မာတိကာသို့ ခုန်သွားရန်

ကံချွန် (ကာတွန်း)

ဝီကီပီးဒီးယား မှ
(ကာတွန်းကံချွန် မှ ပြန်ညွှန်းထားသည်)
ကံချွန်
မွေးဖွားကံချွန်
(၁၉၄၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-0၄)ဧပြီ ၄၊ ၁၉၄၆
မန္တလေးမြို့
ကွယ်လွန်ဩဂုတ် ၂၀၊ ၂၀၀၉(၂၀၀၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၂၀) (အသက် ၆၃)
မန္တလေးမြို့
အလုပ်အကိုင်စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ
နိုင်ငံသား မြန်မာ
မိဘဦးဘဌေးနှင့် ဒေါ်အေးရွှင်
ကိုးကွယ်မှုအစ္စလာမ် ဘာသာ

ကာတွန်း ကံချွန် (၄ ဧပြီ ၁၉၄၆ - ၂၀ ဩဂုတ် ၂၀၀၉) သည် မန္တလေးသား ပန်းချီဆရာ၊ ကာတွန်းဆရာ နှင့်စာရေးဆရာ တစ်ဦးဖြစ်သည်။ သူသည် စာအုပ်ပေါင်း (၇၃)အုပ်၊ ဗွီဒီယို (၃)ကား၊ ကာတွန်းပေါင်းများစွာ ရေးဆွဲခဲ့သူလည်း ဖြစ်သည်။

ကာတွန်း ကံချွန် သည် ၁၉၄၆ ခုနှစ်၊ ဧပြီ (၄) ရက် တွင် မန္တလေးမြို့ ၌ အဘ ဦးဘဌေး နှင့် အမိဒေါ်အေးရွှင် တို့မှ မွေးဖွားခဲ့သည်။နာမည်အရင်းမှာ ကံချွန် ပင် ဖြစ်သည်။ မွေးချင်းညီအစ်ကို သုံးဦးရှိပြီး၊ညီအကိုများမှာ ကာတွန်း ဗိုလ်မောင်၊ ဓာတ်ပုံ လှဝင်းတို့ဖြစ်ကြသည်။ကာတွန်းကံချွန်တို့ ညီအစ်ကိုများသည် အစ္စလာမ် ဘာသာကို ကိုးကွယ်ကြသူများ ဖြစ်သည်။

မန္တလေးမြို့ အမှတ်(၃)အ.ထ.ကတွင် အထက်တန်းထိ ပညာသင်ကြားခဲ့သည်။ ကာတွန်း ကံချွန်သည် ၁၉၆၃-၁၉၆၄-ခုနှစ်တွင် မန္တလေးအနုပညာကျောင်း၌ ပန်းချီသင်တန်းတက်ရောက်ခဲ့ပြီး ဆရာကြီး ဦးကံညွန့်၊ ဦးချစ်မြဲ၊ ဦးအေးကျော်တို့ထံတွင် သင်ယူခဲ့သည်။ “မိ၊ မော်၊ မေ၊ မ” ကာတွန်းများရေးဆွဲခဲ့သူ ကာတွန်းဝင်းမောင်သည် ကာတွန်းကံချွန်၏ ဆရာရင်းဖြစ်သည်။

သူ၏ ပထမဆုံး ကာတွန်းမှာ ၁၉၆၉-ခု၊ အောက်တိုဘာလ ဟံသာဝတီ သတင်းစာတွင် ဖော်ပြခံခဲ့ရပြီး၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား သတင်းစာများနှင့် ရှုထောင့် ဂျာနယ်၊ သတင်းဂျာနယ် တို့တွင် ကာတွန်းများ ရေးသားခြင်း၊ အလားတူ မိုးဝေ၊ ချယ်ရီ၊ ကလျာ၊ မဟေသီ စသည့်မဂ္ဂဇင်းများနှင့် မန္တလေးထုတ် ဂျာနယ်အများစုတွင်လည်း ကွယ်လွန်ချိန်အထိ ကာတွန်းများ ရေးသားခဲ့သည်။

