ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း

ဝီကီပီးဒီးယား မှ

ကလေးသူငယ် အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်း၊ သို့တည်းမဟုတ် ကလေးသူငယ် ကာဣန္ဒြေ ပျက်ပြားစေမှုသည် ကလေးသူငယ် အပေါ် မတော်မတရား ပြုမူခြင်းမျိုး အနက် တစ်မျိုးပင် ဖြစ်သည့် အရွယ်ရောက်ပြီးသူ တစ်ဦး (သို့မဟုတ်) ပို၍ အသက်ပိုကြီးမြင့်သည့် ဆယ်ကျော်သက် တစ်ဦးမှ ကလေး တစ်ဦးအပေါ် လိင်ကိစ္စဆိုင်ရာ စိတ်ဆန္ဒ ထကြွမှု အရေး အတွက် အသုံးချခြင်းဖြစ်သည်။[၁][၂] ကလေးသူငယ် အပေါ် လိင်ပိုင်းဆိုင်ရာ မတော်တရား ပြုသည့် ပုံစံမျိုးတွင် ကလေးတစ်ဦးနှင့် လိင်မှုကိစ္စတွင် ပြုမူသည့် အပြုအမူများ ပြုလုပ်ခြင်း (မေးမြန်းရယူခြင်း သို့မဟုတ် ဖိအားပေးခြင်း သို့တည်းမဟုတ် အခြားသောနည်းလမ်းများအပါအဝင် မည်သည့်နည်းလမ်းနှင့်ပင် ဖြစ်ပါစေ)၊ မသင့်လျော်သည့် အရာကို ဖွင့်ဟပြသမှုမျိုး (လိင် အင်္ဂါများ၊ အမျိုးသမီး၏ နို့သီးခေါင်းများ အစရှိသည့်)၊ ကလေးအပေါ် အယုံသွင်းလှည့်စားခြင်းကလေးအပေါ်တွင် လိင်ကိစ္စအတွက် အမြတ်ထုတ်ခြင်း[၃][၄][၅](သို့မဟုတ်) ကလေးသူငယ်တစ်ဦးကို ကလေးသူငယ် ညစ်ညမ်းရုပ်ရှင်၊စာပေ ထုတ်လုပ်မှုတွင် အသုံးချခြင်း ဖြစ်သည်။ [၁][၆][၇]

ကလေးသူငယ် အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်းသည် နေအိမ်၊ကျောင်း၊ သို့မဟုတ် အလုပ်ခွင်(ကလေးသူငယ်ကို အလုပ်သမား အဖြစ် ခိုင်းစေမှုများ ရှိသည့် နေရာမျိုး) စသည်ဖြင့် နေရာဒေသမရွေး ဖြစ်နိုင်သည်။ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုသည်လည်း ကလေးသူငယ် အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူသည့် အဓိက ပုံစံတစ်မျိုးပင်ဖြစ်သည်။ ယူနီဆက်ဖ်(UNICEF)မှ ဖော်ပြသည်မှာ ကလေးသူငယ် လက်ထပ်ထိမ်းမြားပေးခြင်းသည် "လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်းနှင့် မိန်းကလေးများအပေါ် အမြတ်ထုတ်မှုတွင် အပြန့်ပွားဆုံးပင် ဖြစ်ကောင်းဖြစ်နိုင်သည်" ဟု ဆိုသည်။ [၈] ကလေးသူငယ် အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများတွင် စိတ်ဓာတ်ကျခြင်း(depression)[၉]နောက်ပိုင်းကာလ စိတ်ကစဥ့်ကလျား ဖြစ်ပေါ်ခြင်း (post-traumatic stress disorder)[၁၀]စိတ်သောက ဖိစီးမှု(anxiety)[၁၁]ပိုမိုရှုပ်ထွေးသည့် နောက်ပိုင်းကာလ စိတ်ကစဉ့်ကလျား ဖြစ်ပေါ်ခြင်း(post-traumatic stress disorder)[၁၂]၊ ကြီးပြင်းလာသည့်အခါတွင် ထပ်မံ၍ သားကောင်အဖြစ် ပစ်မှတ်ထားခံရရန် အလားအလာ တိုးပွားလာခြင်း[၁၃]၊ နှင့် ကာယပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုသည်လည်း အခြားသော ပြဿနာတို့တွင် ပါဝင်သည်။[၁၄] မိသားစုဝင်တစ်ဦး၏ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခံရခြင်းသည် သွေးသားအချင်းချင်း စပ်ယှက်မှု ပုံစံတစ်မျိုးပင် ဖြစ်၍ ပို၍ ဆိုးရွားပြီး ကာလကြာရှည်သည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (အထူးသဖြင့် မိဘနှင့် သွေးသားစပ်ယှက်မှု ကိစ္စမျိုးတွင်) ဝေဒနာကို ခံစားရနိုင်သည်။ [၁၅]

