မာတိကာသို့ ခုန်သွားရန်

ကာလီဒါသ

ဝီကီပီးဒီးယား မှ
ကာလီဒါသ

ကာလီဒါသ (ခန့်မှန်း ၄၀၀-၅၀၀) သည် သင်္သကရိုက် စာရေးဆရာနှင့် ကဗျာဆရာဖြစ်သည်။ ဒရာမာဆန်သော အရေးအသားများကြောင့် ကျော်ကြားသည်။ သူ၏ ပြဇာတ်၊ ကဗျာများမှာ မဟာဘာရတ၊ ပုရာဏ၊ ရာမာယဏနှင့် ဝိဒါသ စာများကို ကိုးကား ရေးသားခြင်း ဖြစ်သည်။

ပေါ်ထွန်းသော ကာလ

[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံ ဥဇ္ဇေနီပြည် ဝိကြမ္မာ ဒိတျမင်းကြီး၏ စာဆိုတော်ဖြစ်သည်။ သက္ကရာဇ်အတိအကျ ဖော်ပြသောကျမ်း မတွေ့ရ။ သို့သော် စာသွားစာလာကို ထောက်၍ ဒုတိယမြောက် စန္ဒဂုတ္တမင်း လက်ထက်ဟု ခန့်မှန်းရသည်။ သို့ဖြစ်ရာ ၄ ရာစုမှ ၅ ရာစုကြားဟု ယူဆလာသည်။ ထိုအယူကို အနောက်တိုင်းသား ဝီလျံ ဂျုံးနှင့် အေ ဘီ ကိတ်တို့ကလည်း ထောက်ခံသည်။ အိန္ဒိယပညာရှင်အချို့လည်း ထောက်ခံသည်။ ထိုအယူအရ ပထမဆုံး ကုမာရဂုတ္တမင်းလက်ထက် (၄၁၄-၄၅၅) မှသည် စန္ဒဂုတ္တမင်းလက်ထက် (၄၅၅-၄၆၇) တွင် ပေါ်ထွန်းကြောင်း သုံးသပ်ကြသည်။

အစောဆုံးတွေ့ရသော အထောက်အထားမှာ မန်ဒဆွာမြို့ရှိ နေဘုရားကျောင်း၌ တွေ့ရသော သင်္သကရိုက်နှင့် ထွင်းသည့် ကျောက်စာဖြစ်သည်။ ၄၇၃ ခုဟု ရက်စွဲထိုးထားပြီး ထိုစာတွင် ရတုသမ္ဘာရ ပါ ကဗျာအချို့ကို ထွင်းထားသည်။ သို့သော် ရေးသူကို ကာလီဒါသဟု နာမည်တပ်မထား။ ကဗျာဆရာ ဗာရဝိနှင့်အတူ နာမည်ထွင်းထားသော ကျောက်စာကိုမူ ကာနတ္တကမြို့ရှိ ၆၃၄ ခုထွင်း ကျောက်စာ၌ မြင်ရသည်။

ရေးသားသော စာများ

[ပြင်ဆင်ရန်]

ဟောဇာတ်

[ပြင်ဆင်ရန်]

ဟောဇာတ် ၃ ပုဒ် ရေးခဲ့သည်။ ထို ၃ ပုဒ်အနက် အဘိနန္ဒသကုဏ္ဍလံ သည် အကောင်းဆုံးအဖြစ် ထင်ရှားသည်။

  • အဘိနန္ဒသကုဏ္ဍလံ
  • မာလဝိကာနိမိတယံ
  • ဝိကြမောဝါသိယံ

ကဗျာရှည်

[ပြင်ဆင်ရန်]

အောက်ပါ ကဗျာရှည် ၂ ပုဒ် ရေးခဲ့သည် -

  • ရာဟုဝံသ
  • ကုမာရသမ္ဘဝ

ကဗျာတို

[ပြင်ဆင်ရန်]
  • ရတုသမ္ဘာရ
  • မေဃဒူတ (တိမ်စေတမန်)

အခြားသာသာသို့ ပြန်ဆိုခြင်း

[ပြင်ဆင်ရန်]

