ကလေးသူငယ် အခွင့်အရေး သဘောတူစာချုပ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Convention on the Rights of the Child
Convention on the Rights of the Child.svg
  Parties to the convention
  Only signed, but not ratified
  Non-signatory
လက်မှတ်ထိုး ၁၉၈၉ နိုဝင်ဘာ ၂၀[၁]
တည်နေရာ နယူးယောက်မြို့[၁]
သက်ရောက် ၁၉၉၀ စက်တင်ဘာ ၂[၁]
အခြေနေ 20 ratifications[၂]
လက်မှတ်ထိုးသူများ ၁၄၀[၁]
ပါတီများ ၁၉၆[၁] (all eligible states except the United States)
တာဝန်အပ်နှင်းခြင်း UN Secretary-General[၃]
ဘာသာစကားများ Arabic, Chinese, English, French, Russian, Spanish[၁]
UN Convention on the Rights of the Child at Wikisource

ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး သဘောတူညီချက် (ယေဘုယျအားဖြင့် အတိုကောက်စာလုံး CRC၊ CROC သို့မဟုတ် UNCRC) သည် ကလေးများ၏ နိုင်ငံသား၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို ရှင်းလင်းတင်ပြသည့် လူ့အခွင့်အရေး သဘောတူညီချက်များဖြစ်သည်။ အကယ်၍ ငယ်ရွယ်သူ ကလေးအများစုအား တိုင်းပြည်တစ်ပြည်၏ ဥပဒေအရ အသိအမှတ်ပြုခြင်း မရှိပါက အထက်ပါ သဘောတူစာချူပ်သည် အသက်တစ်ဆယ့်ရှစ်နှစ်အောက် ရှိသူမည်သူမဆိုကို ကလေးဟူ၍ လူသားတစ်ဦးအနေဖြင့် ယေဘုယျ သတ်မှတ်သည်။

ဤသဘောတူညီချက်ကို အတည်ပြု လက်မှတ်ရေးထိုးထားသည့် နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အကျုံးဝင်သည်။ လိုက်နာကျင့်သုံးခြင်း ရှိမရှိကို ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး ကော်မတီက စောင့်ကြည့်သည်။ UNCRC ကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများမှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။ တစ်နှစ်လျှင် တစ်ကြိမ် ထိုကော်မတီက ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယ ကော်မတီသို့ အစီရင်ခံစာ တင်သွင်းရသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက CRC ဥက္ကဋ္ဌ၏ တင်ပြချက်များကိုလည်း ကြားနာသည်။ ညီလာခံက ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို လက်ခံ လိုက်နာကျင့်သုံးသည်။

သဘောတူညီချက်များ[ပြင်ဆင်ရန်]

သဘောတူညီချက်ကို အတည်ပြု လက်မှတ်ရေးထိုးထားသည့် နိုင်ငံများမှ အစိုးရများသည် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု ရှိမရှိနှင့် ပတ်သက်၍ ၎င်းတို့၏ တိုးတက်ဖွံ့ဖြိုးမှုကို တစ်ခါတရံ စစ်ဆေးနိုင်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး ကော်မတီသို့ အစီရင်ခံစာ တင်သွင်းရန်နှင့် ကော်မတီရှိရာသို့ တက်ရောက်ရန် လိုအပ်သည်။ ၎င်းတို့၏ အစီရင်ခံစာအပြင် ကော်မတီ၏ စာဖြင့်ရေးသားထားသော သဘောထားများနှင့် အရေးတယူပြုရာအကြောင်းအရာများကို ကော်မတီ၏ ဝက်(ဘ်)ဆိုဒ်တွင် ရနိုင်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက သဘောတူညီချက်ကို အတည်ပြု ပြဋ္ဌာန်းပြီးနိုင်ငံများမှ လက်မှတ်ရေးထိုးရန်အတွက် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ရက်နေ့ (ကလေးသူငယ်များ ရပိုင်ခွင့် ကြေညာစာတမ်း အကြိမ် ၃၀ မြောက် နှစ်ပတ်လည်နေ့) တွင် ဖွင့်လှစ်ခဲ့သည်။ လိုအပ်သော တရားဝင် အတည်ပြုသည့် နိုင်ငံအရေအတွက် ရပြီးနောက် သဘောတူညီချက်ကို ၁၉၉၀ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ဆိုမာလီနှင့် အမေရိကန်ပြည်ထောင်စုမှ လွဲ၍[၄][၅][၆]

 ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံက အတည်ပြုခဲ့သည်။[၁]  ဆိုမာလီနိုင်ငံ၏ ဝန်ကြီးအဖွဲ့ ဝန်ကြီးများက သဘောတူညီချက်ကို အတည်ပြုရန် အစီအစဉ် များ ကြေညာခဲ့သည်။