ကမ္ဘာလုံးဆိုင်ရာ ကလေးသူငယ် အပေါ် လိင်ကိစ္စ မတော်မတရား ပြုမှုနိုင်ချေရှိသည့် အလားအလာသည် အမျိုးသမီး များအတွက် ၁၉.၇ ရာခိုင်နှုန်း နှင့် အမျိုးသားများတွင် ၇.၉ရာခိုင်နှုန်း ရှိသည်။[၁၆]အများစုသော လိင်မှု ကျူးလွန်သူများသည် သူတို့၏ သားကောင်များနှင့် ရင်းနှီး ကျွမ်းဝင်သူများ ဖြစ်နေခဲ့ကြသည်။ ခန့်မှန်းခြေအားဖြင့် ၃၀ ရာခိုင်နှုန်းသည် ကလေးသူငယ် ၏ ဆွေမျိုးများဖြစ်ပြီး ၎င်းတို့သည် ကလေးသူငယ်၏ အစ်ကိုများ၊ ဖခင်များ၊ ဦးလေးများ (သို့မဟုတ်) တစ်ဝမ်းကွဲတော်စပ်သူများ ဖြစ်လေ့ရှိကြသည်။[၁၇]၆၀ ရာခိုင်နှုန်းဝန်းကျင်သည် အခြားသော အပေါင်းအဖော်များ(မိသားစု နှင့် "မိတ်ဆွေ"တော်စပ်သူများ၊ ကလေးထိန်းများ၊ (သို့မဟုတ်) အိမ်နီးချင်းများ) ဖြစ်သည်။ ၁၀ ရာခိုင်နှုန်းသော သူများသည်သာ ရာဇဝတ်မှုတွင် ကလေးသူငယ်နှင့် လားလားမျှ မတော်စပ်သည့် သူစိမ်းများ ဖြစ်ကြသည်။[၁၈]အများစုသော ကလေးသူငယ်အပေါ် လိင်မှုဆိုင်ရာ မတရားပြုမှုများသည် အမျိုးသားများမှ ကျူးလွန်ကြသည်။ အမျိုးသမီး လိင်မှု ကျူးလွန်သူများတွင်မူ လေ့လာချက်များအရ ၁၄ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသော ပြစ်မှုများသည် ယောက်ျားကလေးများအပေါ်တွင် ကျူးလွန်ကြပြီး ၆ ရာခိုင်နှုန်းကို မိန်းကလေးများတွင် ကျူးလွန်ကြသည် ဟုဆိုသည်။[၁၈][၁၉][၂၀]

အရွယ်မရောက်သေးသည့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စွဲမက်ခြင်း(pedophile) ဆိုသည့် စကားလုံးသည် ကလေးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူသည့် လူတိုင်းကို ညွှန်းဆိုရာတွင် အလွယ်တကူ သုံးလေ့ရှိသည့် စကားလုံးဖြစ်သည်။ သို့သော် ကလေးသူငယ်အပေါ် လိင်ပြစ်မှု ကျူးလွန်သူတိုင်းသည် အကယ်၍သာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို ပြင်းပြသည့် လိင်စိတ် စွဲလန်းမှုမျိုး မရှိသရွေ့ pedophile ဟု မဆိုနိုင်ပါ။[၂၁][၂၂] ဥပဒေအရ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုသည် အရွယ်ရောက်ပြီးသူ တစ်ဦးမှ အရွယ်မရောက်သေးသူတစ်ဦးနှင့် လိင်ကိစ္စ ဆင်နွှဲခြင်း (သို့မဟုတ်) အရွယ်မရောက်သေးသူတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာကိစ္စများတွင် အသုံးချရန်အတွက် အားထုတ်ရာတွင် ရာဇဝတ်သင့်၍ အကြမ်းဖက်မှုမြောက်သည့် အချက်များကို ဖော်ပြထားသည့် ကျယ်ပြန့်သော စကားရပ် တစ်ခုအနေဖြင့် မကြာခဏ အသုံးပြုကြသည်။[၇][၂၃]အမေရိကန် အမျိုးသား စိတ်ပညာ အစည်းအရုံးမှ "ကလေးသူငယ်များသည် အရွယ်ရောက်သူများနှင့် လိင်မှုကိစ္စပြုခြင်းကို ခွင့်မပြုစေရ"ဟု ထုတ်ပြန်ပြီး ထိုကဲ့သို့ ကျူးလွန်သည့် အရွယ်ရောက်ပြီးသူ ပုဂ္ဂိုလ်ကိုလည်း ရှုတ်ချမှုပြုသည်။ "ကလေးသူငယ် နှင့် ဤသို့လျှင် လိင်ကိစ္စပြုသည့် အရွယ်ရောက်ပြီးသူတစ်ဦးသည် ရာဇဝတ်သင့်ပြီး စာရိတ္တရှုထောင့်အရ မည်သည့်အခါ လျော်ကန်ခြင်း မရှိခြင်း၊သို့မဟုတ် လူ့အသိုင်းအဝန်းမှ လက်ခံခြင်းမပြုနိုင်သည့် အပြုအမူကို ကျူးလွန်နေခြင်းဖြစ်သည်"[၂၄]

