ကားလို့စ် စလင်းမ်

ဝီကီပီးဒီးယား မှ
ကားလို့စ် စလင်းမ်
ကားလို့စ် စလင်းမ်
မွေးသက္ကရာဇ် (1940-01-28) ဇန်နဝါရီ ၂၈၊ ၁၉၄၀ (အသက် ၈၄)
မက်ဆီကို
လူမျိုး မက်ဆီကန်
ပညာရေး National Autonomous University of Mexico
အလုပ်အကိုင် Telmex, América Móvil and Grupo Carso ၏ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ၆၆ ဘီလျံ
ကြင်ဖော် Soumaya Domit (m. 1967–1999)
သားသမီး Carlos
Marco Antonio
Patrick
Soumaya
Vanessa
Johanna
မိဘ Julian Slim Haddad (deceased)
Linda Helu

ကားလို့စ် စလင်းမ် ဆိုသောနာမည်သည် စပိန်နာမည် တစ်ခုဖြစ်သည်။ အဖေနာမည်မှ စလင်းမ် ကို ယူသုံးထားပြီး၊ အမေနာမည်မှ ဟဲလိုး (Helú) ကို ယူသုံးထားသည်။ တဲလ်မက်စ်၊ အမေရိကန် မိုဗဲလ် ( အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာ ထုတ်လုပ်ရေး လုပ်ငန်းစု) ၏ စီအီးအို နှင့် အကြီးအကဲ ဖြစ်သော ကားလို့စ် စလင်းမ် ဟဲလူး (Spanish pronunciation: [ˈkarlos eˈslim eˈlu]ကို ၁၉၄၀ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့ပြီး၊ မက္ကဆီကန် လူမျိုး စီးပွားရေးလုပ်ငန်းရှင် ဖြစ်ရုံသာမက ပရဟိတဒါနရှင် တစ်ဦးလည်းဖြစ်သည်။

သူ၏ လုပ်ငန်းအစုအဖွဲ့ အဆောက်အအုံများမှာ မြောက်မြားလှစွာသော မက္ကဆီကန် ကုမ္ပဏီများနှင့်ပါဝင်ဖွဲ့စည်းထားပြီး၊ အဓိကလုပ်ငန်းများမှာ ဆက်သွယ်ရေး၊ အဆင့်မြင့်နည်းပညာရပ်များ၊ နည်းပညာထုတ်ကုန်များအား လက်လီဖြန့်ဖြူးခြင်း နှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည်။ ၂၀၁၀ ဧပြီလ တွင် သူသည် အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ်ကျော် ပိုင်ဆိုင်နေပြီဖြစ်ရာ အချမ်းသာဆုံးပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခံရသည်။

ကားလို့စ်၏ ငယ်ဘဝ[ပြင်ဆင်ရန်]

စလင်းမ်အား မက္ကဆီကို စီးတီးမြို့တွင် ဖခင်ဖြစ်သူ ဂျူလီယန် စလင်းမ် ဟတ်ဒတ် (Julián Slim Haddad) မှာ ဆီးယီးယန်းလူမျိုး ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်ပြီး၊ ၁၉၀၂ ခုနှစ်တွင် မက္ကဆီကို မြို့သို့ ပြောင်းရွေ့အခြေချ နေထိုင်ခဲ့သည်။ အသက် ၁၄ နှစ်အရွယ် ဂျူလီယန်သည် စပိန်ဘာသာလည်းတတ်ကျွမ်းခြင်း မရှိသောကြောင့် တစ်ဦးတည်း ရုန်းကန်ခဲ့ရသည်။

