစ်အနာဆာများကို မိမိပင် ဖွင့်ဖော်ပြသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဖေးဖေးအုပ်အုပ် လူမသိအောင် ဇာတ်မြှုပ်ထားသင့်ပါလျက် ဖိတ်စာကိုဝေ အကျွေးအမွေးတွေနှင့် ဧည့်ခံကာ ကိုယ့်အထုပ် ညစ်မည်းကို လူပုံထဲ ဖြေပြသလို..." [၁၃၁၀] ပဒေသာ၊ ၁။ ၈၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၄