ရွေးချယ်နိုင်သည့် စာချုပ်မူကြမ်း နှစ်ခုကို ၂၀၀၀ ခုနှစ် မေလ ၂၅ ရက်နေ့တွင် လက်ခံကျင့်သုံးခဲ့သည်။ ပထမ နောက်ဆက်တွဲ သဘောတူညီချက်သည် ကလေးသူငယ်များအား စစ်ပွဲပဋိပက္ခများ၌ ပါဝင်မှုကို တားမြစ်ထားပြီး ဒုတိယ နောက်ဆက်တွဲ သဘောတူညီချက်သည် ကလေးသူငယ်များကို ရောင်းချခြင်း၊ ကလေးပြည့်တန်ဆာ အဖြစ် ခိုင်းစေခြင်းနှင့် ကလေးညစ်ညမ်းစာပေတွင် အသုံးပြုခြင်းများကို တားမြစ်ထားသည်။ အထက်ပါ မူကြမ်း နှစ်ခုစလုံးကို နိုင်ငံပေါင်း ၁၄၀ မှ တရားဝင် အတည်ပြုခဲ့သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

သဘောတူညီချက်သည် ကလေးများနှင့် အထူးသက်ဆိုင်သော လိုအပ်ချက်များ၊ အခွင့်အရေးများ နှင့် ပတ်သက်သည်။ နိုင်ငံများက စိတ်အားထက်သန်စွာ ဆောင်ရွက်ရန် လိုအပ်သည်။ ဤနည်းလမ်းသည် ယခင်က နိုင်ငံများစွာ၌ တွေ့ရှိရသည့် ကလေးများကို ပိုင်ဆိုင်သော ပစ္စည်းများ သို့မဟုတ် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအဖြစ် သဘောထား ဆက်ဆံပြုမူခြင်းဖြင့် တစ်ခါတရံ မိသားစုတွင်း အငြင်းပွားမှုများကိုဖြစ်စေသည့် ယေဘုယျ ဥပဒေနည်းလမ်းများနှင့် ခြားနားပါသည်။

တရားစီရင်ခြင်းများတွင် သဘောတူညီချက်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ရာ၌ ကလေးအုပ်ထိန်းခြင်းနှင့် အုပ်ထိန်းသူ ဥပဒေများကို ပြုပြင်စစ်ဆေးမှု တစ်ခု လိုအပ်သည် သို့မဟုတ် အနည်းဆုံး တည်ဆဲ ဥပဒေများအတွင်း တီထွင်မှုနည်းလမ်း လိုအပ်သည်။ သဘောတူညီချက်က ကလေးတိုင်း၌ အခြေခံ အခွင့်အရေး အချို့ရှိခြင်း၊ အသက်ရှင်ခွင့်အပါအဝင် ၎င်း၏ ကိုယ်ပိုင်အမည်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံချက်၊ မိသားစုတွင်း သို့မဟုတ် ယဉ်ကျေးမှု အဖွဲ့အစည်းအတွင်း မိဘများ၏ ပြုစုပျိုးထောင်မှုနှင့် မိဘများနှင့် ခွဲခွာနေသည့်တိုင် မိဘများနှင့် အဆက်အသွယ်ရှိခြင်းတို့ကို အသိအမှတ်ပြုသည်။ နိုင်ငံများက မိဘများကို မိဘဝတ္တရားနှင့် အညီ ဆောင်ရွက်ခွင့်ပြုစေရန် သဘောတူစာချုပ်က တာဝန်အရ လုပ်ဆောင်စေသည်။ ကလေးများ၌ သူတို့၏ အတွေးအမြင်များကို ဖော်ပြခွင့်နှင့် ယင်းအတွေးအမြင်များကို သင့်လျော်သောအခါတွင် ကြားနာခွင့်နှင့် အကောင်အထည်ဖော်ခွင့်ရှိခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့မှ ကာကွယ်ရန်၊ ကာကွယ်ထားသော ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိခြင်းနှင့် ကလေးတို့၏ ဘဝသည် အလွန်အမင်း ဝင်ရောက်စွက်ဖက်ခံ တစ်ခု မဖြစ်စေရန် လိုအပ်သည်ကို သဘောတူညီချက်က အသိအမှတ်ပြုသည်။

ကလေးသူငယ်အခွင့်အရေးကော်မတီ[ပြင်ဆင်ရန်]

ကလေးတစ်ဦးအား သူ့ကို စောင့်ရှောက်မှုနှင့် ပတ်သက်၍ မည်သည့် တရားရေးရာ အငြင်းပွားခြင်း၌မဆို သီးခြားတရားဥပဒေဆိုင်ရာ ကိုယ်စားလှယ်ကို သဘောတူ လက်မှတ်ရေးထိုးထားသော နိုင်ငံများက ဖြည့်ဆည်းပေးရန် လုပ်ဆောင်စေသည်။ ထို့ပြင် ဤကိစ္စမျိုးတွင် ကလေး၏ ရှုထောင့်အမြင်ကိုလည်း ကြားနာစေရန် သဘောတူညီချက်က တောင်းဆိုသည်။ ကလေးများအား သေဒဏ်ချမှတ်ခြင်းကိုလည်း တားမြစ်သည်။