သူသည် အော်တမန် အင်ပါယာ ခေတ် စစ်သားများစုဆောင်းချိန်တွင် ရောက်ရှိလာခဲ့သည်။ ကားလို့စ် စလင်းမ် ၏အမေ ဖြစ်သူ လင်ဒါ ဟဲလူးကို ဟိုဆေး ဟဲလူး (José Helú) နှင့် ဝဒီဟာ အတ်တာ (Wadiha Atta) တို့မှ ချီဟွာဟွာ နိုင်ငံ ပါရယ်မြို့တွင် မွေးဖွားခဲ့ပြီး ၎င်းမိဘနှစ်ဦးစလုံးမှာ လက်ဘနွန်နိုင်ငံမှ မက္ကဆီကို သို့ ၁၉ ရာစု အကုန်တွင် ပြောင်းရွှေ့ရောက်ရှိလာသူများဖြစ်ကြသည်။ မက္ကဆီကိုရောက် လက်ဘနွန် လူ့အဖွဲ့အစည်း၏ အကြောင်း ပထမဆုံးရေးသားထားသော မဂ္ဂဇင်းတစ်ခုကို ၎င်းမိဘနှစ်ဦးမှ ထုတ်ဝေခဲ့ကြသည်။

၁၉၁၁ ခုနှစ်တွင် ဂျူလီယန်သည် ကုန်ခြောက်များရောင်းချသော လမ်းပြကြယ် [ La Estrella del Oriente (The Star of the Orient) ] အမည်ရှိ စတိုးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး၊ မက္ကဆီကို မြို့လယ်ခေါင်တွင် အိမ် ခြံ မြေ ပိုင်ဆိုင်နိုင်ရန် အတွက် ပေးချေနိုင်ခဲ့သည်။ ၁၉၃၆ ခု ဩဂုတ်လ တွင် ဂျူလီယန် စလင်းမ် နှင့် လင်ဒါ ဟဲလူးတို့ သည် မက္ကဆီကို စီးတီး တွင်လက်ထပ်ခဲ့ကြသည်။ ၎င်းတို့၏သားသမီး ခြောက်ယောက်အနက် ကားလို့စ် သည်အငယ်ဆုံးသား ဖြစ်သည်။ ကားလို့စ်၏ ဖခင် ဂျူလီယန်သည် ၁၉၅၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

စလင်းမ်သည် အင်ဂျင်နီယာ အတတ်ပညာကို မက္ကဆီကိုရှိ National Autonomous University တွင် သင်ယူခဲ့သည်။ အသက် ၂၆ နှစ်တွင်ပင် စလင်းမ်သည် ဒေါ်လာ သိန်း လေးဆယ်ခန့် ပိုင်ဆိုင်ပြီးဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် လက်ဘနွန် မက္ကဆီကန် လူမျိုးပင်ဖြစ်သော ဆိုမာယာ ဒိုမစ် ဂျီမာယယ် နှင့် လက်ထပ်ခဲ့သည်။ သားသမီးခြောက်ယောက် ထွန်းကားပြီး နာတာရှည် ကျောက်ကပ်ရောဂါနှင့် ဒိုမစ် မကွယ်လွန်ခင် အချိန်အထိ ၃၂ နှစ်ကြာ ပေါင်းသင်းခဲ့ကြသည်။ သမီးသုံးယောက်အနက် အငယ်ဆုံးသမီးဖြစ်သူ ဂျိုဟာနားသည် စလင်းမ်ပိုင်ဆိုင်သောလုပ်ငန်းများမှ အချို့သော ကုမ္ပဏီလုပ်ငန်းစုများ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အာတူရို အီးလီးယပ်စ် အရတ်ဘ် နှင့် လက်ထပ်ခဲ့သည်။

စလင်းမ်၏ ပိုင်ဆိုင်မှုများ[ပြင်ဆင်ရန်]

၂၀⁠၀၇ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဝေါလ် စထရိ ဂျာနယ်မှ စလင်းမ် ၏ အထုပတ္တိ ကို မျက်နှာဖုံးကာဗာသတင်းအဖြစ် ဖော်ပြခဲ့သည်။ လူသိထင်ရှား ကျော်ကြားသော အရောင်းအဝယ် ကုမ္ပဏီ လုပ်ငန်းကြီးများ အချိန်မရွေး ဆုံးရှုံးသွားနိုင်သည့် အန္တရာယ်ရှိသော စွန့်စားမှုများ ပြုလုပ်နေရချိန်တွင် သူသည် ဘီလ်ဂိတ် ထက်ပင် ချမ်းသာလာနိုင်ဖွယ်ရှိသော လုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။

