မာတိကာသို့ ခုန်သွားရန်

ကာရစ်ဘီယံ ပင်လယ်

ဝီကီပီးဒီးယား မှ
(ကာရစ်ဘီယံပင်လယ် မှ ပြန်ညွှန်းထားသည်)
ကာရစ်ဘီယံ ပင်လယ်
ကိုဩဒိနိတ်15°N 75°W / 15°N 75°W / 15; -75ကိုဩဒိနိတ်: 15°N 75°W / 15°N 75°W / 15; -75
အမျိုးအစားပင်လယ်
မျက်နှာပြင် ဧရိယာ၂,၇၅၄,၀၀၀ km2 (၁,၀၆၃,၀၀၀ sq mi)
အနက်ဆုံး အနက်အရှိုင်း၇,၆၈၆ m (၂၅,၂၁၇ ft)

ကာရစ်ဘီယံ ပင်လယ် (The Caribbean Sea)[] ဆိုသည်မှာ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း ရှိသော ပင်လယ် တစ်ခု ဖြစ်သည်။ ထိုပင်လယ်သည် အနောက် ကမ္ဘာခြမ်း၏ အပူပိုင်း ဒေသတွင် တည်ရှိသည်။ နယ်နိမိတ်အဖြစ် အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် မက္ကဆီကိုနိုင်ငံနှင့် အမေရိက အလယ်ပိုင်း၊ မြောက်ဘက်တွင် အန်တေးလ် ကျွန်းကြီးများ (Greater Antilles) နှင့် အရှေ့ဘက်တွင် အန်တေးလ် ကျွန်းငယ်များ တို့ဖြင့် ဝန်းရံလျက် ရှိသည်။

ကာရစ်ဘီယံ ပင်လယ်တစ်ခုလုံး၊ အနောက်အင်ဒီရှိ ကျွန်းများနှင့် အနီးအနားရှိ ကမ်းရိုးတန်းများကို အားလုံးစုပေါင်း၍ ကာရစ်ဘီယံဒေသ ဟု ခေါ်ဝေါ်ကြသည်။ ကာရစ်ဘီယံ ပင်လယ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ရေငန်ပင်လယ်များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ဧရိယာစတုရန်း မိုင်ပေါင်း ၁,၀၆၃,၀၀၀ မိုင် ( ၂,၇၅၂,၀၀၀ စတုရန်းကီလိုမီတာ) အကျယ်အဝန်းမျှ ရှိသည်။ ပင်လယ်၏ အနက်ဆုံးနေရာမှာ ကေးမန်း ချောက် (Cayman Trough) နေရာဖြစ်ပြီး ကေးမန်းကျွန်းစုနှင့် ဂျမေကာနိုင်ငံ တို့ ကြားတွင် တည်ရှိကာ ပင်လယ်ရေမျက်နှာပြင်အောက် ၂၅,၂၂၀ ပေ (၇,၆၈၆ မီတာ) မျှ နက်သည်။ ကာရစ်ဘီယံ ပင်လယ်၏ ကမ်းရိုးတန်း တစ်လျှောက်တွင် ပင်လယ်ကွေ့များ ပင်လယ်အော်များ အများအပြား ရှိပြီး ဂိုနေ့ဗ် ရေလက်ကြား၊ ဗင်နီဇွဲလားရေလက်ကြား၊ ဒါရီယန်ရေလက်ကြား၊ ခြင်ရေလက်ကြား သို့ ဂေါ့ဖ်ဖိုဒီလော့စ် မော့စကွီတို၊ ပါရီယာ ရေလက်ကြား၊ ဟွန်ဒူးရပ်စ်ရေလက်ကြား တို့ ပါဝင်သည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. (စပိန်: Mar Caribe; ပြင်သစ်: Mer des Caraïbes; ဟေတီ: Lanmè Karayib; ဒတ်ချ်: Caraïbische Zee}})