ကလေးသူငယ် အခွင့်အရေးကော်မတီက ၎င်း၏ အထွေထွေ ရှင်းလင်းချက် ၈ (၂၀၀၀) တွင် အားလုံးသော နိုင်ငံအဖွဲ့အစည်းများအနေနှင့် ကလေးများအား ရုပ်ပိုင်းဆိုင်ရာ နာကျင်စေသော ပြစ်ဒဏ်နှင့် လူ့သိက္ခာညှိုးနွမ်းစေသော ပြစ်ဒဏ်ပုံစံများအားလုံးကို အလျင်အမြန် လှုပ်ရှား၍ တားမြစ်ခြင်း၊ ဖျက်သိမ်းခြင်းကို ဥပဒေအရ လုပ်ဆောင်ရန် ဖော်ပြထားသည်။သဘောတူစာချုပ်ပါ အပိုဒ် ၁၉ တွင် နိုင်ငံအဖွဲ့အစည်းများက “ကလေးများကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်ရန် သင့်လျော်သော တရားဥပဒေ ပြဋ္ဌာန်းထားသည့် စီမံခန့်ခွဲအုပ်အုပ်ခြင်းနှင့်ဆိုင်သော လူမှုရေးနှင့် ပညာရေး အရေးယူ ဆောင်ရွက်ချက်များ ဆောင်ရွက်ရမည်” ဟု ဖော်ပြထားသည်။သို့သော် ခန္ဓာကိုယ်ကို နာကျင်စေသော ပြစ်ဒဏ်ကို မရည်ညွှန်းပါ။ ဤအချက်နှင့် ပတ်သက်၍ ကော်မတီ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဩစတြေးလျ၊ကနေဒါနှင့် ဗြိတိန်နိုင်ငံများအပါအဝင် များစွာသော နိုင်ငံများက အတိအလင်း ကန့်ကွက်ခဲ့ကြသည်။ဥရောပ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးက ဥရောပ လူ့အခွင့်အရေး သဘောတူညီချက်ကို အဓိပ္ပါယ်ဖွင့်ဆိုသောအခါ ဤသဘောတူညီချက်ကို ရည်ညွှန်းကိုးကားမှု ပြုလုပ်ခဲ့သည်။

နိုင်ငံ အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးသူများ[ပြင်ဆင်ရန်]

ဆိုမာလီ နိုင်ငံနှင့် အမေရိကန် ပြည်တောင်စုမှ တစ်ပါး၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းက ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် သဘောတူညီချက်ကို တရားဝင် အတည်ပြုလက်ခံ သဘောတူခဲ့ကြသည် (အချို့မှာ ဖော်ပြထားသော မသေချာမှုများ သို့မဟုတ် ရှင်းလင်းချက်များ)။ဆိုမာလီနိုင်ငံက မကြာခင်ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

ဩစတြေးလျနိုင်ငံ[ပြင်ဆင်ရန်]

ဩစတြေးလျနိုင်ငံသည် ၁၉၉၉ ခုနှစ်ကတည်းက သဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် National Observer မဂ္ဂဇင်း၏ ဆောင်းပါးတစ်ခုတွင် “အနောက်နိုင်ငံ မိသားစုများ၏ တန်ဖိုးထားမှုများကို အဆုံးစွန် ဖျက်ဆီးမှုအတွက် ခြောက်လှန့် သက်ဝင်လှုပ်ရှားမှုများ လက်ဝယ်ရှိနေခြင်း” ဟူ၍လည်းကောင်း၊ ကလေးသူငယ် ရပိုင်ခွင့် ကော်မတီကိုလည်း “ကမ္ဘာပေါ်ရှိ ကလေးများအတွက်သာ တာဝန်ရှိသည်ဟု အခိုင်အမာ ပြောကြားနေသော မည်သူကမျှ ရွေးကောက်ထားသည်မဟုတ်သည့်အဖွဲ့ (သို့ဖြစ်၍ မည်သူ၌မျှ အလွန်အမင်း တာဝန်မရှိ)" ဟူ၍လည်းကောင်း ဖော်ပြထားသည်။

ကနေဒါ[ပြင်ဆင်ရန်]

