ကိုပေးစစ်တပ်အခြေစိုက်စခန်း

ဝီကီပီးဒီးယား မှ
Kopay Army Base
Sri Lanka ရှိ  Kopay
Kopay Army Base သည် Northern Province တွင် တည်ရှိသည်
Kopay Army Base
Kopay Army Base
Location within Northern Province
ကိုဩဒိနိတ်09°42′23.30″N 80°02′56.10″E / 9.7064722°N 80.0489167°E / 9.7064722; 80.0489167ကိုဩဒိနိတ်: 09°42′23.30″N 80°02′56.10″E / 9.7064722°N 80.0489167°E / 9.7064722; 80.0489167
အမျိုးအစားMilitary base
နေရာအချက်အလက်
ပိုင်ဆိုင်သူMinistry of Defence and Urban Development
အော်ပရေတာSri Lanka Army
ထိန်းချုပ်သူSecurity Forces Headquarters – Jaffna
အများပြည်သူ
ဝင်ထွက်ခွင့်
No
တပ် အချက်အလက်များ
အစောင့်တပ်51 Division

ကိုပေးစစ်တပ်အခြေစိုက်စခန်း သည် သီရိလင်္ကာနိုင်ငံ၊ ကိုပေးမြို့တွင် တည်ရှိသည့် စစ်တပ်အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။ ဤစခန်းကို တမီကျားများလွတ်မြောက်ရေးတိုက်ပွဲစစ်သင်္ချိုင်း (Liberation Tigers of Tamil Eelam war cemetery) တွင် တည်ဆောက်ထားသည်။

သမိုင်း[ပြင်ဆင်ရန်]

Kopay war cemetery in 2004

၁၉၉၀ ခုနှစ်အစောပိုင်းတွင် တမီကျားများလွတ်မြောက်ရေး ( Liberation Tigers of Tamil Eelam (LTTE) ) အဖွဲ့သည် ပုန်ကန်ကာ ဂျက်ဖနာကျွန်းဆွယ်ရှိ  Valikamam ဒေသကို ထိန်းချုပ်နိုင်ခဲ့သည်။ သူတို့သည် ကိုပေးမြို့၌ သူတို့၏ သူရဲကောင်းများ (maaveerar) အတွက် မြှုပ်နှံရာသင်္ချိုင်းကို (thuyilum illam) ဆောက်လုပ်ခဲ့သည်။ ၁၉၉၅ ခုနှစ် သီရိလင်္ကာစစ်တပ်သည် Valikamam ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ထွန်စက်များကို အသုံးပြုကာ သင်္ချိုင်းကို ဖျက်ဆီးခဲ့ကြသည်။[၁][၂][၃] နော်ဝေငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့ပြီးနောက်တွင် LTTE အဖွဲ့သည် ကိုပေးမြို့ရှိ သူတို့၏ စစ်သင်္ချိုင်းများကို ပြန်လည်ကာ တည်ဆောက်ခဲ့သည်။[၁][၂] ၂၀၀၉ ခုနှစ် မေလတွင် သီရိလင်္ကာစစ်တပ်သည် LTTE ကို အနိုင်ယူလိုက်ကာ သီရိလင်္ကာပြည်တွင်းစစ်ပြီးဆုံးသည်။ ထို့နောက်တွင် သီရိလင်္ကာစစ်တပ်သည် LTTE ၏ စစ်သင်္ချိုင်များနှင့် အခြားသော LTTE အဖွဲ့ဝင်များ၏ ကျဆုံးမှုအမှတ်တရများကို ထပ်မံဖျက်ဆီးခဲ့ပြန်သည်။[၄] ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် သီရိလင်္ကာအစိုးရသည် ကိုပေးစစ်သင်္ချိုင်းကို ဖျက်ဆီးခဲ့သည်။ သင်္ချိုင်း၌ အုတ်ဂူ ၂၀၀၀ ရှိသည်။[၅] ထိုမြေနေရာပေါ်တွင် စစ်တပ်သည် စစ်တပ်အခြေစိုက်စခန်းအဆောက်အဦကို စတင်ခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လ ၄ ရက်နေ့တွင် သီရိလင်္ကာစစ်တပ် တပ်ခွဲ (၅၁) ၏ ရုံးချုပ်အသစ်ဖြစ်လာခဲ့ပြီး သီရိလင်္ကာစစ်တပ်အကြီးအကဲ Jagath Jayasuriya က တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။[၆][၆][၇][၈][၉]

ကိုးကား[ပြင်ဆင်ရန်]