မာတိကာသို့ ခုန်သွားရန်

ကိုယ့်လိပ်ပြာ ကိုယ်ရှက်

ဝီကီပီးဒီးယား မှ

ကိုယ့်လိပ်ပြာ ကိုယ်ရှက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ကိုယ့်လိပ်ပြာ ကိုယ်ရှက် ဆိုသည်မှာ သိက္ခာမရှိသော အမှုကို ပြုမိလျှင် မိမိကိုယ်ကို စိတ်မလုံဖြစ်တတ်သည်ဟု ဆိုလိုသည်။ လိပ်ပြာ ဟူသော ဝေါဟာရသည် စိတ်၏ အတွင်းပိုင်း၊ ခံစားချက်၊ အသိစိတ် စသည်တို့ကို ရည်ညွှန်းသည်။ မကောင်းသော အမှုတစ်ခုကို ပြုလုပ်မိပါက ထိုအမှုသည် မိမိ၏ စိတ်ထဲတွင် စွဲကျန်ရစ်ပြီး စိတ်မလုံခြုံခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်းများ ဖြစ်ပေါ်စေသည်။ သူတစ်ပါး မသိလျှင်ပင် မိမိကိုယ်တိုင်၏ စိတ်ထဲတွင် ရှက်ရွံ့နေခြင်းကို ကိုယ့်လိပ်ပြာ ကိုယ်ရှက် ဟု တင်စားပြောဆိုခြင်းဖြစ်သည်။ ဤဆိုရိုးစကားသည် ကောင်းသောအမှု ပြုလုပ်ရန်၊ မကောင်းမှုမှ ရှောင်ကြဉ်ရန် သွန်သင်ဆုံးမထားသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • အသံလုပ် တရားဟောရာ၌ ကိုယ့်လိပ်ပြာ ကိုယ်ရှက်ဆိုသလို ရှက်ဖွယ် ကောင်းလှ၏။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၁၄] ကိုယ်ကျင့်။ ၂၃၄။ ကိုးကား အမှား - Invalid parameter "'kokyint234" in <ref> tag. The supported parameters are: dir, follow, group, name.