ကနေဒါနိုင်ငံက အတည်ပြုခဲ့ပြီးဖြစ်သည့် သဘောတူစာချုပ်ကို တရားဝင်အတည်ပြုမှုကို ဦးစားပေးလျက် ကနေဒါနိုင်ငံ၏ တရားဥပဒေများသည် သဘောတူညီချက်စာချုပ်နှင့် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် လုံးလုံးလျားလျား လိုက်လျောညီညွတ်သည်။ ကနေဒါနိုင်ငံ၏ လူငယ်ရာဇဝတ်မှု ဥပဒေများသည် လူငယ်ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အက်ဥပဒေ(YCJA) ကို အကျိုးသက်ရောက်စေရန်အတွက် အဓိက ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ထိုအက်ဥပဒေသည် ၂၀၀၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်မှု ရှိခဲ့သည်။ သဘောတူညီချက်အရ ကနေဒါနိုင်ငံသည် ၎င်း၏ မတူကွဲပြားသော တာဝန်ယူဆောင်ရွက်မှု ရှိကြောင်း ထိုအက်ဥပဒေက အထူးသဖြင့် ရည်မှန်းလျှက်ရှိသည်။

သဘောတူညီချက်သည် အောက်ပါ အုပ်ချုပ်မှုဆိုင်ရာ ဥပဒေဆုံးဖြတ်ချက်များအပေါ် ဩဇာလွှမ်းမိုးမှု ရှိခဲ့သည်- ဘေကာ ဗီ ကနေဒါ (နိုင်ငံသားနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန) အိန္ဒိယ အိန္ဒိယနိုင်ငံတွင် ကလေးလုပ်သားများနှင့် ပတ်သတ်၍ ပိတ်ပင်တားဖြစ်ချက်များ အတိအလင်းမရှိပေ။ “အန္တရာယ်ရှိသည်”ဟု ယုံကြည် ယူဆရသော စက်ရုံလုပ်ငန်းများမှအပ စက်ရုံလုပ်ငန်းအများစုတွင် ကလေးလုပ်သားထားရှိမှုကို ယေဘုယျအားဖြင့် ခွင့်ပြုထားသည်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် ကလေးလုပ်သားများအား ဟိုတယ်များ၊ စားသောက်ဆိုင်များ၊နှင့် အိမ်တွင်းလုပ်သားများအဖြစ် ခိုင်းစေခြင်းကို တားမြစ်ထားသော်လည်း အိမ်များတွင် အကူအဖြစ် ငှားရမ်းလိုမှုမှာ ဆက်လက်မြင့်မားဆဲဖြစ်သည်။ ကလေးသူငယ်အခွင့်အရေး လှုပ်ရှားသူများက အသက် ၁၃ နှစ်အောက် ကလေးလုပ်သားဦးရေကို သန်း ၆၀ ကျော်ခန့် ခန့်မှန်းထားရာ အစိုးရအဖွဲ့၏ ရှေးရိုးစွဲများက လောလောဆယ် ခန့်မှန့်ထားသော ကလေးလုပ်သားဦးရေ ၁၂ သန်းထက် အလွန်မြင့်မားနေသည်။ စီးပွားရေး အောင်မြင်မှုရရှိနေပြီး အဏုမြူ မိသားစုသည် ကျယ်ပြန့်လာသည့်အတွက် ပြဿနာကို ရည်ညွှန်းဖော်ထုတ်မှု အနည်းငယ်သာ ရှိခဲ့သည်။ ထို့ကြောင့် ကလေးအလုပ်သမားများ လိုအပ်မှုသည် ကြီးထွားလာနေသည်။ ယူနီဆက်၏ ကမကထပြုမှု၊ အူဒီရှာ၏ ဘဏ္ဍာရေးထောက်ပံ့မှုတို့ဖြင့် အိန္ဒိယအစိုးရ၏ ဦးဆောင်မှုသည် ကလေးသူငယ်စောင့်ရှောက်မှု ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောက်ကြောင်းများကို သတ်မှတ်သည်။

အီရန်[ပြင်ဆင်ရန်]

အီရန် အစ္စလမ် သမ္မတနိုင်ငံသည် ကလေးသူငယ် အခွင့်အရေး သဘောတူစာချုပ်၏ အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် နိုင်ငံခြား အစိုးရများက အီရန်နိုင်ငံသည် ပြစ်မှုကျူးလွန်သော ကလေးများကို ကွပ်မျက်သည့်အတွက် သဘောတူစာချုပ်ကို ချိုးဖောက်သည်ဟု ရှုတ်ချလေ့ရှိသည်။

အိုင်ယာလန်[ပြင်ဆင်ရန်]

