ကိုယ့်တပ် ကိုယ် ပြန်နင်း

ဝီကီပီးဒီးယား မှ

ကိုယ့်တပ် ကိုယ် ပြန်နင်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

တပ်ဦးမှ တို်က်သော ဆင်သည် ရန်သူကို နင်းရမည့်အစား မိမိတပ်ကို မိမိ ပြန်၍ နင်းသကဲ့သို့ မိမိဘက်သားများ အကျိုးမဲ့အောင် ပြုလုပ်သည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ကိုယ့်တပ်က ကိုယ့် ပြန်တိုက် ဟူ၍လည်း အသုံးရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဒီလူတန်းစားက သူတို့အကျိုးစီးပွားနဲ့ ဆိုင်တဲ့ ကိစ္စဆိုရင် ကိုယ့်တပ် ကိုယ် ပြန်နင်းတတ်တယ်ဆိုပြီး သတိပေးတဲ့ ကာတွန်းပဲ။" [၁၃၃၁] ရွှေရိုး၊ ပ။ ၆၀။
  • "ကိုယ့်တပ်က ကိုယ့် ပြန်တိုက် ဆိုသကဲ့သို့လည်းကောင်း၊ ကိုယ့်လူ သူ့ဘက်သားဆိုသကဲ့သို့လည်းကောင်း..." [၁၂၇၅] စာဏကျ၊ ပ။ ၉၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၀