မာတိကာသို့ ခုန်သွားရန်

ကလိုင်ဒိုစကုပ်

ဝီကီပီးဒီးယား မှ

ကလိုင်ဒိုစကုပ် ဆိုသည်မှာ လူကြိုက်များသော ရုပ်စုံမှန်ပြောင်းကလေးပင်ဖြစ်၏။ ကြည့်နေစဉ် မှန်ပြောင်းကို လှည့်ပေးသောအခါ၊ တစ်ခုမှတစ်ခုသို့ ပြောင်းသွားသော တောက်ပြောင်လှပသည့် ရောင်စုံ ပုံစံအမျိုးမျိုးကို တွေ့မြင်ရသည်။[] ထိုကရိယာကို ဆာဒေးဗစ်ဗရူးစတား ဆိုသူက ၁၈၁၇ ခုနှစ်တွင် တီထွင်ခဲ့လေသည်။[]

ကလိုင်ဒိုစကုပ်သည် ကစားစရာဖြစ်သော်လည်း သိပ္ပံပညာ နှင့်ယှဉ်သော ကစားစရာဟု ဆိုနိုင်ပေသည်။ အလျား ၁၂ လက်မ၊ အချင်း ၃လက်မခန့်ရှိသော ပြောင်းတစ်ခုရလျှင် ကလိုင်ဒိုစကုပ်ကို ပြုလုပ်နိုင်၏။ ထိုပြောင်းတွင် ရှည်လျားလျား ဖြတ်ထားသော ကြေးမုံ(ကြည့်မှန်)သုံးချပ်ကို အနားချင်းထိ၍ ထည့်ထားပါ။ ထိုအခါ အဆိုပါ ကြေးမုံ သုံးချပ်သည် ပြောင်းအတွင်း၌ တြိဂံပုံ (သုံးမြှောက်ပုံ) ပြောင်းသဖွယ် ရှိနေလိမ့်မည်။

ကလိုင်ဒိုစကုပ်မှ မြင်ရသော ပုံစံများ

ပြောင်းဝတစ်ဖက်တွင် အတွင်းဘက်၌ ကြည်လင်သော မှန်တစ်ချပ်၊ အပြင်ဘက်၌ အရောင်မှိန်မှိန်တစ်ချပ်ဖြင့် အကန့် ကလေးတစ်ခု လုပ်ထား၍၊ ထိုအကန့်ကလေးထဲ၌ အရွယ်အမျိုးမျိုး ပုံအမျိုးမျိုးရှိသည့် ရောင်စုံဖန်ကွဲ ဖန်စကလေးများကို ထည့်ထားသည်။ မျက်စိဖြင့် ကြည့်ရမည့်ပြောင်းဝတွင်လည်း ကြည်လင်သောမှန်တစ်ချပ် ကို တပ်ဆင်ထားသည်။ ထိုမှန်ချပ် ကို အလယ်တွင် မတ်လုံးခန့် အပေါက်ငယ်ပါသောစက္ကူဖြင့် အုပ်ထား၍ စက္ကူပေါက်မှ ကြည့်လျှင် မြင်ရပုံမှာ ပို၍ကောင်း သည်။ ကလိုင်ဒိုစကုပ်ကို လှည့်ပေးစဉ် ရောင်စုံပုံစံအမျိုးမျိုးကို မြင်ရခြင်းမှာ လှည့်လိုက်တိုင်း နေရာရွှေ့နေသော အဆိုပါ ရောင်စုံဖန်စကလေးများကို ကြေးမုံများက ထပ်တလဲလဲ ရောင်ပြန်ဟပ်ပေးခြင်းကြောင့် ဖြစ်ပေသည်။ ကလေးလောက တွင် ကစားစရာအနေဖြင့် အသိများသော ဤကရိယာကို ကော်ဇော၊ ခန်းဆီး စသည်တို့အတွက် ရောင်စုံပန်းပုံစံ ရသူများက ပန်းကွက်ပုံစံ အမျိုးမျိုးဖော်ယူရန် အသုံးချလေ့ရှိကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Brewster၊ David (1858)။ The Kaleidoscope: Its History, Theory, and Construction with its Application to the Fine and Useful Arts (2 ed.)။ J. Murray။
  2. Online Etymology Dictionary Etymonline.com။ 2010-06-26 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-05-28 တွင် ပြန်စစ်ပြီး။