အဘိနန္ဒသကုဏ္ဍလံ ကို နှောင်းလူတို့က ဘင်္ဂလီဘာသာ၊ ဒေဝနာဂရီဘာသာများသို့ ပြန်ဆိုသည်။ ၁၇၈၉ ခုနှစ်တွင် ဆာဝီလျံ ဂျုန်းက အင်္ဂလိပ်ဘာသာသို့ ပထမဆုံး ပြန်ဆိုသည်။

အနောက်တိုင်းသားတို့ သက္ကဋကို စိတ်ဝင်စားလာပြီးနောက် ဂျာမန်ဘာသာ၊ ပြင်သစ်ဘာသာများသို့လည်း ပြန်ဆိုကြသည်။ ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးထားသည်။

မြန်မာမှ ဖော်ပြသော ကာလီဒါသအကြောင်း

[ပြင်ဆင်ရန်]

ကာလီဒါသ ဆိုသော ပညာရှိကြီးအကြောင်း

တခါက ဗာရာဏသီပြည်မှာ နန္ဒအမည်ရှိတဲ့မင်းကြီးဟာ မင်းကျင့်တရား (၁၀)ပါးနှင့်အညီ အုပ်ချုပ်မင်းလုပ်ခဲ့ပါတယ်။ အဲဒီမင်းကြီးမှာ သားတော်တစ်ပါးထွန်းကားလို့ သားတော်မောင်အရွယ်ရောက်တဲ့အခါ တက္ကသိုလ်ပြည်မှာ ပညာသင်စေခဲ့ပါတယ်။

အဲဒီဗာရာဏသီပြည်မှာပဲ ပညာမဲ့ပြီး ဆင်းရဲလှတဲ့ ရေထမ်းသမား မောင်ကာလီနှင့် ပညာကို အလွန်တန်ဖိုးထားတဲ့ ဘောဂဗလဆိုတဲ့ သူဌေးကြီးတစ်ဦးလည်း ရှိခဲ့ပါတယ်။ ဘောဂဗလသူဌေးကြီးမှာ အလွန်တရာချောမောလှပတဲ့ မိတဆိုးသမီးလေးတစ်ယောက်လည်း ရှိပါတယ်။ မောင်ကာလီဟာ ရေထမ်းသမားဖြစ်ပေမယ့် သူဌေးသမီးနဲ့ နီးစပ်အောင် ကြားဖူးနားဝပညာစကားလေး တစ်ခွန်းတလေနဲ့ သူဌေးကြီးကို အရောတ၀င် လုပ်ခဲ့ပါတယ်။ သူဌေးကြီးရဲ့အိမ်က ရေအိုးမှန်သမျှကိုလဲ အမြဲပြည့်နေအောင် ဖြည့်ပေးပါတယ်။

သူဌေးကြီးဟာ မောင်ကာလီရဲ့ ပြောပုံဆိုပုံနှင့် အလုပ်အကိုင်ကို သဘောကျပြီး တစ်ဦးတည်းသော သမီးကို မောင်ကာလီနှင့် သဘောတူ လက်ထပ်ပေးခဲ့ပါတယ်။

ထွက်ပြေးလာရင်း တောအုပ်တစ်ခုတွင် မျက်စိလည် လမ်းမှားနေရာ ယခင်ဘ၀က မိခင်တော်စပ်ခဲ့ဖူးတဲ့ သူရဿတီ နတ်သမီးက မ်းမှန်ကို ညွှန်ပြပါတယ်။ နတ်သမီးအသံကို ကာလီကြားတဲ့အခါ တပ်မက်စိတ်ဖြစ်ပေါ်လာပြီး ကိုယ်ထင်ပြခိုင်းပါတယ်။ နတ်သမီးက သူ့ကိုမြင်လျှင် ကာလီငရဲကြီးမည်စိုးသဖြင့် မပြလိုကြောင်း ငြင်းပယ်တယ်။

ကာလီက အတင်းတောင်းဆိုသဖြင့် ပြလိုက်တဲ့အခါ

“တယ်လှပါလား။ ဒီလိုလှတဲ့သူကလေးနဲ့များ အတူနေလိုက်ရလျှင် ကောင်းမှာပဲ´´

လို့ ပြစ်မှားလိုက်ပါတယ်။

နတ်သမီးက –

“သင်သည် ငါ့အား ပြစ်မှားခဲ့မိပြီ။ ဘည်း ်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီး။