သူသည် ပထမဆုံးဝင်ပြိုင်သည့် ရှုထောင့်ဂျာနယ်ကာတွန်း နှင့် ဦးဘဂျမ်းကာတွန်း တို့၌ ပထမဆုများ ရရှိခဲ့သည်အထိ ကာတွန်း လက်ရာမြောက်သည်။

စာရေးဆရာဘဝ

[ပြင်ဆင်ရန်]

ကာတွန်းကံချွန် ရေးသားထုတ်ဝေခဲ့ပြီးသည့် စာအုပ်ပေါင်း ၇၃ အုပ်ရှိပြီး၊ နာမည်ကျော် စာအုပ်များထဲတွင် ခေတ်ကျောင်းသား၊ ကြားဖူးနားဝ ပုံပြင်များ၊ မန္တလေးမြို့က လူတွေအကြောင်း၊ အပျိုစင်တို့ သိသင့်သမျှ (၁) (၂) ၊ အမျိုးသားတို့ သိဖို့ မိန်းမတို့ အကြောင်း၊ စီးပွားရေး ဟာသ စသည့် စာအုပ်များမှာ လူသိများသည်။

သူ၏ ကာတွန်းဇာတ်ကောင်များ ဖြစ်ကြသည့် ဘ၊ ဘွားစွာ၊ ကိုပါရာနှင့် ကျော်မင်းဟန်တို့ကိုလည်း လူသိများသည်။ဘ၊ ဖွားစွာ၊ ကိုပါရာ၊ ကျော်မင်းဟန် အမည်ရှိ ကာတွန်းဇာတ်ကောင်များ ပါဝင်သော ကာတွန်းဇာတ်လမ်းများကို ပုံပမာ၊ ရုပ်စုံကမ္ဘာ၊ တွတ်ပီကမ္ဘာ အစရှိသည့် ကာတွန်းရုပ်စုံများတွင် ရေးဆွဲခဲ့သည်။ ယင်းအပြင် အဆိုပါ ကာတွန်းဇာတ်ကောင်များ ပါဝင်သော လုံချင်းကာတွန်းစာအုပ်များလည်း ထုတ်ဝေခဲ့သေးသည်။

ကာတွန်း ကံချွန်သည် ကာတွန်း၊ သရုပ်ဖော်ပုံ၊ ပန်းချီ တို့ ရေးဆွဲခြင်း အပြင် ဝတ္တု၊ ဆောင်းပါး၊ သရော်စာ တို့ကို ရေးသားခဲ့ပြီး ဗီဒီယို၊ရုပ်ရှင် ဒါရိုက်တာလည်း လုပ်ခဲ့ဖူးသည်။

မန္တလေးမြို့ဝန်းကျင်တွင် ဗွီဒီယို (၃) ကားခန့် ရိုက်ကူးခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သည့် လေဘာတီမမြရင် နှစ် (၁၀၀) ပြည့် အငြိမ့်ဗွီစီဒီအခွေမှာ ပရိသတ်အကြား အပျံ့အနှံ့ဆုံးဖြစ်ခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး၊စိန်စိန်ဦးဆိုသည့် သမီးတစ်ဦး ထွန်းကားခဲ့သည်။

သူ၏ နောက်ဆုံးပန်းချီပြပွဲတွင် ဆရာကံချွန်တက်ရောက်စဉ်(၁၅-၈-၂၀၀၉)

ကိုယ်ပိုင်ပန်းချီပြခန်း

[ပြင်ဆင်ရန်]

သူသည် ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆-ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဆရာကံချွန်သည် အသည်းကင်ဆာဝေဒနာဖြင့် ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊နေ့လယ်ပိုင်း ၃နာရီခွဲ တွင် မန္တလေးမြို့ ၌ ကွယ်လွန်ခဲ့သည်။မကွယ်လွန်မီ နာရီပိုင်းအလိုက မန္တလေးမြို့ Oriental House တွင် ကျင်းပသည့် ၎င်း၏ ကာတွန်း ကံချွန် တစ်ကိုယ်တော်ပြပွဲ ၂၀၀၉ ပန်းချီပြပွဲသို့ တက်ရောက်ခဲ့သေးပြီး၊နေအိမ်သို့ရောက်အပြီးမှ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ []

ရေးသားထုတ်ဝေခဲ့သောစာအုပ်များ

[ပြင်ဆင်ရန်]
စဉ်အမည်ထုတ်ဝေနှစ်မှတ်ချက်
ခေတ်ကျောင်းသား၁၉၈၈
အချစ်ရွှေရတုနှင့် အခြားဝတ္တုတိုများ၁၉၉၀
လမ်းပေါ်ကပီတိနှင့် အခြားဝတ္တုတိုများ၁၉၉၄
ကယ်တင်ရှင်ပေါင်း သောင်းခြောက်ထောင် ဝတ္တုတို၁၉၉၅
အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း(၁)၁၉၉၅
အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၂)၁၉၉၆
ခင်ဗျားပေါင်းတစ်ထောင် ကျွန်တော်ပေါင်းတစ်သိန်း၁၉၉၆
ဘနှစ်ကိုယ်ခွဲ (ဝတ္တုရှည်)၁၉၉၇
တို့တော့မယ် ဆိတ်တော့မယ် (ဝတ္တုရှည်)၁၉၉၇
၁၀အပျိုစင်တို့သိသမျှ (၁)၁၉၉၇
၁၁ကိုယ်ပိုင်ဟာသ၁၉၉၇
၁၂ရယ်စရာ၊ ပြုံးစရာ၊ ကြည်နူးစရာ (ကံချွန်+စိန်စိန်ဦး)၁၉၉၇
၁၃ဟာသဘဏ် ရယ်စရာပုံပြင်များ၁၉၉၈
၁၄အပျိုစင်တို့ဖတ်ဖို့ ကာတွန်းများ၁၉၉၈
၁၅အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၃)၁၉၉၉
၁၆ဘီလျံနာ (ဟာသဝတ္တုရှည်)၁၉၉၉
၁၇ကြားဖူးနားဝ ဟာသပုံပြင်များ (၁)၂၀၀၀
၁၈ကြားဖူးနားဝ ဟာသပုံပြင်များ (၂)၂၀၀၀
၁၉လူငယ်တွေဖတ်ဖို့ ရွှေဆောင်းပါးများ၂၀၀၀
၂၀ကံချွန့်လက်သံတညံညံ၂၀၀၀
၂၁ပေါ့ပေါ့ပါးပါး ဟာသဝတ္ထုတိုများ၂၀၀၁
၂၂မောင်ခေါ်ချင်ပါတယ် ကိုကိုခေါ်ချင်ပါတယ် (ဝတ္တုရှည်)၂၀၀၁
၂၃ကြားဖူးနားဝ ဟာသပုံပြင်များ (၃)၂၀၀၂
၂၄ကြားဖူးနားဝ ဟာသပုံပြင်များ (၄)၂၀၀၂
၂၅ပရိသတ်ကြီးခင်ဗျား၂၀၀၂
၂၆ကံချွန်ပြောချင်တဲ့ စကား၂၀၀၂
၂၇အမြင်လောက လောကအမြင်၂၀၀၂
၂၈ဒိုးဒိုးဒေါက်ဒေါက် ဟာသများ၂၀၀၂
၂၉အင်တာဖြီးနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် (ဆောင်းပါး)၂၀၀၂
၃၀ဒါကဒီလိုရှိတယ် ဟိုဟာက ဟိုလိုရှိတယ် (ဆောင်းပါး)၂၀၀၂
၃၁ကြားဖူးနားဝ ဟာသပုံပြင်များ (၅)၂၀၀၃
၃၂အပ်ချလောင်း (ဝတ္တုရှည်)၂၀၀၃
၃၃စီးပွားရေးဟာသ(၁)၂၀၀၃
၃၄ဟာသလောက၂၀၀၃
၃၅အပျိုစင်တို့ သိသင့်သမျှ (၂)၂၀၀၃
