ကိဖ် ဟဲရင်း

ဝီကီပီးဒီးယား မှ
ကိဖ် ဟဲရင်း
မွေးဖွားKeith Haring
(1958-05-04)မေ ၄၊ ၁၉၅၈
Reading, Pennsylvania
ကွယ်လွန်ဖေဖော်ဝါရီ ၁၆၊ ၁၉၉၀(1990-02-16) (အသက် ၃၁)
New York City, New York
နိုင်ငံလူမျိုးUSA
ပညာရေးThe Ivy School of Professional Art (Pittsburgh)
School of Visual Arts (New York)
ကျော်ကြားမှုအရင်းခံPop art, graffiti art
ရရှိသည့်ဆုများThe Art Award

ကိဖ် ဟဲရင်း Keith Allen Haring (၄ မေ ၁၉၅၈ - ၁၆ ဖေဘဝါရီ ၁၉၉၀)သည် ၁၉၈၀ ပိုင်းရှိ နယူးယောက်မြို့၏ လမ်းယဉ်ကျေးမှုအတွက် အနုပညာသမား နှင့် လူမှုရေး လှုပ်ရှားသူ တစ်ဦးဖြစ်သည်။ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ကာမဆက်ဆံခြင်း နှင့် စစ်ပွဲများသည် ဟဲရင်း၏ အဓိက သရုပ်ဖော်ရေးဆွဲမှုများဖြစ်ပြီး၊ သူ၏ ရေးဆွဲမှုများသည် ၂၀ရာစုနှစ်တွင် အနုပညာခေတ်ကာလ၌ ကျယ်ပြန့်စွာ အသိအမှတ်ပြုခံရသည်။

အစောပိုင်းကာလ နှင့် ပညာရေး[ပြင်ဆင်ရန်]

ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ရိဒင်းမြို့၌ မွေးဖွားခဲ့ပြီး၊ ကဇ်မြို့တွင် သူ၏ မိခင်ဖြစ်သူ ဂျွန်းဟဲရင်း နှင့် ဖခင်ဖြစ်သူ အလန် ဟဲရင်း (ကာတွန်းရေးဆွဲသူ) တို့နှင့်အတူ ကြီးပြင်းခဲ့သည်။ ညီမငယ်သုံးဦးလည်းရှိပြီး၊ ကေ၊ ကဲရင်၊ နှင့် ခရစ္စတင်တို့ဖြစ်ကြသည်။ ဟဲရင်းသည် ငယ်စဉ်ကတည်းက ပန်းချီအနုပညာကို စိတ်ပါဝင်စားခဲ့သူဖြစ်သည်။ ၁၉၇၆ မှ ၁၉၇၈ ခုနှစ်အထိ စီးပွားဖြစ် အနုပညာ ဘာသာရပ်ကို ပင်ဆယ်ဗေးနီးယားပြည်နယ်၏ အနုပညာကျောင်းတစ်ခုဖြစ်သည့် The Ivy School of Professional Art ၌ လေ့လာစည်းပူးခဲ့သည်။ ထို့နောက် စီးပွားဖြစ် အနုပညာမှ၊ အချော အနုပညာ ဘာသာရပ်သို့ ပြောင်းလည်းသင်ကြားခဲ့သည်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ဟဲရင်းသည် နယူးယောက်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက်၊ ထိုမြို့ရှိ ဂရက်ဖတီ အနုပညာကို စိတ်ဝင်စားလာခဲ့ပြီး၊ School of Visual Arts၌ အနုပညာဘာသာရပ်ကို ဆက်လက်စည်းပူးခဲ့သည်။[၁]

သေဆုံးခြင်း[ပြင်ဆင်ရန်]

ကိဖ် ဟဲရင်းသည် အေအိုင်ဒီအက်စ် နှင့်ဆက်နွယ်နေသည့် ရောဂါဖြင့် ဖေဘဝါရီ ၁၆ ၁၉၉၀၌ သေဆုံးခဲသည်။

မဒ္ဒေါနားမှ သူ၏ နယူးယောက်မြို့တွင် ဖျော်ဖြေမည့် Blond Ambition World Tour အား ဟဲရင်း၏ ဘဝအသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းအနေဖြင့် ပွဲမှ ရရှိသည့် အမြတ်ငွေအားလုံးကို အေအိုင်ဒီအက်စ် ရန်ပုံငွေအဖွဲ့များသို့ လှုဒါန်းခဲ့ပြီး၊ ၎င်းတို့တွင် AIDS Project Los Angeles နှင့် amfARမှလည်း အလှုငွေများရရှိခဲ့သည်။ ထိုဖြစ်စဉ်ကိုလည်း သူမ၏ အမှန်တရား သို့ ရဲရင့်ခြင်းဆိုသည့် မှတ်တမ်းရုပ်ရှင်တွင် ထည့်သွင်းပြသခဲ့သည်။ ထို့ပြင် ဟဲရင်း၏ လက်ရာများကို Red Hot Organization မှ အေအိုင်ဒီအက်စ် နှင့် အေအိုင်ဒီအက်စ် အကြောင်း လူအများ သတိပြုမိစေရေးအတွက် ရန်ပုံငွေရှာဖွေနိုင်ရန် အသုံးပြုခဲ့ကြသည်။ Red Hot Organization ၏ ပထမဆုံး သီချင်းအခွေ နှစ်ခုဖြစ်သည့် Red Hot + Blue နှင့် Red Hot + Danceတို့တွင် တွေ့ရှိနိုင်ပြီး၊ ကျန်ထွက်ရှိသည့် အခွေကာဗာများတွင်လည်း ဟဲရင်း ရေးဆွဲမှုများကို အသုံးပြုခဲ့သည်။

၁၉၉၂ အိဒ်စ် ရန်ပုံငွေ သီချင်းငွေဖြစ်သည့် Red Hot + Danceတွင် ဟဲရင်း၏ လက်ရာ အသုံးပြုထားပုံကို တွေ့ရစဉ်

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named sheff