ကလွှာပင်
ပုံပန်းသွင်ပြင်
| Cerbera odollam | |
|---|---|
| Cerbera odollam, or the "pong-pong" tree | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Asterids |
| မျိုးစဉ်: | Gentianales |
| မျိုးရင်း: | Apocynaceae |
| မျိုးဇာတ်သေး: | Thevetiinae |
| မျိုးစု: | Cerbera |
| မျိုးစိတ်: | C. odollam |
| ဒွိနာမ | |
| Cerbera odollam | |
ကလွှာပင်သည် အပင်ငယ်မျိုး ဖြစ်ပြီး အပင်မှ အဆိပ်ရှိသော နို့စေး ထွက်သည်။ အပွင့်ကြီး၍ ဖြူသည်။ အဝါလည်း ရှိသည်။ မွှေးပြီး ညှာတံဝါသည်။ အကိုင်းအခက်မျာ ထွားကြိုင်းပြီး အရွက်သည် အကိုင်းဖျား၌ ထွက်သည်။ အရွက်များချွန်၍ အကြောအလွန်များသည်။ အရွက်သည် ခြောက်သောအခါ မည်း သွားလေ့ ရှိသည်။ အသီးသည် အလွန်နူးညံ့ပြီး စိမ်း၏။ အစေ့ တစ်စေ့ မှ နှစ်စေ့ အထိ ရှိတတ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်နာဂသေနာဘိဝံသ (ဓမ္မာစရိယ)၊ (မြန်မာသက္ကရာဇ် ၁၃၁၈)၊ " အရှင်နာဂသိန် ပုံပြဆေးအဘိဓာန် "၊ မင်္ဂလာ ပုံနှိပ်တိုက်