မာတိကာသို့ ခုန်သွားရန်

ကင်းနက် ကွန်ဒါ

ဝီကီပီးဒီးယား မှ
(ကအွန်ဒါ ကင်းနက် မှ ပြန်ညွှန်းထားသည်)
ကင်းနက် ကွန်ဒါ
Kenneth Kaunda
ကင်းနက် ကွန်ဒါ (၂၀၂၀)
ဇမ်ဘီယာနိုင်ငံ၏ သမ္မတ
တာဝန်သက်တမ်း
၂၄ အောက်တိုဘာ ၁၉၆၄  ၂ နိုဝင်ဘာ ၁၉၉၁
ဒုတိယ သမ္မတ
  • Reuben Kamanga
  • Simon Kapwepwe
  • Mainza Chona
ယခင်လူEvelyn Hone as
ယခင် ဗြိတိသျှ ကိုလိုနီနိုင်ငံဖြစ်သည့် မြောက် ရိုဒီးရှား၏ အုပ်ချုပ်ရေးမှူး
ဆက်ခံသူFrederick Chiluba
ကိုယ်ရေး အချက်အလက်များ
မွေးဖွားကင်းနက် ဒေးဗစ် ဘူချီဇျာ ကွန်ဒါ
(1924-04-28)၂၈ ဧပြီ၊ ၁၉၂၄
ချင်ဆာလီ, မြောက် ရိုဒီးရှား
ယနေ့ ဇမ်ဘီယာ
ကွယ်လွန်၁၇ ဇွန်၊ ၂၀၂၁(2021-06-17) (အသက် ၉၇)
လူဆာကာမြို့, ဇမ်ဘီယာ
သင်္ဂြိုဟ်ရာနေရာလူဆာကာမြို့
နိုင်ငံရေးပါတီUNIP
ကြင်ဖော်Betty Kaunda
သားသမီး၈ဦး

ကင်းနက် ဒေးဗစ် ကွန်ဒါ (အင်္ဂလိပ်: Kenneth Kaunda) (၁၉၂၄ ဧပြီ ၂၈ - ၂၀၂၁ ဇွန် ၁၇)[] ဇမ်ဘီယာနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး၊ ဇမ်ဘီယာနိုင်ငံ၏ ပထမဆုံးသမ္မတအဖြစ် ၁၉၆၄ ခုနှစ် မှ ၁၉၉၁ ခုနှစ် အထိ တာဝန်ယူခဲ့သူဖြစ်သည်။ကေကေဟူသောအမည်ဖြင့် လူသိများသည်။[]

ကွန်ဒါသည် ဇမ်ဘီယာနိုင်ငံရှိ ချင်စာလီအရပ်၌ ၁၉၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဗင်ဗာအမျိုးနွယ်စုကြီးမှ မွေးဖွားခဲ့သည်။ မိဘနှစ်ပါးမှာ ဆရာဆရာမများ ဖြစ်ကြ၍ ကွန်ဒါသည်လည်းဆရာအတတ်သင် ကောလိပ်သို့ ရောက်သည်အထိစာပေသင်ယူကာ ၁၉၄၃ ခုနှစ်တွင် ကျောင်းဆရာဖြစ်လာခဲ့သည်။

ထို့နောက်ပိုင်းတွင် သူသည် တန်ဂန်ယီးကာ၌လည်းကောင်း၊ မြောက်ပိုင်း ရိုဒီဇီးယားရှိ ကော်ပါဘဲ့၌ လည်း ကောင်း အလုပ်လုပ်ရင်း၊ လူမျိုးခွဲခြားမှု အတွေ့အကြုံကို ကိုယ်တိုင်ရရှိခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ကွန်ဒါသည် ၁၉၄၉ ခုနှစ်တွင် အေအင်စီခေါ် အာဖရိကအမျိုးသား ကွန်ဂရက်ပါတီအတွက် လှုံ့ဆော်စည်းရုံးရာ၌ ကူညီခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ယင်းကွန်ဂရက်၏အတွင်းရေးမှူးချုပ် ဖြစ်လာသည်။ဤတွင် သူသည် ကွန်ဂရက်၏ သတင်းထုတ်ပြန်မှုကို အမြတ်တနိုးထား၍ တည်းဖြတ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ရိုဒီးဇီးယားနှင့် ညာဆာလန်(ယခု မာလာဝီ) ပေါင်းရေးကိုလည်း တိုး၍ဆန့်ကျင်ခဲ့သည်။ လူဖြူအုပ်စိုးမှု တော်လှန်ရေး စိတ်ဓာတ်များကိုလည်း ပြန့်နှံ့စေခဲ့သည်။ ထိုအတွင်း အစိုးရကပိတ်ပင်တားမြစ်ထားသော စာပေ လက်ဝယ်ထားရှိမှုဖြင့်အချိန်အနည်းငယ်မျှထောင်ကျခဲ့၏။