အကျိုးဆက်များ[ပြင်ဆင်ရန်]

စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ[ပြင်ဆင်ရန်]

ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ကျူးလွန်မှုသည် အချိန်တိုကာလတွင် ထိခိုက်သည် သာမက ရေရှည်တွင်လည်း နောက်ပိုင်းနှစ်များတွင် စိတ်ဖောက်ပြန်ခြင်း အပါအဝင် ဆိုးကျိုးများကို ခံစားရစေနိုင်သည်။ [၁၄][၂၅]သက်ရောက်မှုများတွင် စိတ်ဓာတ်ကျဆင်းခြင်း[၉][၂၆][၂၇] စိတ်ပူပင်သောကဖိစီးခြင်း[၁၁] အစားအသောက်စားသုံးသည့် ပုံစံမမှန်ခြင်း,[၂၈]မိမိကိုယ်ကို ယုံကြည်မှု အားနည်းခြင်း၊[၂၈]စိတ် နှင့် ကိုယ် မကပ်ခြင်း[၂၇] အိပ်စက်ရာတွင် အနှောင့်အယှက်ကြုံခြင်း[၂၉][၃၀]နှင့် ပုံမှန် ဝေဖန် ပိုင်းခြားနိုင်မှု မရှိခြင်း (dissociative identity disorder)နှင့် စိတ်ဖိစီးမှု (anxiety disorder) တို့ ပါဝင်သည်။ [၁၀][၃၁]ကလေးသူငယ်များ အနေဖြင့် ၎င်းတို့ အရွယ်တွင် မပြုတော့သည့် အပြုအမူများဖြစ်သော လက်မစုပ်ခြင်း သို့မဟုတ် အိပ်ယာတွင် သေးပါခြင်း တို့ကို ပြုလုပ်နေမိမည် ဖြစ်သော်လည်း လိင်မှု ဆိုင်ရာ မတော်မတရားပြုမှု၏ အသိသာဆုံး နိမိတ်မှာ လိင်မှုဆိုင်ရာ ပြန်လည်သရုပ်ဖော်ကြည့်ခြင်း နှင့် မလျော်ကန်သည့် လိင်ပိုင်းဆိုင်ရာ ဗဟုသုတနှင့် စိတ်ဝင်စားမှု ရှိလာခြင်း တို့ဖြစ်လေသည်။[၃၂][၃၃] သူ/သူမသည် ကျောင်းနှင့် လူမှုအသိုင်းအဝန်း လှုပ်ရှားမှု များမှ စွန့်ခွါခြင်း ပြုကောင်းပြုပေလိမ့်မည်။[၃၂] ထို့ပြင် များပြားသော သင်ကြားရေးနှင့် အပြုအမူဆိုင်ရာ ပြဿနာများ ( တိရစ္ဆာန်များ အပေါ် ကြမ်းကြုတ်စွာ ပြုမူခြင်း[၃၄][၃၅][၃၆][၃၇] အာရုံစူးစိုက်နိုင်မှု လျော့ကျခြင်း(Attention deficit hyperactivity disorder,ADHD)၊ကိုယ်တိုင်ကိုယ်ကျ ပြုမူနိုင်မှု မရှိတော့ခြင်း (conduct disorder) နှင့် တစ်ပါးသူ အပေါ် ရန်လိုခြင်း(oppositional defiant disorder,ODD)) စသော ပြဿနာများကို ကြုံတွေ့လာနိုင်လေသည်။[၂၈] ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းနှင့် အခြားသော အန္တရာယ်ရှိသည့် လိင်မှုဆိုင်ရာ အပြုအမူများသည်လည်း အရွယ်ရောက်သောအခါ ပေါ်ပေါက်လာနိုင်သည်။[၃၈] ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ကျူးလွန်ခံရသည့် ကိစ္စတိုင်းတွင် တင်ပြချက်အရ ၎င်းတို့အပေါ် ရာဇဝတ်ကျူးလွန်မှုသည် မိမိကိုယ်ကို အနာတရဖြစ်စေသည့် ထိခိုက်မှု အဖြစ်များထက် ၄ဆနီးနီး ရှိသည်။[၃၉]