အိုင်ယာလန် သမ္မတနိုင်ငံသည် ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်တွင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး တရားဝင် အတည်ပြုခဲ့သည်။၁၉၉၈ ခုနှစ် ဂျီနီဖာ ကမ္ဘာ့ကုလ သမဂ္ဂ ကလေးသူငယ် အခွင့်အရေးကော်မတီ၏ ပြန်လည်သုံးသပ်ချက်ကို ဝေဖန်ဖော်ပြတုံ့ပြန်သောအားဖြင့် အိုင်ယာလန်နိုင်ငံသည် ကလေးများအတွက် စုံစမ်းလေ့လာ အရေးယူဆောင်ရွက်ပေးရန် သမာဓိခုံရုံးကို တည်ထောင်ခဲ့ပြီး နိုင်ငံတော် ကလေးများဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကော်မတီက အိုင်ယာလန် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံတော်ကို သာမန်ထက် အလွန် ထူးခြားသော ဖြစ်ရပ်များမှတပါး ညှင်းပန်းနှိပ်စက်သည့် ကိစ္စများကို ကြားဝင် နှောက်ယှက်ခွင့် မပြုဟု ၎င်း၏ စိုးရိမ်မှုကို ဖော်ပြခဲ့သည်။ အိုင်ယာလန်အစိုးရက ကလေးသူငယ် အခွင့်အရေးအတွက် အာမခံချက်ထားရန် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ကတိပြုသည်။

နယူးဇီလန်[ပြင်ဆင်ရန်]

၁၉၉၃ ခုနှစ် ဧပြီလ ၆ ရက်တွင် နယူးဇီလန် နိုင်ငံက ၎င်းတွင်ရှိရမည့် အာဏာပိုင်များ၏ သဘောသဘာဝအရ လူနှစ်ဦးကြား ခွဲခြားသိရှိခွင့်၊ စီးပွားရေး ခေါင်းပုံဖြတ်မှုအပေါ် ပြဋ္ဌာန်းထားသော ဥပဒေအရ အရေးယူဆောင်ရွက်မှု ချွင်းချက်များဖြင့် အတည်ပြုခဲ့သည်။ အငြင်းပွားစရာမှာ ၎င်းကို လူငယ် ပြစ်မှုကျူးလွန်သူများနှင့် လူကြီး ပြစ်မှုကျူးလွန်သူများ ခွဲခြားထားမှု အချက်များနှင့် တည်ဆဲဥပဒေက ပြည့်စုံလုံလောက်စွာ ကာကွယ်ထားခြင်းပင် ဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် အယူခံတရားရုံက လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးနှင့် ၎င်း၏ဌာနသည် သဘောတူစာချုပ်ကို လွတ်လပ်စွာ လျစ်လျူခွင့် ရှိသည်ဟူသော ယူဆချက်ကို ဖယ်ရှားခဲ့သည်။ အငြင်းပွားသည့် အချက်မှာ နိုင်ငံ၏ သစ္စာစောင့်သိမှုသည် တစ်ပိုင်းတစ်စအားဖြင့် မိမိအရည်အသွေးကို အထင်ကြီးအောင် ထုတ်ဖော်ပြသခြင်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် မေလတွင် နယူးဇီလန်နိုင်ငံသည် ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက် ဥပဒေ(အစားထိုးကဏ္ဍ ၅၉) ကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ၎င်းသည် အမှားပြင်ဆင်ချက်၏ ရည်ရွယ်ချက်အပေါ် “ကျိုးကြောင်းဆီလျော်သော အင်အားစုများ” ၏ ခုခံချေပချက်ကို ဖယ်ရှားခဲ့သည်။ ၎င်း၏ တတိယနှင့် နောက်ဆုံး မဲရွေးချယ်ပွဲတွင် ပါလီမန်က ၁၁၃ မဲ ရှစ်မဲဖြင့် ဥပဒေကို ထောက်ခံခဲ့သည်။

ဆော်ဒီအာရေဗျ[ပြင်ဆင်ရန်]