၂၀⁠၀၇ ခုနှစ် မတ်လ ၂၉ တွင် စလင်းမ်သည် ဝရမ်ဘူးဖတ် (Warren Buffett) ကိုကျော်၍ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး ဘီလျှံနာ အဖြစ် စာရင်းဝင်သွားခဲ့သည်။ ခန့်မှန်းခြေ ကွာခြားချက် မှာ စလင်းမ် ( ဒေါ်လာ ၅၃.၁ ဘီလီလျှံ ) နှင့် ဘူးဖတ် ( ၅၂.၄ ဘီလီလျှံ) ဖြစ်သည်။ ဝေါစထရိ ဂျာနယ်၏အဆိုအရ စလင်းမ်သည် သူငယ်ချင်းဖြစ်သူ အနာဂတ်ဝါဒီ စာရေးဆရာ အလ်ဗင် တော်ဖလာ (Alvin Toffler) အား သူ၏ရေးသားချက်များမှ ရှာဖွေတွေ့ရှိသော ရင်းနှီးမြုပ်နှံခြင်းဆိုင်ရာ အခွင့်အလမ်းများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။၂၀⁠၀၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် စလင်းမ်၏ ပိုင်ဆိုင်မှု စည်းစိမ်စုစုပေါင်းသည် ဘီလ်ဂိတ်ကို ကျော်လွန်၍ ကမ္ဘာ့အချမ်းသာဆုံးသူဖြစ်သွားပြီ ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။

စလင်းမ်ပိုင်ဆိုင်သော စည်းစိမ်များသည် တစ်ရိပ်ရိပ် မြင့်တက်လာပြီး ဇူလိုင်လ ကုန်တွင်ပင် သူပိုင်ဆိုင်သော အဆောက်အအုံများ ၏ တန်ဖိုးစုစုပေါင်းမှာ ခန့်မှန်းတန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၅၉ ဘီလီလျံ ရှိနေပြီ ဖြစ်သည်။ ထိုအချိန်က ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၈ ဘီလီလျံ ရှိမည် ဟု ခန့်မှန်းရသည်။ ၂၀⁠၀၈ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စလင်းမ် သည် ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး လူအဖြစ် ဖိုးဘီးစ် စာရင်း တွင် မှတ်တမ်းတင် ခံရသည်။ [ပထမ အချမ်းသာဆုံး ဝါရင်ဘတ်ဖက် ( Warren buffet ) နှင့် တတိယ အချမ်းသာဆုံး ဘီလ်ဂိတ် ( Bill Gates )] ၂၀⁠၀၉ ခုနှစ် မတ်လ ၁၁ ရက်နေ့၊ ဖိုးဘီးစ်စာရင်းတွင် စလင်းမ် သည် ကမ္ဘာ့ တတိယ အချမ်းသာဆုံး လူအဖြစ်မှတ်တမ်းတင် ခံရသည်။ [အချမ်းသာဆုံး နံပါတ် (၁) မှာ ဝါရင်ဘတ်ဖက်( Warren buffet ) နှင့် ဘီလ်ဂိတ် ( Bill Gates ) ဖြစ်ပြီး၊ အချမ်းသာဆုံး နံပါတ် (၄) မှာ လောရစ် အလ်လစ်ဆင်(Lawrence Ellison) ဖြစ်သည်။

၂၀၁၀ မတ် လ ၁၀ ရက်နေ့တွင် မူ ဖိုးဘီးစ်မှ စလင်းမ်သည် ဘီလ်ဂိတ်စ် ကို ကျော်လွန်၍ ပိုင်ဆိုင်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃.၅ ဘီလီလျံ နှင့် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင်သွားပြီ ဖြစ်ကြောင်း ထပ်မံ ကြေညာခဲ့သည်။ ယခုအချိန်တွင် ဘီလ်ဂိတ်စ်နှင့် ဘူးဖတ်စ်မှာ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၅၃ ဘီလီလျံ နှင့် ၄၇ ဘီလီလျံ အသီးသီးစီ ရှိကြသည်။