အမေရိကန် အမျိုးသား ဆေးဝါးအလွဲသုံးမှုဆိုင်ရာ တက္ကသိုလ်မှ ထောက်ပံ့ပေးထားသည့် လေ့လာချက်တစ်ခုတွင် တွေ့ရှိရသည်မှာ "၁,၄၀၀ ထက်ပိုမိုသော အမျိုးသမီး အရွယ်ရောက်ပြီးသူတို့တွင် ကလေးသူငယ်ဘဝ၌ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခံရခြင်းသည် ဆေးဝါးအပေါ် အားထားလာမှု၊ အရက်သေစာသောက်စားလာမှု၊ နှင့် စိတ်ဖောက်ပြန်ခြင်း တို့ ဖြစ်လာနိုင်ချေဖြင့် ယှဉ်တွဲဖော်ပြထားသည်။ ထိုသို့ တွဲဖက်ဖော်ပြထားရာတွင် မညီမျှသည့် အချိုးကိန်းများဖြင့် ဖော်ပြထားသည်။ ဥပမာအဖြစ် လိင်အင်္ဂါဖြင့် လိင်ကိစ္စ မတော်မတရားပြုမူခြင်း မခံရသည့် အမျိုးသမီးများသည် ဆေးဝါးအပေါ် မှီခိုအားထားမှုကို ခံစားရရန် ၎င်းတို့ကဲ့သို့ မတော်မတရားပြုခြင်း မခံရသည့် အမျိုးသမီးများထက် စာလျှင် ၂.၈၃ ဆမျှ ဖြစ်နိုင်ချေရှိသည်။[၄၀]

သေချာစွာ ရေးသားပြုစုထားပြီးဖြစ်သော ကာလကြာရှည် ဆိုးကျိုးများသည်လည်း ထပ်မံဖြစ်ပွားနိုင်ရုံသာမက သားကောင်အဖြစ် ပစ်မှတ်ထားတိုက်ခိုက်ခံရမှုသည်လည်း ဆယ်ကျော်သက် နှင့် လူငယ်အရွယ်တွင် ထပ်မံဖြစ်ပွားနိုင်သည်။[၁၃][၄၁] ကလေးသူငယ်ဘဝတွင် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခြင်း ခံရမှု နှင့် အမျိုးမျိုးသော လူငယ် စိတ်ဝေဒနာရောဂါများ ဖြစ်သည့် ရာဇဝတ်မှုကျူးလွန်ခြင်း နှင့် မိမိကိုယ်ကို သတ်သေခြင်းတို့ အပြင်[၁၈][၄၂][၄၃][၄၄][၄၅][၄၆]အရက်သေစာသောက်စားခြင်း နှင့် ဆေးဝါး အလွဲသုံးမှုတို့နှင့်လည်း အမှတ်မထင် ဆက်နွှယ်နေသည်ကို တွေ့ရသည်။[၄၀][၄၁][၄၇] ကလေးဘဝတွင် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခံခဲ့ရသူများသည် စိတ်ရောဂါ ဆေးကုသမှုစနစ်များထက်စာလျှင် ရာဇဝတ်မှုဆိုင်ရာ တရားရေး စနစ်များတွင်သာ မကြာခဏလိုလို ပြန်လည် ပေါ်ပေါက်လာကြသည်။[၃၂] အမျိုးသမီးများအပေါ် လေ့လာချက်တစ်ခုအရလည်း သက်လတ်ပိုင်းအရွယ် အမျိုးသမီးများတွင် ကလေးဘဝက ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခြင်းခံရသူများသည် ၎င်းတို့နှင့် ဆန့်ကျင်ဖက် အမျိုးသမီးများထက်စာလျှင် ဆေးဝါးကုသမှု စရိတ် သိသိသာသာ ပိုမိုမြင့်မားသည်ကို တွေ့ရသည်။[၂၇][၄၈] မျိုးရိုးလိုက်သည့် ဆိုးကျိုးများကိုလည်း ထိုကဲ့သို့ ခံစားရသည့် ပုဂ္ဂိုလ်၏ သားသမီးများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရာတွင် ပြဿနာများ ကြုံတွေ့ခြင်း၊ ပေါင်းသင်းဆက်ဆံရေး ပြဿနာများ နှင့် စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများ ကြုံတွေ့ရခြင်း တို့ကို သူတို့နှင့် သက်တူရွယ်တူများထက် စာလျှင် ပိုမိုကြုံတွေ့ရသည်ကို ထောက်၍ မှတ်သားသိရှိရသည်။[၄၉]

ထိုသို့ လက္ခဏာရပ်များ ဖြစ်လေ့ရှိသည့် ပုံစံတစ်ခုကိုမူ တိကျစွာ မသတ်မှတ်နိင်သေးပါ။[၅၀] ထို့ပြင် ထိုသို့ ဝေဒနာလက္ခဏာရပ်များအကြား ဆက်စပ်နေပုံများနှင့် စပ်လျဉ်း၍လည်း အဆိုပြုချက်များစွာ ရှိနေသည်။[၉][၅၁][၅၂]