ကာလီဒါသဟာ နတ်သမီးရဲ့ ရူပါရုံကို တပ်မက်ပြီး စိတ်နဲ့ ပြစ်မှားခဲ့မိလို့ မယ်တော်က ဒဏ်ခတ်လိုက်ပြီး လွှတ်လိုက်တဲ့အခါ ဗာရာဏသီကိုပဲ ပြန်ရောက်လာပါတယ်။ မြို့တွင်းမှာ လျှောက်သွားရင်း အိမ်တစ်အိမ်မှာ ချစ်စရာကောင်းတဲ့ အမျိုးသမီးလေး တစ်ယောက် တွေ့တဲ့အခါ ချစ်တင်းနှီးနှောမယ်ဆိုပြီး အိမ်ပေါ်တက်သွားပါတယ်။ အမျိုးသမီးလေးကက ပြည့်တန်ဆာမလေးပါ။ ကာလီဒါသဟာအဲဒီပြည့်တန်ဆာမလေးနဲ့ အတည်တကျ ပေါင်းဖော်နေထိုင်ပါတယ်။

မယ်တော်ကျွေးတဲ့ ကွမ်းယာအစွမ်းကြောင့် ပညာတွေ တတ်လာပြီး သူတစ်ပါးအခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒီသတင်းက နန်းတော်ထိ ပေါက်လာတဲ့အခါ ဘုရင်က ကာလီဒါသကို ခေါ်ခိုင်းပြီး ပညာရှိအဖြစ် ခန့်အပ်ခဲ့ပါတယ်။

တခါမှာတော့ မိဖုရားကြီးရဲ့ ရုပ်ပုံကို ပန်းပုဆရာဆီ အပ်နှံတဲ့အခါ ကာလီဒါသ ပညာရှိဟာ ပန်းပုဆရာကို ကြီးကြပ်ညွှန်ပြပေး ပါတယ်။ ပန်းပုဆရာကလဲ ကာလီဒါသ ညွှန်ပြတဲ့အတိုင်း ထုလုပ်ဆက်သလိုက်ခဲ့ပါတယ်။ ဘုရင်ကြီးဟာ ရုပ်တုကို မိဖုရားကြီးနဲ့ ယှဉ်တွဲပြီး ကြည့်တဲ့အခါ တသွေမတိမ်းတူနေတဲ့အတွက် ပန်းပုဆရာကို ဆုတောင် လာဘ်တော်များစွာ ပေးခဲ့ပါတယ်။

ရုပ်တုကို သေချာကြည့်တဲ့အခါ မမြင်အပ်တဲ့နေရာက မှည့်တောင် ပါနေတဲ့အတွက် ပန်းပုဆရာကို မေးတဲ့အခါ ကာလီဒါသ ထည့်ခိုင်းတဲ့အကြောင်း ပန်းပုဆရာက လျှောက်ထားခဲ့ပါတယ်။ ဒါကြောင့် ဘုရင်ကြီးဟာ သူ့မိဖုရားရဲ့ မမြင်အပ်တဲ့နေရာက မှည့်ကို သိနေတဲ့ကာလီဒါသကို သတ်စေအမိန့်တော် ချမှတ်ခဲ့ပါတယ်။

အာဏာသားတွေဟာ မသတ်ရက်လို့ ၀ှက်ထားခဲ့ပြီး ဘုရင်ကြီးကိုတော့ သတ်ပြီးတဲ့အကြောင်း လျှောက်ထားခဲ့ပါတယ်။

တက္ကသိုလ်ပြည်မှ ပြန်လာသော နန္ဒမင်းကြီး၏သားတော် ဥပရာဇာမင်းသားကလေး တောထဲတွင် လမ်းမှားနေလေရာ ၀ံသူတော်နှင့် တွေ့ပြီး ကယ်တင်ထားပါတယ်။ ကျားငစဉ်းလဲက ၀ံသူတော်ရှိရာ သွားပြီး-

“အသင်ဝံသူတော် … နားရွက်တိုကိုလည်း မကယ်နဲ့။ ခြေနှစ်ချောင်းကိုလဲ မကယ်နဲ့လို့ စကားပုံရှိတယ်။ ဒီလူမင်းသားရဲ့ အသားကို ကျုပ်စားရန် ပေးပါ´´