စလင်းမ်သည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ပထမဆုံး မက္ကဆီကန်လူမျိုး တစ်ယောက်ဖြစ်သည်။ ၎င်းသည် နှစ်ပေါင်း ၁၆ နှစ်အတွင်းတွင် ပထမဆုံးအကြိမ် အမေရိကန်လူမျိုးမဟုတ်သူတစ်ဦး ကမ္ဘာ့ အချမ်းသာဆုံးစာရင်းဝင်သွားခြင်းပင်ဖြစ်သည်။ အလားတူပင် မက္ကဆီကို နိုင်ငံကဲ့သို့ စီးပွားရေးအရ ရုန်းကန်ဖောက်ထွက်နေဆဲကာလသာ ဖြစ်သော နိုင်ငံတစ်နိုင်ငံမှ ပထမဆုံးအကြိမ် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် တစ်ဦးပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

အောင်မြင်ဖြစ်ထွန်းမှုများနှင့် လမ်းညွှန်မှုများ[ပြင်ဆင်ရန်]

စလင်းမ်သည် မက္ကဆီကန် စတော့အိတ်ချိန်းမားကတ်၏ ဒုတိယသမ္မတ တစ်ဖြစ်လည်း မက္ကဆီကန် အိမ်ခြံမြေအကျိုးဆောင်အသင်းကြီး၏ အကြီးအကဲသမ္မတ အဖြစ်လည်း တာဝန်ထမ်းဆောင်လျက် ရှိနေသေးသည်။ ၎င်းသည် နယူးယောက် စတော့ အိတ်ချိန်း အုပ်ချူပ်ရေးကောင်စီ ၏လက်တင် အမေရိက ကော်မတီတွင် ပထမဆုံး သမ္မတ ဖြစ်ခဲ့သည်။ ၎င်းသည် အလ်ထရီရာ အဖွဲ့ (Altria Group) နှင့် အလ်ကာတယ် (Alcatel Group) တို့၏ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ခဲ့သည်။ (အလ်ထရီရာ အဖွဲ့မတိုင်ခင်တွင် ဖီးလစ် မောရစ် (Philip Morris) ၌ ဖြစ်ပြီး ၎င်းမှ ၂၀⁠၀၆ ဧပြီလတွင် နုတ်ထွက်ခဲ့သည်။)

လက်ရှိအချိန်တွင်မူ စလင်းမ်သည် ဖီးလစ်မောရစ် အင်တာနေရှင်နယ် (Philip Morris International) ၏ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ တစ်ယောက် အဖြစ်တာဝန်ထမ်းလျက် ရှိသည်။ ၂၀⁠၀၄ ခုနှစ် ဇွန်လ အထိ စလင်းမ်သည် အက်စ်ဘီစီ ဆက်သွယ်ရေးအဖွဲ့အစည်းကြီး၏ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ တစ်ယောက်အဖြစ် ၎င်း၏ အချိန်အတော်များ⁠များကို ကမ္ဘာ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလှူငွေများ ရရှိရန် အသုံးချခဲ့သည်။ ထို အလှူငွေများအား အဓိကအားဖြင့် အခြေခံလိုအပ်ချက် များတည်ဆောက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ စီမံကိန်းများတွင် အသုံးပြုကြသည်။