လေ့လာချက်များအရ ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရသည့် ကလေးသူငယ်များတွင် ၅၁ ရာခိုင်နှုန်းမှ ၇၉ ရာခိုင်နှုန်းသည် စိတ်ဝေဒနာ လက္ခဏာများ ပေါ်ပေါက်သည်ကို တွေ့ရှိရသည်။[၄၄][၅၃][၅၄][၅၅][၅၆]အကယ်၍ ထိုသို့ ပြစ်မှုကျူးလွန်သူသည် ဆွေမျိုးတစ်ယောက်ဖြစ်နေခဲ့လျှင်၊ မတော်မတရားပြုကျင့်မှုတွင် လိင်ဆက်ဆံမှု ပြုလျှင် (သို့မဟုတ်) လိင်ဆက်ဆံရန် အားထုတ်မှုပြုလျှင်၊ (သို့မဟုတ်) ခြိမ်းချောက်မှုများ (သို့မဟုတ်) လက်ရောက်မှုပြုခဲ့လျှင် ကလေးသူငယ်အပေါ် ထိခိုက်နိုင်မှုသည် ပိုမိုမြင့်မားသည်။[၅၇]ထိခိုက်မှုအဆင့်သည်လည်း ထိုးသွင်းဆက်ဆံမှု ပြုသည် မပြုသည်၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုသည့် ကြာချိန်နှင့် ပြုလုပ်သည့် အကြိမ်ရေ၊ လက်ရောက်မှုပြုခြင်း စသည့် အချက်များပေါ် မူတည်၍ သက်ရောက်မှုရှိသည်။[၁၄][၂၅][၅၈][၅၉][၅၉][၆၀]သို့ရာတွင် မိသားစုပတ်ဝန်းကျင်သည် ကလေးအပေါ် စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှု၊ အားပေးမှုများကိုစွမ်းနိုင်သည့် ပတ်ဝန်းကျင်မျိုး ဖြစ်လျှင် ဆန့်ကျင်ဖက် ဆိုးကျိုးများသည် ပိုမိုလျော့နည်းရန် ဖြစ်ကောင်းဖြစ်နိုင်သည်။[၆၁][၆၂]

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Child Sexual AbuseMedline Plus။ U.S. National Library of Medicine (2008-04-02)။
  2. "Guidelines for psychological evaluations in child protection matters. Committee on Professional Practice and Standards, APA Board of Professional Affairs" (August 1999). The American Psychologist 54 (8): 586–593. doi:10.1037/0003-066X.54.8.586. PMID 10453704. “Abuse, sexual (child): generally defined as contacts between a child and an adult or other person significantly older or in a position of power or control over the child, where the child is being used for sexual stimulation of the adult or other person.” 
  3. "The NSPCC’s Protect & Respect child sexual exploitation programme: a discussion of the key findings from programme implementation and service use" (2019). London: NSPCC. Retrieved on 29 March 2019.  Archived 29 March 2019 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 29 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2019 တွင် ပြန်စစ်ပြီး။ မော်ကွန်းတင်ပြီးမိတ္တူ။ 29 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2019 တွင် ပြန်စစ်ပြီး။
  4. "Evaluation of the NSPCC’s Protect & Respect child sexual exploitation one-to-one work" (March 2019). London: NSPCC. Retrieved on 29 March 2019. 
  5. "Evaluation of the NSPCC’s Protect & Respect Child Sexual Exploitation Group Work Servic" (March 2019). London: NSPCC. Retrieved on 29 March 2019. 