လို့ သွားပြောတယ်။ ၀ံသူတော်က မပေးဘဲ မင်းသားကလေးကို ကျားငစဉ်းလဲ၏ရန်မှ ဝေးရန် သစ်ပင်ပေါ်တက်၍ သူ့၏ပေါင်ပေါ်မှာ သိပ်ထားလိုက် တယ်။

ညဘက်ရောက်တဲ့အခါ ကျားငစဉ်းလဲက နောက်တစ်ခေါက် ထပ်လာပြီး-

“အသင်မင်းသား …။ ဒီဝံကြီးဟာ ၀ံသူတော်မဟုတ်။ ၀ံယုတ်မာကြီး ဖြစ်တယ်။ မင်းသားလေးကို ကယ်ဆယ်တယ်ဆိုတာ အလကား ပြောတာ။ မနက်ကျရင် သင့်ကို စားလိမ့်မယ်။ အဲဒါကြောင့် အောက်ကို တွန်းချလိုက်ပါ´´

လို့ လာပြောတယ်။ မင်းသားလေးလဲ ကျားငစဉ်းလဲစကားကို နားယောင်ပြီး သူ့ကို ကယ်တင်ထားတဲ့ ၀ံသူတော်ကို တွန်းချလိုက်ပါတယ်။

၀ံသူတော်က သစ်ကိုင်းကို ခြေထောက်နဲ့ ဆွဲချိတ်ထားတဲ့အတွက် အောက်ကို ပြုတ်မကျခဲ့ပါဘူး။

၀ံသူတော်က မင်းသားလေးကို

“အသင်မင်းသားတွန်းချပေမယ့် ကျွန်ုပ် အောက်မကျပါ။ အသင်မင်းသားဟာ ကျေးဇူးရှင်ကို ပြစ်မှားတဲ့ (သသေနိယ)ပဲ။ ဒါပေမယ့် ကျုပ်က ဂလဲ့စားမချေလိုပါ။ ဟောဒီလမ်းအတိုင်းသွားလျှင် သင်သွားလိုတဲ့ ဗာရာဏသီကို ရောက်ပါလိမ့်မယ် …။ ကဲ … သွားပေတော့´´

လို့ ပြောပြီး လွှတ်လိုက်ပါတယ်။

မင်းသားလေးဟာ ကျေးဇူးရှင်ကို ပြစ်မှားမိတဲ့အတွက် စကားမပြော နိုင် တော့ဘဲ သသေနိယ ဆိုတဲ့ လေးလုံး ကိုသာ ဆိုနေပါတော့တယ်။

မင်းသားလေးဟာ သူ့တပည့်တွေကိုလဲ မမှတ်မိတော့ဘဲ ကလိုက် ခုန်လိုက် ပြေးလွှားလိုက်နှင့် နန်းတော်ကြီးဆီ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွား ပါတယ်။

ခမည်းတော် မယ်တော်တို့ဟာ သားတော်​လေး ရဲ့ ဖြစ်ပျက်နေပုံကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေကြပါတယ်။

အမတ်ကြီးတွေက ဒီရောဂါမျိုးကို ကာလီဒါသဆရာသာ ရှိလျှင် ပျောက် အောင် ကုနိုင်မှာပဲဟု လျှောက်ထားကြရာ ဘုရင်ကြီးလဲ နောင်တရမိသွားပါတယ်။

ဘုရင်ကြီး နောင်တစိတ်ဖြစ်နေစဉ်မှာပင် အမတ်တစ်ဦးက ကာလီဒါသအား ခေါ်ဆောင်၍ မင်းသားလေးအခြေအနေကို ပြရာ -

“လူဝံရုပ်ကို ရှိခိုးလျှင် ပျောက်ကင်းနိုင်ကြောင်း´´ ပြောသဖြင့် ချက်ချင်းပင် လူဝံရုပ်ကို ပြုလုပ်စေပြီး ရှိခိုးစေရာ ပျောက်ကင်း သွားပါတယ်။ ကာလီဒါသကို ကျေးဇူးလဲ တင်သွားကြပါတယ်။

ကာလီဒါသကို မသတ်ဘဲ ကွယ်ဝှက်ထားတဲ့ အမတ်ကြီးတွေကိုလဲ ကျေးဇူးတင်သွားကြပါတယ်။

တစ်နေ့မှာ ဘုရင်ကြီးဟာ မင်္ဂလာကန်တော်ကို ကြည့်နေတုန်း လေမတိုက်ဘာမတိုက်နဲ့ ကြာဖူးနှစ်ဖူးထဲ ထူးထူးခြားခြားကွက်ပြီးလှုပ်နေတာ မြင်ပါတယ်။