၁၉⁠၉၇ ခုနှစ်၊ Apple ကုမ္မဏီမှ အိုင်မက် လိုင်း ( iMac line ) နည်းပညာ ကိုမိတ်မဆက်ခင် အချိန်အနည်းငယ် အလိုတွင် တွင် စလင်းမ်သည် Apple ကုမ္မဏီ၏ စတော့ ၃ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သည်။ နောက်ပိုင်းတွင် Apple ကုမ္ပဏီသည် ထိုနည်းပညာဖြင့် နှစ်ပေါင်းများစွာကြာသည်အထိ ရှယ်ယာဈေးနှုန်းများ ထိုးတက်သွားခဲ့သည်။ သူသည် ကြီးမားကျယ်ပြန့် လှစွာသော ကာဆို(Group Carso) မက္ကဆီကန် ငွေကြေးဈေးကွက်ဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုအား တည်ထောင်ခဲ့သည်။ ၎င်းအဖွဲ့အစည်းကြီးမှ Sanborns (မက္ကဆီကို ဂုဏ်သိက္ခာရှိ စားသောက်ကုန်လုပ်ငန်း)၊ Mixup ( ဂီတ လုပ်ငန်း )၊ Sears Mexico၊ Cigatam၊ Condumex နှင့် Hotelero Hostam လုပ်ငန်း အုပ်စု တို့ အား တိုက်ရိုက် အုပ်ချူပ်ပြီး၊ တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်၍ ပက်သက်သော လုပ်ငန်း အနေဖြင့် CompUSA အီလက်ထရောနစ် လုပ်ငန်း လည်းပါဝင်သည်။

၂၀⁠၀၇ ခုနှစ် ဒီဇင်ဘာလတွင် ကာဆို အုပ်စု (Grupo Carso) မှ အပြင်းအထန် ရုန်းကန်နေရသည့် အခြေအနေ အား အဆုံးသတ်နိုင် ရန် CompUSA အီလက်ထရောနစ် လုပ်ငန်း၏ စတိုး ၁၀၃ ခု အား ရောင်းချရမည် ဟု ကြေညာခဲ့သည်။ ၂၈ နှစ်ကြာပြီးနောက်တွင် ၎င်းသည် တစ်သက်တာ လုပ်ငန်းကျွမ်းကျင် အကြံပေး ဥက္ကဋ္ဌကြီး ဖြစ်လာခဲ့သည်။ ၎င်းသည် Teléfonos de Mexico, América Móvil, and Grupo Financiero Inbursa စသည့် လုပ်ငန်းအုပ်စုများ၏ ဥက္ကဋ္ဌ လည်း ဖြစ်သေးသည်။ စလင်းမ်သည် ဟွန်ဒါ ဖော်မြူလာ ဝမ်း အဖွဲ့ အားဝယ်ယူရန် စိတ်ဝင်စားနေသည်ဟု ပြောကြသည်။

စလင်းမ်သည် Force India, Vijay Mallya တို့၏ ပိုင်ဆိုင်သူ ကို ကျော်လွန်၍ အချမ်းသာဆုံး Team owner ဖြစ်လာခဲ့သည်။ စလင်းမ် သည် ဒုတိယ နေရာအရသာ လုပ်ပိုင်ခွင့် ရှိသော United Soccer Leagues များ လုပ်ပိုင်ခွင့် ကို အဓိက လုပ်ပိုင်ခွင့် နေရာ အထိပါ ရရှိလာရန် ရည်ရွယ်ထားကြောင်း မက္ကဆီကန် သတင်းစာတွင် ဖော်ပြစေခဲ့သည်။

သတင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်မှုများ[ပြင်ဆင်ရန်]

စလင်းမ်သည် France Télécom နှင့် Southwestern Bell Corporation အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အုပ်စုများကို ဦးဆောင်စဉ်က အနည်းငယ်စိတ်ပျက်ခဲ့ရဖူးသည်။ ၁၉⁠၉၀ ခုနှစ် Carlos Salinas လက်ထပ် မက္ကဆီကန် အစိုးရမှ အများပိုင်တင်ဒါ ခေါ်ချိန် Telmex နှင့် Telnor လုပ်ငန်းများကို ဝယ်ယူစဉ်က ဖြစ်သည်။ စလင်းမ်သည် ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီများအတွက် ငွေအရင်းအနှီး တိုးပွားစေရန် ရေရှည် ချေးငွေများ ပေးနိုင်သည့် နေရာများသို့ ကျေးဇူးတင် အသိအမှတ်ပြုစာများ တောက်လျှောက် ပေးပို့ခဲ့သည်။