၁၉၉၆ ခုနှစ်တွင် ဆော်ဒီအာရေဗျ နိုင်ငံသည် အစ္စလမ်ဥပဒေပါ အချက်များနှင့် ပဋိပက္ခဖြစ်သော အချက်များအားလုံးနှင့်ပတ်သက်သော ချွင်းချက်ဖြင့် သဘောတူစာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ထို့ပြင် သဘောတူစာချုပ်သည် ပြည်တွင်း ဥပဒေများ၏ တရားဝင်ဖြစ်စေခြင်း အကြောင်းရင်း ဖြစ်သည်ဟု ယူဆခဲ့သည်။ ကလေးသူငယ်များ အခွင့်အရေး ကော်မတီက ၂၀၀၅ ခုနှစ် ဇန်နဝါရီလတွင် သဘောတူ စာချုပ်အရ ဆောဒီအာရေဗျနိုင်ငံ၏ ကလေးများအား ပြုမူဆက်ဆံပုံကို ပြန်လည် သုံးသပ်ခဲ့ပြီး ပြစ်မှု ကျူးလွန်သော လူငယ်များအပေါ် သေစားသေစေရန် အပြစ်ဒဏ် စီရင်ချက်ချခြင်းကို အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့သည်။ ၎င်းကို “အခြေခံအခွင့်အရေးများကို ပြင်းပြင်ထန်ထန် ချိုးဖောက်ခြင်း” ဟု ခေါ်ဆိုသည်။ ဤအချက်ကို မိမိဘာသာ ဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိသော တရားသူကြီးများအား လူငယ်များကို လူကြီးများကဲ့သို့ သဘောထား ပြူမူဆက်ဆံခြင်း ရပ်တန့်စေရန် အလေးအနက် တပ်လှန့် နှိုးဆော်လိုက်ခြင်း ဖြစ်သည်။ ဆော်ဒီအာရေဗျ နိုင်ငံ၏ ၂၀၀၄ ခုနှစ် အစီရင်ခံစာတွင် ၎င်းသည် အသက် ၁၈နှစ်အောက်ရှိသူများကို သေဒဏ် ချမှတ်ခြင်းမရှိဟု ဖော်ပြသည်။ ရာဇဝတ်မှု ကျူးလွန်သည့်ကာလ သို့ဟုတ် သေဒဏ်ချမှတ်ရန် အချိန်သတ်မှတ်ထားသော ကာလရှိအသက်ကို ပမာဏမပြုဘဲ ပြစ်မှုကျူးလွန်သူသည် ၎င်း၏ ဥပဒေအရ အရွယ်ရောက်သည့်အချိန်တွင်မှ သေစားသေစေရန် အပြစ်ဒဏ်စီရင်မှု ပြုလုပ်နိုင်ကြောင်း အစိုးရကိုယ်စားလှယ်အဖွဲ့က နောက်ပိုင်းတွင် သဘောတူညီခဲ့သည်။

ယူနိုက်တက် ကင်းဒန်း(မ်)[ပြင်ဆင်ရန်]

၁၉၉၁ ခုနှစ် ဒီဇင်ဘာလက် ၁၆ ရက်တွင် ယူနိုက်တက် ကင်းဒန်း(မ်)က သဘောတူစာချုပ်ကို များစွာသော ချွင်းချက်များ၊ ကြေညာချက်များနှင့် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးကလေးသူငယ်များ အခွင့်အရေး ကော်မတီသို့ ၎င်း၏ ပထမအစီရင်ခံစာကို ၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းခဲ့သည်။ ကော်မတီက တင်သွင်းသော အရေးကိစ္စများတွင် ဆင်းရဲမွဲတေမှုနှင့် မညီမျှမှုများတွင် ကြီးပြင်းလာခြင်း၊ ကလေးများအပေါ် အကြမ်းဖက်မှုများ ကျယ်ပြန့်လာခြင်း၊ ပြစ်မှုကျူးလွန်သူ လူငယ်များအား ထိန်းသိမ်းစောင့်ရှောက်မှုပြူပုံ၊ ငယ်ရွယ်သူများအတွက် ပြစ်မှုဆိုင်ရာ တာဝန်ရှိမှုနှင့် ကလေးနှင့် လူငယ်များ၏ ရှုထောင့်အမြင်များ ဖော်ပြရမှု အခွင့်အရေး နည်းပါးခြင်းတို့ ပါဝင်သည်။၂၀၀၂ ခုနှစ် ကော်မတီ၏ အစီရင်ခံစာတွင်လည်း အထက်က အစီရင်ခံစာနှင့် အကြောင်းအရာ တူညီပြီး ကလေးများ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေ ကောင်းမွန်မှု မရှိခြင်း၊ ခိုကိုးရာရှာဖွေနေသော သူများအပေါ် ဆက်ဆံပုံ မညီမျှခြင်း၊ ကလေးသူငယ် အခွင့်အရေးအပေါ် ဆင်းရချို့တဲ့မှု ဆိုးကျိုးသက်ရောက်ခြင်းများ ပါဝင်သည်။ ဤအကြောင်းများကြောင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် UK အစိုးရသည် ၎င်း၏ ချွင်းချက်များကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ပြီး သဘောတူစာချူပ်ကို သဘောတူခဲ့သည်။

