မာတိကာသို့ ခုန်သွားရန်

ကိုပေးစစ်တပ်အခြေစိုက်စခန်း

ဝီကီပီးဒီးယား မှ
Kopay Army Base
Sri Lanka ရှိ  Kopay
Kopay Army Base သည် Northern Province တွင် တည်ရှိသည်
Kopay Army Base
Kopay Army Base
Location within Northern Province
ကိုဩဒိနိတ်09°42′23.30″N 80°02′56.10″E / 9.7064722°N 80.0489167°E / 9.7064722; 80.0489167ကိုဩဒိနိတ်: 09°42′23.30″N 80°02′56.10″E / 9.7064722°N 80.0489167°E / 9.7064722; 80.0489167
အမျိုးအစားMilitary base
နေရာအချက်အလက်
ပိုင်ဆိုင်သူMinistry of Defence and Urban Development
အော်ပရေတာSri Lanka Army
ထိန်းချုပ်သူSecurity Forces Headquarters – Jaffna
အများပြည်သူ
ဝင်ထွက်ခွင့်
No
တပ် အချက်အလက်များ
အစောင့်တပ်51 Division

ကိုပေးစစ်တပ်အခြေစိုက်စခန်း သည် သီရိလင်္ကာနိုင်ငံ၊ ကိုပေးမြို့တွင် တည်ရှိသည့် စစ်တပ်အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။ ဤစခန်းကို တမီကျားများလွတ်မြောက်ရေးတိုက်ပွဲစစ်သင်္ချိုင်း (Liberation Tigers of Tamil Eelam war cemetery) တွင် တည်ဆောက်ထားသည်။

သမိုင်း

[ပြင်ဆင်ရန်]
Kopay war cemetery in 2004

၁၉၉၀ ခုနှစ်အစောပိုင်းတွင် တမီကျားများလွတ်မြောက်ရေး ( Liberation Tigers of Tamil Eelam (LTTE) ) အဖွဲ့သည် ပုန်ကန်ကာ ဂျက်ဖနာကျွန်းဆွယ်ရှိ  Valikamam ဒေသကို ထိန်းချုပ်နိုင်ခဲ့သည်။ သူတို့သည် ကိုပေးမြို့၌ သူတို့၏ သူရဲကောင်းများ (maaveerar) အတွက် မြှုပ်နှံရာသင်္ချိုင်းကို (thuyilum illam) ဆောက်လုပ်ခဲ့သည်။ ၁၉၉၅ ခုနှစ် သီရိလင်္ကာစစ်တပ်သည် Valikamam ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ထွန်စက်များကို အသုံးပြုကာ သင်္ချိုင်းကို ဖျက်ဆီးခဲ့ကြသည်။[][][] နော်ဝေငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့ပြီးနောက်တွင် LTTE အဖွဲ့သည် ကိုပေးမြို့ရှိ သူတို့၏ စစ်သင်္ချိုင်းများကို ပြန်လည်ကာ တည်ဆောက်ခဲ့သည်။[][] ၂၀၀၉ ခုနှစ် မေလတွင် သီရိလင်္ကာစစ်တပ်သည် LTTE ကို အနိုင်ယူလိုက်ကာ သီရိလင်္ကာပြည်တွင်းစစ်ပြီးဆုံးသည်။ ထို့နောက်တွင် သီရိလင်္ကာစစ်တပ်သည် LTTE ၏ စစ်သင်္ချိုင်များနှင့် အခြားသော LTTE အဖွဲ့ဝင်များ၏ ကျဆုံးမှုအမှတ်တရများကို ထပ်မံဖျက်ဆီးခဲ့ပြန်သည်။[] ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် သီရိလင်္ကာအစိုးရသည် ကိုပေးစစ်သင်္ချိုင်းကို ဖျက်ဆီးခဲ့သည်။ သင်္ချိုင်း၌ အုတ်ဂူ ၂၀၀၀ ရှိသည်။[] ထိုမြေနေရာပေါ်တွင် စစ်တပ်သည် စစ်တပ်အခြေစိုက်စခန်းအဆောက်အဦကို စတင်ခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လ ၄ ရက်နေ့တွင် သီရိလင်္ကာစစ်တပ် တပ်ခွဲ (၅၁) ၏ ရုံးချုပ်အသစ်ဖြစ်လာခဲ့ပြီး သီရိလင်္ကာစစ်တပ်အကြီးအကဲ Jagath Jayasuriya က တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။[][][][][]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 "Sri Lanka Army bulldozes Heroes' Cemetery in Trincomalee - Elilan"၊ TamilNet၊ 29 November 2006။
  2. 1 2 "Colombo digs grave for Tamil harmony"၊ Asia Times Online၊ 26 March 2011 24 May 2021 တွင် ပြန်စစ်ပြီး Archived from the original on 15 March 2021။
  3. "Sri Lanka builds police station on LTTE cemetery"၊ Tamil Guardian၊ 28 November 2007 24 May 2021 တွင် ပြန်စစ်ပြီး Archived from the original on 4 March 2016။
  4. "Why Sri Lankan Tamils won't remember war dead this year"၊ BBC News၊ 27 November 2010။
  5. "SLA demolishes Koappaay Thamizh Eezham Heroes Cemeteries"၊ TamilNet၊ 4 July 2010။
  6. 1 2 "Sri Lanka builds army HQ on Tamil Tiger cemetery"၊ BBC News၊ 7 March 2011။
  7. "Sri Lankan state shows ‘reconciliation’ in the country of Eezham Tamils"၊ TamilNet၊ 5 March 2011။
  8. "Sri Lanka's Tamils face violence, intimidation ahead of provincial vote"၊ Toronto Star၊ 21 September 2013။
  9. "A journey back in time to a place where peace seems surreal"၊ The Sunday Times (Sri Lanka)၊ 11 December 2011။