ယနေ့ အချိန်တွင် မက္ကဆီကိုရှိ ၉၀% သော တယ်လီဖုန်းလိုင်းများသည် Telmex ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် နေခြင်းဖြစ်သည်။ စလင်းမ်၏ လက်အောက်ရှိ Telcel မိုဘိုင်းလ် ကုမ္ပဏီသည်လည်း တစ်နိုင်ငံ လုံး၏ ၈၀% ခန့် သော တယ်လီဖုန်းလိုင်း များကို တာဝန်ယူထားသည်။ ဖော်ပြပါ တယ်လီဖုန်း နည်းပညာများအတွက် စလင်းမ်၏ လက်တံများမှတဆင့် ငွေကြေးအားဖြည့် ပေးထားခြင်း ဖြစ်သည်။

လွန်ခဲ့သော ငါးနှစ်တာကာလတွင် သူ၏ ကြိုးမဲ့ ဆက်သွယ်မှု နည်းပညာ အဓိက América Móvil ကုပ္မဏီ မှ လက်တင် အမေရိက တစ်လျှောက်ရှိ ဆဲလ်ဖုန်း ကုမ္ပဏီ များအားဝယ်ယူပြီး စတင်လုပ်ကိုင်ခဲ့ရာ၊ ယခုတွင် ဒေသ၏ ဩဇာအာဏာရှိ ကုမ္ပဏီကြီး တစ်ခု အဖြစ် လစဉ်ကြေးပေး သုံးစွဲသူပေါင်း သန်း ရာချီ ဖြင့် ဆက်လက် လုပ်ဆောင်နေပြီ ဖြစ်သည်။ စလင်းမ် သည် တစ်ချိန်တုန်းက အမ်အိုင်စီ အင်ကော်ပိုရေးရှင်း (MCI Inc) ကြီး၏ အများဆုံး ရှယ်ယာပိုင်ဆိုင်သူ (၁၃% ရှယ်ယာ) ဖြစ်ခဲ့သည်။ ၂၀⁠၀၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဝေါလ်စထရိ ဂျာနယ်မှ စလင်းမ်သည် MCI ရှိ သူ၏ ရှယ်ယာအားလုံးအား ဗေရီဇွန် ( Verizon ) ဆက်သွယ်ရေးလုပ်ငန်းများ သို့ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

Impulsora del Desarrollo y el Empleo[ပြင်ဆင်ရန်]

သူသည် Impulsora del Desarrollo y el Empleo en America Latina ( IDEAL) “လက်တင်အမေရိက ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေး အတွက် ကမကထပြုသူ” ဟု အကြမ်းဖျင်း အဓိပါပ္ပယ်ရသည့် မက္ကဆီကို အခြေစိုက် ကုမ္ပဏီ အား ဦးဆောင်နေသူဖြစ်သည်။ ၎င်း ကုမ္ပဏီသည် မူလက အခြေခံ စီးပွားရေး အဆောက်အအုံများ တိုးတက်ရေးအတွက် အာရုံစိုက် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

IDEAL သည် လမ်းပမ်းဆက်သွယ်ရေး၊ ဓာတ်ဆီ နှင့် သဘာဝဓာတ်ငွေ့ နှင့် အခြားစွမ်းအင် ရရှိရေး၊ ရေရရှိရေး၊ အိမ်၊ ခြံ၊ မြေလုပ်ငန်းများ နှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ တွင် လှုပ်ရှားတက်ကြွစွာ ပါဝင်သည်။ ဖော်ပြပါ ကဏ္ဍများတွင် IDEAL ကုပ္မဏီမှ အဝေးပြေးလမ်းမများ၊ ဟိုက်ဒရို အီလက်ထရစ် စီမံကိန်းများ၊ အီလက်ထရောနစ် ဂိတ်များ နှင့် ဆိပ်ကမ်းများ ဖြစ်ပေါ် လာစေရန် စွမ်းဆောင်ပေးခြင်း ဖြစ်သည်။

အလားတူပင် IDEAL သည် ရေနံတွင်းနက်များမှ ဓာတ်ဆီနှင့်သဘာဝဓာတ်ငွေ့ ကုန်ကြမ်းများ အား ဖော်ထုတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်း နှင့် အဆင့်ဆင့်ဖြန့်ဖြူးခြင်း များ လည်းဝင်ရောက် လုပ်ဆောင်သည်။ ထပ်မံ၍ IDEAL သည် ရေအရင်းအမြစ် စီမံခန့်ခွဲသည့် စက်ရုံများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ နှင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ (အဓိကအားဖြင့် စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကဏ္ဍများ) တွင်လည်း ဆက်စပ် လုပ်ဆောင်ခဲ့သေးသည်။ IDEAL ၏ အဓိက လက်အောက်ခံကုမ္ပဏီများမှာ Desarollo de America Latina SA de CV နှင့် Promotora del Desarollo de America Latina SA de CV.