ကော်မတီက ‘ကလေးများ၏ ဂုဏ်သိက္ခာကို လွန်မင်းစွာ ချိုးဖောက်မှု’ဟု ဖော်ပြသည့် ကလေးများကို မိဘများက ‘ကျိုးကြောင်းဆီလျော်သော ပြစ်ဒဏ်ပေးခြင်း’ အပေါ် ၂၀၀၂ အစီအရင်ခံစာ၏ တရားဝင် ချေပ ဝေဖန်ချက်ကိုUK အစိုးရက ပယ်ချခဲ့သည်။ ကလေးများ၊ လူငယ်လူရွယ်များနှင့် မိသားစုများ ဆိုင်ရာ သံတမန်က အနည်းငယ်သော မိဘများသည် စည်းကမ်းပုံစံတစ်ခုအဖြစ် လက်ဝါးဖြင့် ရိုက်ခြင်းကို အသုံးပြုသော်လည်း အများစုက တားမြစ်ချက်ကို ထောက်ခံခြင်းမပြုဟု ထင်မြင်ချက်ပေးခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး သဘောတူစာချုပ်၏ အခြေခံ အဓိပ္ပါယ် ဖော်ဆိုမှုကို လိုက်နာ ကျင့်သုံးမှုအတွက် ၎င်း၏လုပ်ငန်းစဉ်အပေါ် မိသားစု ပညာရေး ယုံကြည်ချက် အဖွဲ့က ပါလီမန်ဆိုင်ရာ လူ့အခွင့်အရေး ပူးတွဲကော်မတီ၏ အထောက်အထားအရ ကလေးသူငယ် အခွင့်အရေးကော်မတီကို ဝေဖန်ခဲ့သည်။ပူးတွဲကော်မတီ၏ အစီရင်ခံစာက ကုလသမဂ္ဂ ကလေးများအခွင့်အရေး ကော်မတီ၏ ကလေးများအား ရုပ်ပိုင်းဆိုင်ရာ နာကျင်စေသော အပြစ်ဒဏ်ပေးခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ကျိုးကြောင်းဆီလျော်သော အပြစ်ပေးမှုအပေါ် သဟဇာတမဖြစ်သော ချေပချက်တို့ကိုလည်းကောင်း၊ သဘောတူစာချုပ်၏ တာဝန်ဝတ္တရားအရ ထောက်ခံပေးမှုတို့ကို အကောင်အထည်ဖော်ပေးရန် အစိုးရအတွက် အချိန်ကျရောက်လာပြီဟု ထောက်ခံခဲ့သည်။UK အစိုးရက ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်ပေးမှုကို အသုံးပြုခြင်းသည် မိဘတစ်ဦးစီ၏ ဆုံးဖြတ်ရန် ပြဿနာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စုသည် သဘောတူညီချက် စာချုပ်မူကြမ်းရေးဆွဲရာ၌ တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် တရားဝင် အတည်ပြုခြင်း မရှိပေ ဆိုမာလီနိုင်ငံနှင့်အတူ သဘောတူညီချက်ကို ကမ္ဘာပေါ်တွင် အတည်မပြုသော နှစ်ခုတည်းသော နိုင်ငံနှစ်ခုအနက်မှ တစ်ခုဖြစ်သည်။သဘောတူစာချုပ်ကို ဆန့်ကျင်မှုသည် နိုင်ငံရေးနှင့် ဘာသာရေး ရှေးကျသူများထံမှ စိမ့်ဝင်သည်ဟု ဖော်ပြသည်။ ဥပမာအားဖြင့် အမွေအနှစ် ဖောင်ဒေးရှင်းက ပြည်တွင်း ပေါ်လစီအပေါ် ချုပ်ကိုင်မှုကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်သည်။

အခြားသော အဖွဲ့အစည်းများကလည်း ဆန့်ကျင်ကြသည်။ ဥပမာအားဖြင့် CRC သည် အိမ်တွင်းပညာသင်ခြင်းကို ခြိမ်းခြောက်နေသည်ဟု ငြင်းချက်ထုတ်သောအိမ်တွင်းပညာသင်ကြားရေးဆိုင်ရာ တရားဝင် ကာကွယ်မှု အဖွဲ့အစည်း (HSLDA)နှင့် သဘောတူစာချုပ်သည် အမေရိကန် ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်းကြီး ၆ ပါ အမြင့်ဆုံး ဥပဒေစာပုဒ် အားဖြင့် ကလေးများနှင့် မိသားစုများဆိုင်ရာ အားလုံးသော အိမ်တွင်းဥပဒေများသည် အလိုလို ပျက်ပြယ်သွားမည်ဟု ပြောကြားသော ParentalRights.org ကဲ့သို့သော မိဘအခွင့်အရေး အုပ်စုများ ဖြစ်သည်။ ထိုသို့ ဆန့်ကျင်ခြင်းသည် မိသားစုများသို့ အသေးစိတ်စီမံအုပ်ချုပ်ရန် အခွင့်အာဏာကို ပြည်နယ် အစိုးရအရာရှိများအား ပေးအပ်ပြီး ကလေး၏ စိတ်အဝင်စားဆုံးအရာများ စံနှုန်းထားသည် အလွန် ပုဂ္ဂိုလ်ရေးဆန်သည့်အခါမျိုးတွင် မိဘများ၏ ဆုံးဖြတ်ချက်သည် ကလေး၏ “စိတ်အဝင်စားဆုံးအရာများ” အမှန်တကယ် ဖြစ်မဖြစ်ကို ပြန်လည်ဆန်းစစ်ခြင်းအပြင်လူနည်းစုကို မိဘများ၏ သဘောတူညီချက် မရှိဘဲ ကလေးဖျက်ချခွင့် ပေးခြင်းတို့ဖြင့် မိဘ အခွင့်အရေး ကို လျော့နည်းလာစေသည်။ သမ္မတ ဘားရတ် အိုဘာမားက သဘောတူညီချက်ကို အတည်ပြုရန် ပျက်ကွက်ခြင်းကို ကသိကအောက် ဖြစ်ရခြင်းအဖြစ် ဖော်ပြခဲ့ပြီးဤအကြောင်းအရာကို ပြန်လည်သုံးသပ်ပါမည်ဟု ကတိပေးခဲ့သည်။အမေရိကန်ပြည်ထောင်စုသည် သဘောတူညီချက် နောက်ဆက်တွဲ နှစ်ခုလုံးကို လက်မှတ်ရေးထိုးပြီး အတည်ပြုခဲ့သည်။