၁၉၅၇ ခုနှစ်သို့ ရောက်သောအခါ ကွန်ဒါသည် ဗြိတိန်၊ အနောက်အာဖရိကနှင့် အိန္ဒိယိုင်ငံများသို့ လှည့်လည်သည်။ အိန္ဒိယတွင်ရှိစဉ် သူသည် အဆုတ်ရောဂါဖြင့် အလွန် မကျန်းမမာ ဖြစ်ခဲ့၏။

၁၉၅၈ ခုနှစ်တွင်မူ ကွန်ဒါသည် သူ၏ မူလကွန်ဂရက်နှင့် ခွဲ၍ ဇမ်ဘီယာ အာဖရိက အမျိုးသား ကွန်ဂရက်ပါတီကိုထောင်သည်။ သို့သော် ယင်းပါတီသစ်ကို အစိုးရက ပိတ်ပင်ပြီး ကွန်ဒါကိုလည်း ထပ်မံ ဖမ်းဆီးလိုက်ပြန်သည်။ အဖမ်းခံရစဉ် ရှိရင်းစွဲရောဂါ ပြန်ထသော်လည်း ကိုးလအတွင်း နာလန်ပြန်ထလာခဲ့သည်။

ကွန်ဒါသည် ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီလတွင် ယူအင်အိုင်ပီခေါ် ယူနိုက်တက် အမျိုးသား လွတ်လပ်ရေးပါတီ၏ ဥက္ကဋ္ဌတင်မြှောက်ခံရပြီး မျိုးနွယ်ခွဲခြားမှုကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ မှန်သမျှကို ဆန့်ကျင်ကာ အေအင်စီ လူနည်းစုနှင့် မဟာမိတ် ဖွဲ့ထားလိုက်သည်။ ၁၉၆၂ ခုနှစ် အောက်တိုဘာလတွင် သူသည် ရွေးကောက်ပွဲ၌ အနိုင်ရရှိ၍ ဒေသဆိုင်ရာ အစိုးရနှင့် လူမှုဝန်ထမ်း ဝန်ကြီးအဖြစ် တင်မြှောက်ခြင်း၊ ထိုမှ သူ၏ ယူအင်အိုင်ပီပါတီက ၁၉၆၄ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲ၌ အနိုင်ရ၍ ကွန်ဒါဝန်ကြီးချုပ် ဖြစ်လာသည်။ ကွန်ဒါ ဦးဆောင်ကောင်းမှုကြောင့် ယူအင်အိုင်ပီပါတီ အောင်မြင်မှု ရရှိသည်။ မြောက်ပိုင်း ရိုဒီးဇီးယားနိုင်ငံသည် လွတ်လပ်သော ဇမ္ဗီးယားသမ္မတနိုင်ငံအဖြစ် ထိုနှစ်တွင်ပင် ကြေညာလိုက် သောအခါ ကွန်ဒါသည်ပင် ပထမဆုံးသောသမ္မတအဖြစ် တင်မြှောက်ခံရသည်။

သမ္မတတာဝန် ထမ်းဆောင်မှုကာလ

[ပြင်ဆင်ရန်]

သမ္မတ ကွန်ဒါသည် နိုင်ငံလွတ်လပ်ရေး ရပြီးနောက်၌ နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်းတို့ကို တိုး၍ဆောင်ရွက်ရင်း အာဖရိကနိုင်ငံများ စည်းလုံးညီညွတ်ရေးကို အပြင်းအထန် ထောက်ခံလာခဲ့သူ ဖြစ်သည်။ တောင်အာဖရိကနိုင်ငံအတွင်း လူမျိုးရေး တန်းတူညီမျှစွာ ဆက်ဆံရေးကိုလည်း တစ်သမတ်တည်း လိုလားခဲ့သည်။ ကွန်ဒါသည် ဇမ်ဘီယာနိုင်ငံ လွတ်မြောက်ရမည် ဟူသော စာအုပ်ကို ရေးသည်။ ၁၉၆၃ ခုနှစ် ပုံနှိပ်ဖြန့်ချိသည်။

၁၉၆၇ ခုနှစ်တွင် ကွန်ဒါကိုယ်တိုင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့၍ ဇမ်ဘီယာ၏ ကြေးနီတွင်း ဒေသများမှ တန်ဇန်းနီးယားရှိ ဒါးရက်ဆလမ်းမြို့သို့အရောက် မိုင် ၁၀၀၀ ရှည် မီးရထားလမ်း ဖောက်လုပ်ရန် တရုတ်နိုင်ငံမှ ငွေကြေး အကူအညီ ရရှိခဲ့သည်။

ဇမ်ဘီယာနိုင်ငံတော် လွှတ်တော်က ၁၉၇၁ ခုနှစ် ဒီဇင်ဘာတွင် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း၍ သမ္မတ ကွန်ဒါ ခေါင်းဆောင်သော အာဏာရ ယူနိုက်တက် အမျိုးသား လွတ်မြောက်ရေး ပါတီသည်သာလျှင် တစ်ခုတည်းသော တရားဝင် နိုင်ငံရေးပါတီဖြစ်ကြောင်း ဆုံးဖြတ် အတည်ပြုခဲ့သည်။