ဝေဖန်ခံရမှုများ[ပြင်ဆင်ရန်]

တစ်ဦးချင်း တစ်နှစ်ဝင်ငွေ ၁၄,၅၀⁠၀ ဒေါ်လာ မကျော်သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး၊ လူဦးရေ ၁၇% ခန့်သည် လူဆင်းရဲစာရင်းဝင်နေသေးသည့် နိုင်ငံတွင် စာရင်းကောက်ယူ ပြုစုထားခြင်း ဖြစ်သောကြောင့် မက္ကဆီကို၏ ဩဇာကြီးမား fortune စာရင်းဝင် သူဌေးကြီးများ ပြုစုခြင်းသည် အငြင်းပွားစရာ ကိစ္စတစ်ခုအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဝေဖန်ပြောဆိုသူများက ထောက်ပြသည့်အချက်မှာ ၉၀% သော မက္ကဆီကိုရှိ တယ်လီဖုန်းလိုင်း ဈေးကွက်ကို စလင်းမ်၏ Telmex ကုမ္ပဏီမှ ချူပ်ကိုင်ထားခြင်းကြောင့် စလင်မ်း သည် လက်ဝါးကြီးအုပ် လုပ်ငန်းရှင် ဖြစ်သည် ဟူ၍ ဖြစ်သည်။

စလင်းမ်၏ ကြွယ်ဝချမ်းသာမှု သည် မက္ကဆီကိုရှိ နှစ်စဉ် စီးပွားရေး ထွက်ကုန် စုစုပေါင်း (annual economic output) ၏ ၅% နှင့် အကြမ်းဖျင်း ညီမျှသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်း၏ ဖော်ပြချက်အရ စလင်းမ်နှင့် ၎င်းမိသားစုမှ ပိုင်ဆိုင်သော Telmex လုပ်ငန်းသည် ကမ္ဘာ ပေါ်ရှိ အမြင့်ဆုံး အသုံးစရိတ် ကုန်ကျမှု ၏ ၄၉.၁% ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

Universidad Nacional Autónoma de México ရှိ ပရော်ဖက်ဆာ Celso Garrido ၏ အဆိုအရ စလင်းမ် အနေနှင့် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းအုပ်စုကြီးများအား ထောက်ပံ့ပေးနေခြင်းအားဖြင့် အငယ်စား စီးပွားရေးလုပ်ငန်း လေးများကို မရူနိုင် မကယ်နိုင် ဖြစ်စေပြီး၊ ရေရှည်တွင် အလုပ်အကိုင်ကောင်းများ ရှားပါးလာစေပြီး၊ မက္ကဆီကန်လူမျိုး အများစုကို ပိုမို ကောင်းမွန်သော အလုပ်များအတွက် Rio Grande မြောက်ဘက်သို့ ထွက်ခွာသွားကြရန် တွန်းပို့နေ သကဲ့သို့ ဖြစ်စေသည်။

"အခြားသူတွေရဲ့ အမြင်တွေအတွက် အသက်ရှုင်နေရရင်တော့ သေနေသလိုပဲ၊ ကိုယ့်ကို ဘယ်လောက်ထိ သတိရနေကြမလဲ ဆိုတာကို ပဲ တွေးနေပြီးတော့ အသက်မရှင် ချင်ဘူး။" သူသည် ကမ္ဘာ့အချမ်းသာဆုံး အဆင့်သတ်မှတ်ချက် ရှိ သူ၏ အဆင့်နေရာနှင့် ပက်သက်၍ မပြောင်းမလဲ တည်ရှိနေသည်ဟု လည်း အခိုင်အမာ ဆိုသည်။ နောက် သူက ကမ္ဘာ့ အချမ်းသာဆုံး လူတစ်ယောက်ဖြစ်လာဖို့ စိတ်မဝင်စားပါဘူး ဟုလည်း ပြောသေးသည်။