နောက်ဆက်တွဲ သဘောတူညီချက်များ[ပြင်ဆင်ရန်]

၂၀၀၀ ခုနှစ် မေလ ၂၅ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက မဖြစ်မနေမဟုတ်ဘဲ ရွေးချယ်ခွင့်ရှိသော သဘောတူညီချက် နှစ်ခုကို လက်ခံလိုက်သည်။ ပထမ သဘောတူညီချက်- လက်နက်ကိုင် ပဋိပက္ခတွင် ကလေးများ ပါဝင်မှု ဆိုင်ရ နောက်ဆက်တွဲ သဘောတူညီချက်- အစိုးရအနေနှင့် ယင်း၏ စစ်တပ်အတွင်းသို့ အသက် ဆယ့်ရှစ်နှစ်အောက် ကလေးများကို တပ်သားသစ်များအဖြစ် သွင်းခြင်းမပြုရန် သေချာစေရမည်။ ထို့ပြင် အစိုးရ အဖွဲ့များအား အသက် ဆယ့်ရှစ်နှစ်အောက် စစ်သားများကို စစ်ပွဲတွင် ပါဝင်ခြင်း မရှိအောင် ဖြစ်နိုင်ချေ ရှိသမျှ ဆောင်ရွက်ရမည်ဟု မေတ္တာရပ်ခံသည်။ နောက်ဆက်တွဲ စာချုပ်ကို ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် စာချုပ်အဖွဲ့ဝင် ၁၃၉ နိုင်ငံ ရှိသည်။ အခြား ၂၄ နိုင်ငံက လက်မှတ်ရေးထိုးခဲ့သော်လည်း ဥပဒေအဖြစ် အတည်ပြုခြင်းမရှိသေးပေ။

ဒုတိယ သဘောတူညီချက်- ကလေးများကို ရောင်းချခြင်း၊ ကလေးပြည့်တန်ဆာ၊ ကလေးညစ်ညမ်းစာပေ ဆိုင်ရာ နောက်ဆက်တွဲ သဘောတူညီချက်- ၎င်းဥပဒေအတွက် ကလေးများကို ရောင်းချခြင်း၊ ကလေးပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းနှင့် ကလေးညစ်ညမ်းစာပေစာပေများတွင် အသုံးပြုခြင်းတို့ကို တားမြစ်ရန် အစိုးရများတွင် တာဝန်ရှိသည်။ ၎င်းနောက်ဆက်တွဲစာချုပ်ကို ၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး စာချုပ်အဖွဲ့ဝင် ၁၄၂ နိုင်ငံ ရှိလာသည်။ အခြား ၂၅ နိုင်ငံက လက်မှတ်ရေးထိုးသော်လည်း ကျင့်သုံးခြင်း မရှိသေးပေ။

တတိယ နောက်ဆက်တွဲ သဘောတူညီချက်ကို ၂၀၁၀ ခုနှစ်တွင် အသေးစိတ်ပြုလုပ်ခဲ့သည်။ ယင်းစာချုပ်က ကလေးများ သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်များက အကြမ်းဖက်မှုနှင့်ဆိုင်သော ကလေးများ ရပိုင်ခွင့်အရ တစ်ဦးချင်းစီ၏ မကျေနပ်ချက်များကို ဖိုင်တွဲ၍ တရားဝင် မှတ်တမ်းတင်ခွင့် ပြုမည်ဖြစ်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ United Nations Treaty Collection. Convention on the Rights of the Child Archived 11 February 2014 at the Wayback Machine.. Retrieved 2 October 2015.
  2. Article 49.
  3. Article 47.
  4. Child Rights Information Network (2008). Convention on the Rights of the Child. Retrieved 26 November 2008.
  5. Amnesty International USA (2007). Convention on the Rights of the Child: Frequently Asked Questions. Retrieved 26 November 2008.
  6. UN convention on the rights of the child။ 16 September 2016 တွင် ပြန်စစ်ပြီး။