  6. "Asking about child sexual abuse: methodological implications of a two stage survey" (1993). Child Abuse & Neglect 17 (3): 383–92. doi:10.1016/0145-2134(93)90061-9. PMID 8330225. 
  7. ၇.၀ ၇.၁ What is sexual abuse?NSPCC။ 12 January 2016 တွင် ပြန်စစ်ပြီး။
  8. UNICEF။ 10 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2019 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ ၉.၂ "The relation of child sexual abuse and depression in young women: comparisons across four ethnic groups" (February 1999). Journal of Abnormal Child Psychology 27 (1): 65–76. PMID 10197407. 
  10. ၁၀.၀ ၁၀.၁ Widom CS (August 1999). "Posttraumatic stress disorder in abused and neglected children grown up". The American Journal of Psychiatry 156 (8): 1223–1229. doi:10.1176/ajp.156.8.1223. PMID 10450264. 
  11. ၁၁.၀ ၁၁.၁ "Childhood adversities associated with major depression and/or anxiety disorders in a community sample of Ontario: issues of co-morbidity and specificity" (2003). Depression and Anxiety 17 (1): 34–42. doi:10.1002/da.10077. PMID 12577276. 
  12. "Complex PTSD in victims exposed to sexual and physical abuse: Results from the DSM-IV field trial for posttraumatic stress disorder" (1997). Journal of Traumatic Stress 10 (4): 539–55. doi:10.1002/jts.2490100403. PMID 9391940. 
  13. ၁၃.၀ ၁၃.၁ "Child Sexual Abuse and Revictimization in the Form of Adult Sexual Abuse, Adult Physical Abuse, and Adult Psychological Maltreatment" (2000). Journal of Interpersonal Violence 15 (5): 489–502. doi:10.1177/088626000015005003. 
  14. ၁၄.၀ ၁၄.၁ ၁၄.၂ "Early sexual abuse and lifetime psychopathology: a co-twin-control study" (January 2000). Psychological Medicine 30 (1): 41–52. doi:10.1017/S0033291799001373. PMID 10722174. 
  15. Courtois၊ Christine A. (1988)။ Healing the incest wound: adult survivors in therapy။ New York: Norton။ p. 208ISBN 978-0-393-31356-7
  16. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named pereda
  17. Raising Awareness About Sexual Abuse: Facts and Statistics။ 25 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2017 တွင် ပြန်စစ်ပြီး။
  18. ၁၈.၀ ၁၈.၁ ၁၈.၂ Julia Whealin (2007-05-22)။ Child Sexual Abuse။ National Center for Post Traumatic Stress Disorder, US Department of Veterans Affairs။ 2009-07-30 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  19. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Finkelhor1994
  20. "Long-term consequences of childhood sexual abuse by gender of victim" (June 2005). American Journal of Preventive Medicine 28 (5): 430–438. doi:10.1016/j.amepre.2005.01.015. PMID 15894146. 
  21. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named barbaree-seto
  22. Blaney၊ Paul H.; Millon၊ Theodore (2009)။ Oxford Textbook of Psychopathology (Oxford Series in Clinical Psychology) (2nd ed.)။ Oxford University Press, USA။ p. 528။ ISBN 978-0-19-537421-6Some cases of child molestation, especially those involving incest, are committed in the absence of any identifiable deviant erotic age preference.
  23. The Sexual Exploitation of Children Archived November 22, 2009, at the Wayback Machine., Chart 1: Definitions of Terms Associated With the Sexual Exploitation (SEC) and Commercial Sexual Exploitation of Children (CSEC) (p. 4), University of Pennsylvania Center for Youth Policy Studies, U.S. National Institute of Justice, August 2001.
  24. "APA Letter to the Honorable Rep. DeLay (R-Tx)" (သတင်းထုတ်ပြန်ချက်)။ American Psychological Association။ June 9, 1999။ October 10, 1999 တွင် မူရင်း အား မော်ကွန်းတင်ပြီး2009-03-08 တွင် ပြန်စစ်ပြီး
  25. ၂၅.၀ ၂၅.၁ "Association between self-reported childhood sexual abuse and adverse psychosocial outcomes: results from a twin study" (February 2002). Archives of General Psychiatry 59 (2): 139–145. doi:10.1001/archpsyc.59.2.139. PMID 11825135. 
  26. "A prospective investigation of major depressive disorder and comorbidity in abused and neglected children grown up" (January 2007). Archives of General Psychiatry 64 (1): 49–56. doi:10.1001/archpsyc.64.1.49. PMID 17199054 (January 3, 2007). 
