ကိုတာဘာရူးမြို့

ဝီကီပီးဒီးယား မှ
ကိုတာဘာရူး

Kota Bharu
كوت بهارو
ပြည်နယ်မြို့တော်
စူလ်တန် အစ်စ်မေးလ် ပီထရာ အာ့ချ် ၊ ကိုတာ ဘာရူး
စူလ်တန် အစ်စ်မေးလ် ပီထရာ အာ့ချ် ၊ ကိုတာ ဘာရူး ၏ မြင်ကွင်းပုံ
Flag of ကိုတာဘာရူး
အလံ
နိုင်ငံမလေးရှားနိုင်ငံ
ပြည်နယ်ကလန်တန်

ကိုတာဘာရူးမြို့သည် မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ်၏ မြို့တော်နှင့် တော်ဝင်မိသားစု နေထိုင်ရာ မြို့ဖြစ်သည်။ မလေးဘာသာစကားဖြင့် မြို့တော်သစ် သို့မဟုတ် ရဲတိုက်/ခံတပ် အသစ်ဟု အဓိပ္ပာယ်ရသည်။ ကိုတာဘာရူးမြို့သည် မလေးရှားကျွန်းဆွယ်၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ကလန်တန်မြစ်ဝတွင် တည်ရှိသည်။ ထိုင်းနယ်စပ်နှင့် နီးကပ်စွာ တည်ရှိသည်။

ကိုတာဘာရူးတွင် ဗလီအများအပြား ရှိပြီး ပြတိုက်အမျိုးမျိုးရှိကာ မြို့လယ်တွင် လည်ပတ်သွားရောက်နိုင်သော ယခင်က တော်ဝင် အဆောက်အအုံများလည်း ရှိသည်။ တော်ဝင်နန်းတော်ဟောင်းသည် ထူးခြားသော ဗိသုကာ လက်ရာရှိပြီး လက်ရှိ စူလ်တန်နှင့် မိသားစုတို့ နေထိုင်ကာ ဧည့်သည်များ ဝင်ရောက်လည်ပတ်ခွင့် မရှိဘဲ ပြင်ပမှသာ ကြည့်ရှုနိုင်သည်။

ကိုတာဘာရူးသို့ ကယ်ရယ်တာပီ တာနာ မလာယု ရထားကုမ္ပဏီ၏ ကေတီအမ် အရှေ့ဘက်ကမ်းရိုးတန်းလိုင်းမှ ကလန်တန်မြစ် တစ်ဖက်ကမ်း ဝါကပ်ဖ်ဘာရူးမြို့ ရှိ ဝါကပ်ဖ်ဘာရူး ဘူတာရုံမှ တဆင့် သွားရောက်နိုင်ပြီး ပန်ကလန်း ချီပါ တွင်လည်း စူလ်တန် အစ်စ်မေးလ် ပီတာ လေဆိပ်ရှိသည်။