ဒီအခြင်းအရာကို ဖြေဆိုနိုင်မယ့်သူကို မောင်းခတ်ကြေငြာစေပါတယ်။ ဖြေဆိုနိုင်မယ်ဆိုလျှင် မိန်းမဆိုပါက မိဖုရားအရာ မြှောက်တင်မယ်။ ယောက်ျားဆိုပါက အိမ်ရှေ့အရာ အပ်နှင်းမယ်။ ဘုန်းကြီးဖြစ်လျှင် ရွှေကျောင်းဆောက်လှူမယ် ဆိုပြီး ကြော်ငြာစေပါတယ်။

ကာလီဒါသတယောက် ချစ်ဇနီးလေးနဲ့ ကြည်နူးပြီး အိပ်ပျော်နေခိုက် မောင်းခတ်တဲ့အဖွဲ့ဟာ အနားကို ရောက်လာပါတယ်။ သူ့ဇနီးပြည့်တန်ဆာမလေးဟာ မိဖုရားကြီးဖြစ်ချင်တာကြောင့် ကာလီဒါသကို နှိုးပြီး မေးမြန်းခဲ့ပါတယ်။

ကာလီဒါသက အခြေအနေကို သုံးသပ်ဆင်ခြင်ပြီး-

“ကြာဖူးတို့ရဲ့သဘာဝဟာ နံနက်စောစောဆို ပွင့်တယ်။ နေထွက်လာလျှင် ငုံသွားတတ်တယ်။ အဲဒီအခါ ပွင့်နေတဲ့အချိန်မှာ ၀င်နေတဲ့ ပိတုန်းတွေဟာ ကြာဖူးပြန်ငုံသွားတဲ့အခါ ပြန်ထွက်လို့မရလို့ ရုန်းကန်နေကြတာကြောင့် ကြာဖူးတွေ လှုပ်ရတာဖြစ်ပါတယ်´´လို့ ဖြေပါတယ်။

ကာလီဒါသရဲ့ဇနီးက အဲဒီစကားကို မှတ်ထားလိုက်ပါတယ်။ ပြီးတော့ ကာလီဒါသအိပ်ပျော်နေတဲ့အချိန်မှာ ကတ်ကြေးနဲ့ ထိုးသတ်ပြီး ကျကျနနခြယ်သ၀တ်ဆင်ကာ နန်းတော်ရှိရာ လာခဲ့ပါတယ်။

ကြာဖူးဖြစ်ပုံအလုံးစုံကို လျှောက်ထားလို့ စုံစမ်းတဲ့အခါ မှန်နေတာကို တွေ့ရပါ တယ်။

မှန်ပင်မှန်သော်လည်း မိန်းကလေးရဲ့ ရုပ်လက္ခဏာက ဒီလို ပြဿနာမျိုးတွေကို ဖြေနိုင်မယ့် လက္ခဏာမျိုးမရှိလို့ စစ်ဆေးတဲ့အခါ မိဖုရားဖြစ်လိုစိတ်နဲ့ လင်ယောက်ျားဖြစ်သူ ကာလီဒါသကိုမေးပြီး အဖြေမှန်ရတဲ့အခါ လင်ယောက်ျားကို သတ်ခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။

ဒါကြောင့် လင်ယောက်ျားကို ပြစ်မှားတဲ့ အဲဒီအမျိုးသမီးကို မသေမချင်း ဓားနဲ့ထိုးသတ်စေလို့ အမိန့်တော် ချမှတ်ခဲ့ပါတယ်။

အိန္ဒိယရဲ့ နာမည်ကျော်ဒဏ္ဍာရီဝတ္ထုလေးပါ။

ကျေးဇူးရှင်ကို ပြစ်မှားမိလျှင် ပညာဥစ္စာဘယ်လောက်ပင် ကြီးမားသော်လည်း ကံတရားရဲ့ တန်ပြန်ဒဏ်ခတ်ခြင်းကို ခံရတတ်ကြောင်း သင်ခန်းစာ ယူစရာ ကောင်းလှပါကြောင်း အကျဉ်းချုပ်၍ ဘာသာပြန် တင်ပြလိုက်ပါတယ်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)