  27. ၂၇.၀ ၂၇.၁ ၂၇.၂ Arnow BA (2004). "Relationships between childhood maltreatment, adult health and psychiatric outcomes, and medical utilization". The Journal of Clinical Psychiatry 65 Suppl 12: 10–15. PMID 15315472.  မော်ကွန်းတင်ပြီးမိတ္တူ။ 16 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2019 တွင် ပြန်စစ်ပြီး။
  28. ၂၈.၀ ၂၈.၁ ၂၈.၂ Walsh၊ K.; DiLillo၊ D. (2011)။ "Child sexual abuse and adolescent sexual assault and revictimization"။ in Paludi၊ Michael A. (ed.)။ The psychology of teen violence and victimization1။ Santa Barbara, CA: Praeger။ pp. 203–216။ ISBN 978-0-313-39375-4
  29. "Sleep disturbances and childhood sexual abuse" (2006). Journal of Pediatric Psychology 31 (5): 469–480. doi:10.1093/jpepsy/jsj040. PMID 15958722. 
  30. "Insomnia, nightmare frequency, and nightmare distress in victims of sexual abuse: The role of perceived social support and abuse characteristics" (2012). Journal of Interpersonal Violence 27 (9): 51827–51843. doi:10.1177/0886260511430385. PMID 22204947. 
  31. "Dissociation Often Precedes PTSD In Sexually Abused Children" (2005-08-05). Psychiatric News 40 (15). American Psychiatric Association. doi:10.1176/pn.40.15.00400034a.  မော်ကွန်းတင်ပြီးမိတ္တူ။ 3 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2019 တွင် ပြန်စစ်ပြီး။ မော်ကွန်းတင်ပြီးမိတ္တူ။ 3 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2019 တွင် ပြန်စစ်ပြီး။
  32. ၃၂.၀ ၃၂.၁ ၃၂.၂ Understanding child sexual abuse: education, prevention, and recovery. American Psychological Association Retrieved 30 October 2012
  33. Faller၊ Kathleen Coulborn (1993)။ Child Sexual Abuse: Intervention and Treatment Issues။ Diane Publishing။ p. 6။ ISBN 978-0-7881-1669-8
  34. "Cruelty to animals in normative, sexually abused, and outpatient psychiatric samples of 6- to 12-year-old children: Relations to maltreatment and exposure to domestic violence" (2003). Anthrozoös: A Multidisciplinary Journal of the Interactions of People and Animals 16 (3): 194–212. doi:10.2752/089279303786992116. 
  35. Ascione၊ Frank R. (2005)။ "Child sexual abuse"Children and Animals: Exploring the Roots of Kindness and Cruelty။ Purdue University Press။ p. 46။ ISBN 978-1-55753-383-8
  36. "Clinical characteristics related to severity of sexual abuse: A study of seriously mentally ill youth" (1995). Child Abuse & Neglect 19 (10): 1245–1254. doi:10.1016/0145-2134(95)00087-O. 
  37. "Behavior Problems in Sexually Abused Young Children" (1986). Journal of Pediatric Psychology 11 (1): 47–57. doi:10.1093/jpepsy/11.1.47. PMID 3958867. 
  38. Tyler, K.A. (2002). "Social and emotional outcomes of childhood sexual abuse: A review of recent research". Aggression and Violent Behavior 7 (6): 567–589. doi:10.1016/S1359-1789(01)00047-7. 
  39. "Revictimization and self-harm in females who experienced childhood sexual abuse: Results from a prospective study" (2003). Journal of Interpersonal Violence 18 (12): 1452–1471. doi:10.1177/0886260503258035. PMID 14678616. 
  40. ၄၀.၀ ၄၀.၁ Zickler, Patrick (April 2002). "Childhood Sex Abuse Increases Risk for Drug Dependence in Adult Women". NIDA Notes 17 (1). National Institute of Drug Abuse. doi:10.1151/v17i1CSAIRDDAW. 
  41. ၄၁.၀ ၄၁.၁ "Long-term correlates of child sexual abuse: Theory and review of the empirical literature" (1995). Applied and Preventive Psychology 4 (3): 143–166. Elsevier Ltd.. doi:10.1016/s0962-1849(05)80055-1. 
  42. "Psychology. The science of child sexual abuse" (April 2005). Science 308 (5721). doi:10.1126/science.1108066. PMID 15845837. 
