ကိုယ့်ရှူး ကိုယ်ပတ်

ဝီကီပီးဒီးယား မှ

ကိုယ့်ရှူး ကိုယ်ပတ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကိုယ့်ရှူး ကိုယ်ပတ်ဆိုသကဲ့သို့ မိမိ၏ မကောင်းသော အကြံကြောင့် မိမိပင် ဒုက္ခဖြစ်သည်။

ရှေးအခါက ရွာတစ်ရွာတွင် လူတစ်ယောက်သည် ပြစ်မှုကျူးလွန်မိသဖြင့် အမှုမှလွတ်ရန် ရှေ့နေငှားရမ်းသည်။ ရှေ့နေခကိုမူ အမှုပြီးမှ ပေးရန် သဘောတူထားကြသည်။ ရုံးတော်တွင် စစ်ဆေးသည့်အခါ တရားခံသည် မေးသမျှကို ပြန်မဖြေဘဲ ရှေ့နေမှာကြားထားသည့်အတိုင်း ရူးဟန်ဆောင်၍ ရှူးရှူး ဟုသာဆိုနေသည်။ နောက်ဆုံးတွင် ရုံးမင်းက ဤလူသည် စိတ်မနှံ့သူတစ်ဦးသာ ဖြစ်သည်ဟုဆိုကာ အမှုမှတရားသေ လွှတ်လိုက်သည်။ တရားပြီးပြတ်၍ ရှေ့နေက အမှုသည်ထံမှ ရှေ့နေခတောင်းသည့်အခါ မပေးဘဲ ရှူးရှူး ဟုသာ ဆိုလေသည်။ ရှေ့နေဖြစ်သူသည် မကြံတတ်တော့ဘဲ ကိုယ်ရှူးက ကိုယ့်ကို ပြန်ပတ်ချေပြီ ဟု ညည်းညူလေသည်။ ပုံပြင်

ဆိုရိုးအဖြစ်အသုံးရှိကြောင်းဖော်ပြချက်[ပြင်ဆင်ရန်]

သူတစ်ပါး မကောင်းကြံ ကိုယ့်မှာ ဘေးဒဏ်ထိ ဆိုရိုးလည်းရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကိုယ့်ရှူး ကိုယ်ပတ်ဆိုသလို အတ္တဆိုတဲ့ ငါ့စကားဖြင့် ပြန်ပတ်လျှင် အခက်သားပဲ။" [၁၂၆၉] ဒေရီ၊ စ။ ၂၁။
  • "ကိုယ့်အတတ်နှင့် ကိုယ်စူး၊ ကိုယ့်ရှူး ကိုယ်ပတ်ဦးတော့မယ်။" [၁၂၇၈] တင်မြ၊ ဒု။ ၁၉၃။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၂