၃၆စီးပွားရေးဟာသ(၂)၂၀၀၄
၃၇ရယ်စရာတွေ (ဟာသဝတ္တုတိုများ)၂၀၀၄
၃၈လွမ်းတတ်ရင်တော့ လွမ်းချင်စရာ၂၀၀၄
၃၉တိမ်စင်သောနေ့ နှင့် အခြားဝတ္တုတိုများ၂၀၀၄
၄၀မန္တလေးမြို့ကလူတွေအကြောင်း (ဆောင်းပါးများ)၂၀၀၄
၄၁အသက်ရှည်ဆေး ဟာသများ(၁)၂၀၀၄
၄၂ဘဝကို ပုံဖော်ဖို့၂၀၀၄
၄၃ဘဝအတွေ့အကြုံ အတွေးအခေါ်အယူအဆ၂၀၀၄
၄၄စီးပွားရေးဟာသ(၃)၂၀၀၅
၄၅လူပျိုကြီးကိုဘညွန့် (ဟာသဝတ္တုရှည်)၂၀၀၅
၄၆အသက်ရှည်ဆေး ဟာသများ(၂)၂၀၀၅
၄၇ဆူးလှည်းနှင့် ပွင့်ပွင့်လင်းလင်း ဆောင်းပါးများ၂၀၀၅
၄၈အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၃)၂၀၀၆
၄၉ကိုသစ္စာ မဖော့ သရော်စာဝတ္တုတိုများ (၂၀၀၆-ခု)၂၀၀၆
၅၀လမ်းပေါ်က ဟာသများ၂၀၀၆
၅၁သတင်းထောက်ကြီး ဦးလူရှုပ်၂၀၀၆
၅၂ပန်သူလေးမို့၂၀၀၆
၅၃စိတ်ကြိုက်ဟာသများ၂၀၀၆
၅၄ဖတ်စရာဟာသနှင့် အခြားရယ်စရာပြုံးစရာများ၂၀၀၆
၅၅လူပြက် (ဝတ္တုရှည်)၂၀၀၇
၅၆ရသစုံ ဟာသ၂၀၀၈
၅၇ရယ်ရတယ်၂၀၀၈
၅၈နေပျော်တဲ့ဘဝတည်ဆောက်နိုင်ရေး စာတမ်းသုံးစောင်၂၀၀၈
၅၉ဟာသညွန့်ပေါင်း၂၀၀၈
၆၀ငယ်မူပြန်အချစ်၂၀၀၈
၆၁လတ်လတ်ဆတ်ဆတ် ဟာသများ၂၀၀၈
၆၂ဟာသသောင်းပြောင်း၂၀၀၈
၆၃အမျိုးသားတို့ သိဖို့ မိန်းမတို့အကြောင်း၂၀၀၈
၆၄တွေးကြည့်၂၀၀၈
၆၅စိတ်သွားတိုင်း ကိုယ်ပါတဲ့အရွယ်၂၀၀၈
၆၆ဘောလုံးဟာသ၊ ဟာသခရီးသည်၂၀၀၈
၆၇ဆေးခန်းထဲက ဟာသ၂၀၀၉
၆၈ဈေးကွက်ထဲက စီးပွားရေးအယူအဆများ၂၀၀၉
၆၉အချစ်ဟာသ၂၀၀၉
၇၀ဟာသလက်သုပ်၂၀၀၉
၇၁ပွမ်ပွမ်မြည်သော ဟာသများ၂၀၀၉
၇၂အရိပ်ပြစာစုများ၂၀၀၉
၇၃အတွေးတစ်လှမ်း၂၀၀၉

[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ကာတွန်းဆရာကံချွန် ကွယ်လွန် VOA (၂၀ ဩဂုတ် ၂၀၀၉)။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. ကာတွန်း ကံချွန် တစ်ကိုယ်တော်ပြပွဲ ၂၀၀၉ ပန်းချီပြပွဲ လက်ကမ်းစာစောင်မှ