  43. Dozier, M., Stovall, K.C., & Albus, K. (1999)။ "Attachment and Psychopathology in Adulthood"။ in J. Cassidy; P. Shaver (eds.)။ Handbook of Attachment။ NY: Guilford Press။ pp. 497–519။ ISBN 978-1-57230-826-8CS1 maint: multiple names: authors list (link)
  44. ၄၄.၀ ၄၄.၁ "Impact of sexual abuse on children: a review and synthesis of recent empirical studies" (January 1993). Psychological Bulletin 113 (1): 164–80. doi:10.1037/0033-2909.113.1.164. PMID 8426874.  also published in Hertzig၊ Margaret E.; Ellen A. Farber (1994)။ Annual progress in child psychiatry and child development 1994။ Psychology Press။ pp. 321–56။ ISBN 978-0-87630-744-1
  45. "Recall of childhood neglect and physical abuse as differential predictors of current psychological functioning" (July 1996). Child Abuse & Neglect 20 (7): 549–59. doi:10.1016/0145-2134(96)00043-9. PMID 8832112. 
  46. Briere J (April 1992). "Methodological issues in the study of sexual abuse effects". Journal of Consulting and Clinical Psychology 60 (2): 196–203. doi:10.1037/0022-006X.60.2.196. PMID 1592948.  Archived 11 September 2008 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 11 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 July 2019 တွင် ပြန်စစ်ပြီး။ မော်ကွန်းတင်ပြီးမိတ္တူ။ 11 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 July 2019 တွင် ပြန်စစ်ပြီး။
  47. Brown D (2000). "(Mis) representations of the long-term effects of childhood sexual abuse in the courts". Journal of Child Sexual Abuse 9 (3–4): 79–107. doi:10.1300/J070v09n03_05. PMID 17521992. 
  48. "Health care utilization and costs associated with childhood abuse" (March 2008). Journal of General Internal Medicine 23 (3): 294–9. doi:10.1007/s11606-008-0516-1. PMID 18204885. 
  49. "The effects of child sexual abuse in later family life; mental health, parenting and adjustment of offspring" (2004). Child Abuse & Neglect 28 (5): 525–545. doi:10.1016/j.chiabu.2003.07.006. PMID 15159068. 
  50. Fergusson, D.M.; Mullen, P.E. (1999)။ Childhood sexual abuse: An evidence based perspective။ Thousand Oaks, California: Sage Publications။ ISBN 978-0-7619-1136-4[စာမျက်နှာ လိုအပ်]
  51. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named pmid11015813
  52. "Sexual abuse, family environment, and psychological symptoms: on the validity of statistical control" (April 1993). Journal of Consulting and Clinical Psychology 61 (2): 284–8; discussion 289–90. doi:10.1037/0022-006X.61.2.284. PMID 8473582. 
  53. "The Impact of Child Sexual Abuse On Victims' Adjustment" (1989). Sexual Abuse: A Journal of Research and Treatment 2: 29–47. doi:10.1177/107906328900200102. 
  54. "A clinical-demographic study of sexually abused children" (1986). Child Abuse & Neglect 10 (1): 17–23. doi:10.1016/0145-2134(86)90027-X. PMID 3955424. 
  55. "Personality development following sexual abuse" (1987). Child Abuse & Neglect 11 (3): 371–83. doi:10.1016/0145-2134(87)90011-1. PMID 3676894. 
  56. "The Effects of Sexual Abuse on Children: A Multidimensional View" (1987). Journal of Interpersonal Violence 2 (4): 380–390. doi:10.1177/088626058700200404. 
  57. "Features of childhood sexual abuse and the development of psychiatric and substance use disorders" (November 2001). The British Journal of Psychiatry 179 (5): 444–9. doi:10.1192/bjp.179.5.444. PMID 11689403. 
  58. "A review of the long-term effects of child sexual abuse" (1992). Child Abuse Negl 16 (1): 101–18. doi:10.1016/0145-2134(92)90011-F. PMID 1544021. 
  59. ၅၉.၀ ၅၉.၁ "Impact of child sexual abuse: a review of the research" (January 1986). Psychological Bulletin 99 (1): 66–77. doi:10.1037/0033-2909.99.1.66. PMID 3704036. 
  60. "The 'sexually abused child': Potential mechanisms of adverse influences of such a label" (2003). Aggression and Violent Behavior 8 (6): 645–670. doi:10.1016/S1359-1789(02)00101-5. 
  61. "Factors that mediate between child sexual abuse and adult psychological outcome" (January 1995). Psychological Medicine 25 (1): 127–42. doi:10.1017/S0033291700028154. PMID 7792348. 
  62. "Resilience criteria and factors associated with resilience in sexually abused girls" (September 1995). Child Abuse & Neglect 19 (9): 1171–82. doi:10.1016/0145-2134(95)00077-L. PMID 8528822. 

ပိုမိုဖတ်ရှုလိုလျှင်[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]