Forbes ၏ နှစ်စဉ်ထုတ်ပြန်နေကြဖြစ်သော ကမ္ဘာ့ အချမ်းသာဆုံးစာရင်း ထုတ်ပြန်ပြီး သိပ်မကြာခင်၊ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သူ၏ ချမ်းသာကြွယ်ဝမှုများ တိုးပွားလာခြင်းနှင့် ပက်သက်၍ ရှင်းပြပေးဖို့ အမေးခံရသောအခါ စလင်းမ်က စတော့ရှယ်ယာဈေးနှုန်းတွေက တက်လိုက်၊ ကျလိုက် အမြဲဖြစ်နေတာဆိုတော့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုစာရင်းကလဲ အချိန်မရွေး ချက်ချင်း ပြုတ်ကျ သွားနိုင်တာပဲ ဟု ပြန်လည် ဖြေဆိုခဲ့သည်။

နိုင်ငံ့ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်းများ[ပြင်ဆင်ရန်]

၂၀⁠၀၀ ပြည့်နှစ်တွင် မက္ကဆီကို မြို့တော်၏ သမိုင်းဝင် မြို့ပြယာဉ်ကျေးမှုဆိုင်ရာ ထိန်းသိမ်းမှု အဖွဲ့အစည်း တစ်ခုဖြစ်သော Fundación del Centro Histórico de la Ciudad de México A.C ကို မက္ကဆီကို မြို့တော်၏ သမိုင်းဝင် မြို့ပြယဉ်ကျေးမှုဆိုင်ရာ များကို ပြန်လည် အသက်သွင်းရန်နှင့် ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ့်ပြည်သူအများ ပိုမို ပျော်ရွှင်စွာ နေထိုင် လုပ်ကိုင် နိုင်ကြပြီး၊ သမိုင်းဝင် ပြန်လည်ထိမ်းသိန်းရေး ဌာန အုပ်ချူပ်ရေးကော်မတီ ၏ ဥက္ကဋ္ဌ အဖြစ်၂၀⁠၀၁ ခုနှစ် ကတည်းက တာဝန်ယူ ခဲ့သည်။ Carlos Slim Foundation သည် Museo Soumaya ပြတိုက်အတွက် အဓိက ထောက်ပံ့ပေးထားသည်။ Museo Soumaya ပြတိုက်သည် လက်တင်အမေရိက Rodin and Dalí လူမျိုးများနှင့် ပက်သက်သော အထောက်အထားများ စုစည်းမှုကိုတွေ့နိုင်သောနေရာ ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ပြတိုက်များထဲမှ တစ်ခုဖြစ်ပြီး၊ ကိုလိုနီခေတ်က ရှေးရိုးရာလက်မှု အနုပညာများကို ပြန်လည်ထိန်းသိမ်း ထားသော ပြတိုက်လည်း ဖြစ်သည်။

ရရှိခဲ့သော ဆုများ[ပြင်ဆင်ရန်]

မက္ကဆီကို ကုန်သည်ကြီးများအသင်း မှ ချီးမြှင့်သော Entrepreneurial Merit Medal of Honor ဆုကို ရရှိခဲ့သည်။ American Academy of Achievement မှ gold patron ဆု၊ Belgian Order of Leopold II တွင် သေနာပတိဘွဲ့၊ Latin Trade magazine ၏ ၂၀⁠၀၃ခုနှစ်၏ အကောင်းဆုံး စီအီးအို၊ နောက်တစ်နှစ်တွင် ထိုမဂ္ဂဇင်း၏ ဆယ်စုနှစ်တစ်ခုစာ အကောင်းဆုံး စီအီးအို ဆုများ ရရှိခဲ့သည်။