ကွန်ဒါသည် အာဖရိက နိုင်ငံရေးခေါင်းဆောင်များ ထဲတွင် သမဏိအရှည်ဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ လေးစား အားထားအခံရဆုံး လူမည်းတစ်ဦးအဖြစ် စာရင်းဝင်ခဲ့သည်။

ထင်ရှားဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ကင်းနက် ဒေးဗစ် ကွန်ဒါသည် ဗြိတိသျှအုပ်ချုပ်မှုမှ ဇမ်ဘီယာနိုင်ငံ လွတ်လပ်ရေးရအောင် ရှေ့တန်းမှဦးဆောင်ခဲ့သူဖြစ်သည်။ ဟယ်ရီ မွမ်ဂါ အွန်ကွန်ဘူးလာ၏ ခေါင်းဆောင်မှုကို သဘောမတွေ့၍ "ရိုဒီးရှအာဖရိကအမျိုးသားကွန်ဂရက်" မှထွက်ကာ ဇမ်ဘီယာအာဖရိကအမျိုးသားကွန်ဂရက်ထောင်ပြီးသည်နောက်၊ ညီညွတ်သောအမျိုးသားလွတ်လပ်ရေးပါတီ၏ ခေါင်းဆောင်ဖြစ်လာခဲ့သူလည်းဖြစ်သည်။သူသည် လွတ်လပ်သောဇမ်ဘီယာနိုင်ငံ၏ ပထမဆုံးသမ္မတလည်း ဖြစ်ခဲ့သည်။

၁၉၇၃ ခုနှစ်၌ လူမျိုးစုပြဿနာနှင့် ပါတီချင်းတိုက်ခိုက်ကြမှုများကြောင့် ချိုမာကြေညာချက်ထုတ်ကာ ညီညွတ်သောအမျိုးသားလွတ်လပ်ရေးပါတီမှတပါး အခြားသောပါတီများအား ပိတ်ပင်ရန် အခြေခံဥပဒေ၌ ဖြည့်စွက်ချက်ထည့်ခဲ့သည်။ တချိန်တည်းတွင် ကွန်ဒါသည် အရေးပါသော နိုင်ငံခြားပိုင်ကုမ္ပဏီများ၏ ရှယ်ယာတို့ကို သိမ်းယူခဲ့သည်။၎င်းနှစ်၌ဖြစ်သော ရေနံအကြပ်အတည်းကြောင့် ဇမ်ဘီယာ၏စီးပွားရေး နှောင့်နှေးကာ ပြည်တွင်း၌ စီးပွားရေးအကြပ်အတည်းဖြစ်ခဲ့သည်။ နိုင်ငံတကာမှလည်း သူ့အား အလုံးစုံအာဏာပေးထားသောဥပဒေကို ပြောင်းလဲရန် ဖိအားပေးခဲ့သည်။

၁၉၉၁ ခုနှစ်၌ ဇမ်ဘီယာတွင် ပါတီစုံရွေးကောက်ပွဲ ပြန်လုပ်ရာ ပါတီစုံဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဖရက်ဒရစ် ချီလူဘာသည် အနိုင်ရရှိခဲ့ပြီး၊ ကွန်ဒါကို နိုင်ငံရေးမှ အပြင်ထွက်အောင် ဖယ်ထုတ်နိုင်ခဲ့သည်။ []

၁၉၉၉ ခုနှစ်၌ ကွန်ဒါကို ဇမ်ဘီယာနိုင်ငံသားအဖြစ်မှ ခေတ္တရုပ်သိမ်းခံခဲ့ရသည်။နိုင်ငံမဲ့ အဖြစ်ဖြတ်သန်းခဲ့ရပြီးနောက် နောက်တစ်နှစ်တွင် ထိုဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့သည့်အတွက် ဇမ်ဘီယာနိုင်ငံသား ပြန်ဖြစ်ခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ကင်းနက် ကွန်ဒါသည် ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် လူဆာကာရှိ Maina Soko စစ်ဆေးရုံတွင် သက်ကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ဇမ်ဘီယာအစိုးရသည် ၂၁ ရက်အထိ နိုင်ငံအဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာခဲ့ပြီး၊နိုင်ငံတော်အဆင့် စျာပနပြုလုပ်ပေးခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Arnold၊ Guy။ "Kenneth Kaunda obituary"၊ The Guardian၊ 17 June 2021။
  2. The Listener 18 June 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Volume 110, British Broadcasting Corporation, 1983, page 13
  3. How Zambia's first president had to go to court in 1999 to prove he was not a Malawian (in en) (24 October 2018)။ 18 June 2021 တွင် ပြန်စစ်ပြီး။